ဖြေကြားချက် ၂ ခု
ပဲပုပ်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ပုံမှန်မျိုးစေ့နှုန်းထားမှာ ၁၂ ပြည် မှ ၁၆ ပြည် (၁ တင်း ခန့်) သာ လိုအပ်သဖြင့် ယခုတစ်ဧကကို ၂ တင်း ကျဲပက်ထားခြင်းသည် မျိုးစေ့ပမာဏ နှစ်ဆခန့် များပြားနေပါတယ်။ ဤသို့ မျိုးစေ့နှုန်းထား အလွန်များပြားသွားပါက အပင်များ အလွန်အမင်း ထူထပ်ကာ နေရောင်ခြည်နှင့် အာဟာရ လုယူရသဖြင့် အပင်ပိန်ရှည်ပြီး လဲကျလွယ်ခြင်း၊ ကိုင်းဖြာမှုနည်း၍ အသီးတောင့်တင်မှု လျော့နည်းခြင်း၊ လေဝင်လေထွက် မကောင်း၍ မှိုရောဂါနှင့် ဖျက်ပိုးများ ပိုမိုကျရောက်ခြင်း စသည့် အပျက်အစီးများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ယင်းပြဿနာကို ကျော်လွှားရန် အပင်ပေါက်ပြီး ရက်သတ္တပတ် ၂ ပတ်ခန့် (အပင်အမြင့် ၄-၅ လက်မ) တွင် ထူထပ်လွန်းသော အပင်ညှက်များကို နှုတ်ပယ်သည့် “အပင်မှုန်းခြင်း” စနစ်ကို မဖြစ်မနေ ဆောင်ရွက်ပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို ခုတ်ဖုံးကျဲလိုရလား
ဖြေကြားချက် 5 ခု
မိုးများနေရင် ပဲပုတ်ကို ရိုးပြတ်ခုတ်ဖုန်းကျဲလို့ရလားဗျ
ဖြေကြားချက် 1 ခု
စပါးရိတ်သိမ်းပြီး ပဲပုတ်ကို သီးထပ်အနေနဲ့ စိုက်ပျိုးရင် အဆင်ပြေပါ့မလား။ပဲပုတ်(ပဲငပိ)က အပင်အလုပ်လုပ်ချိန်နဲ့အသီး...
ဖြေကြားချက် 1 ခု
ရေဆင်းပဲပုပ် ၁၁ အကြောင်းပြောပြပါ
ဖြေကြားချက် 2 ခု
ပဲပုပ်နှင့် ပဲငပိကတူတူပဲလားဗျ ဒီဆေးတေသုံးလို့ရလားဗျ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ