အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
704
လွန်ခဲ့သော ၂ ပတ် က · မအူပင်

ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေး‌‌ေကာင်တွေတွေ့လို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၆၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ရောဂါက စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကျနေတာပါ။ဒီရောဂါကာကွယ်ရန် ယူရီးယားမြေဩဇာ ကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး လယ်ကွင်းထဲတွင် ရေသွင်းရေထုတ် ပြုလုပ်ပေးပါ။ ပုံထဲတွင် တွေ့ရသော ပိုးအနီကောင်သည် ဖျက်ပိုးများကို နှိမ်နင်းပေးသည့် အကျိုးပြု 'မိတ်ဆွေပိုး' (Ladybird Beetle) ဖြစ်သဖြင့် ၎င်းတို့ကို မသေစေရန် ပြင်းထန်သော ပိုးသတ်ဆေးဖျန်းခြင်းကို ရှောင်ကြဉ်ရပါမယ်။ ရောဂါပြင်းထန်ပြီး မဖြစ်မနေ ဆေးဖျန်းရမည်ဆိုပါက စပါးပွင့်ချိန် (မနက်ပိုင်း) ကို ရှောင်ပြီး ညနေခင်းအေးချိန်တွင်သာ စပါးပင်ခြေကို ဦးတည်၍ ဖျန်းပေးနိုင်သော်လည်း စီးပွားရေးတွက်ခြေကို ချင့်ချိန်သင့်ပါတယ်။ရောဂါကျရောက်မှု ၅ ရာခိုင်နှုန်းအောက်ဆိုလျှင် ဆေးမဖျန်း လည်းရပါတယ်။ရောဂါပြင်းထန်ပြီး ၂၀ ရာခိုင်နှုန်းကျော်မှသာ ကုန်ကျစရိတ်နှင့် စပါးအထွက်နှုန်း ဆုံးရှုံးနိုင်ခြေကို နှိုင်းယှဉ်ကာ ပန်းပွင့်ချိန်ရှောင်၍ ဆေးဖျန်းရန် ဆုံးဖြတ်ပါ။အသုံးပြုရမည့်ဆေး - Oxolinic acid, Copper oxychloride, Copper hydroxide, Bismerthiazole, Kasugamycin တမျိုးမျိုး ဘက်တီးရီးယားရောဂါဖြစ်တာကြောင့် ကူးစက်မှုအရမ်းမြန်ပါတယ်၊ရိတ်သိမ်းချိန် ဝေး နေခြင်းနှင့် ရောဂါကျရောက်မှုဆိုးရွားနေပါကဆေးတစ်ကြိမ်ဖျန်းရန်တော့တိုက်တွန်းလိုပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ

ဖြေကြားချက် 3 ခု

စပါးတစ်ပင်လုံးခြောက်ပြီးအောက်ကိုပျော့ပီးကျသွားပါတယ်အဲဒါရောဂါလားပိုးလားသိချင်ပါတယ်တစ်ခင်းလုံးအရွက်တွေခြောက်ကုန်...

ဖြေကြားချက် 2 ခု

စပါးရွက်ဖျားတွေခြောက်လာတာ အကွက်လိုက်သေကုန်တာကို ဘယ်လို ကာကွယ်ကုသလို့ရမလည်းခင်ဗျာ

ဖြေကြားချက် 1 ခု

စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား P...

ဖြေကြားချက် 2 ခု

စပါးပင်မှာ အဲ့လိုအကွက်လေးတွေတွေ့လိုပါခင်ဗျာ။ဘယ်လိုပြုလုပ်သင့်ပါသလဲခင်ဗျာ။

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။