အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
164
လွန်ခဲ့သော ၁ ပတ် က · ကဝ

စပါးပင်မှာ အဲ့လိုအကွက်လေးတွေတွေ့လိုပါခင်ဗျာ။ဘယ်လိုပြုလုပ်သင့်ပါသလဲခင်ဗျာ။

ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၁ ခု

348,989 လွန်ခဲ့သော ၁ ပတ် က

စပါးရွက်ညိုပြောက်ရှည်ရောဂါကျ‌ေနတာပါ။ဒီ‌ ရောဂါသည် Sphaerulina oryzina မှိုကြောင့်ဖြစ်ပြီး စပါး မှို့ကပ်ချိန်မှ အနှံထွက်ချိန်တွင် အဖြစ်များပါတယ်။ ကာကွယ်ရန် ပုလဲမြေသြဇာလျှော့ကျွေးပြီး ပိုတက်ရှ်မြေသြဇာကို မျှတစွာထည့်ရပါမယ်။ ရောဂါလက္ခဏာ ၅% ကျော်ပါက ပရိုပီကိုနာဇိုးလ်(Propiconazole) သို့မဟုတ် တက်ဗျူကိုနာဇိုးလ်+ ထရိုင်ဖလောက်စီစထရိုဘင် (Tebuconazole + Trifloxystrobin)ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ညွှန်ကြားချက်အတိုင်း စနစ်တကျပက်ဖျန်း နှိမ်နင်းရပါမယ်။အပင်မစိပ်လွန်း မများလွန်းစေရန် သတိပြုပြီး စိုက်ခင်းကို ရေသွင်းရေထုတ် ကောင်းမွန်အောင် စီမံထားရပါမယ်။ရောဂါကျရောက်ဖူးသော လယ်ကွက်ရှိ အပင်အကြွင်းအကျန်များနှင့် ရိုးပြတ်များကို မီးရှို့ဖျက်ဆီးပါ။ လယ်ကန်သင်းဘေးရှိ ပေါင်းမြက်များနှင့် စပါးရိုင်းပင်များကို အမြဲရှင်းလင်းပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။