ဖြေကြားချက် ၁ ခု
သက်တမ်း ၇၅ ရက်ရှိပြီး ပင်ပွားမထွက်ဘဲ အပင်ထူထပ်ကာ ယိုင်လဲနေသော စပါးခင်းအတွက် မှိုဆေးဖျန်းရန် လိုအပ်ပါတယ်။ သက်တမ်း ၁၂၀ ရက်ရိတ်သိမ်းရမည့် စပါးမျိုးဖြစ်၍ ယခုအချိန်သည် စပါးနှံစတင်သန္ဓေတည်သည့် (မှို့ကပ်ချိန်) ကာလဖြစ်ပြီး၊ အပင်ထူ၍ လဲနေခြင်းကြောင့် အောက်ခြေတွင် စိုထိုင်းဆများကာ စပါးရွက်ဖုံးခြောက်ရောဂါ (Sheath Blight) နှင့် မှိုရောဂါများ သေချာပေါက် ကျရောက်နိုင်သောကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း လဲနေသည့်နေရာများကို အဖျားဖြတ်ရန် သင့်တော်သည်ဟူသော အယူအဆမှာ မမှန်ကန်ပါဘူး၊ လုံးဝမဖြတ်သင့်ပါဘူး။ မှို့ကပ်ချိန်တွင် အပေါ်ရွက်ဖျားများကို ဖြတ်လိုက်ပါက စပါးနှံဆီသို့ အာဟာရဓာတ် ပို့လွှတ်ပေးမည့် အလံရွက်များ ပျက်စီးသွားပြီး စပါးအထွက်နှုန်း သိသိသာသာ လျော့ကျသွားမည့်အပြင်၊ ဒဏ်ရာမှတစ်ဆင့် ဘက်တီးရီးယား ရွက်ခြောက်ရောဂါများပါ ထပ်မံဝင်ရောက်လာနိုင်သောကြောင့် ဖြစ်ပါတယ်။အကယ်၍ဆိုးရွားစွာယိုင်လဲနေသည့်နေရာကွက်ကြားအရိပ်ကျနေရာများမှာတော့ တောင်သူကိုယ်တိုင် အဖျားဖြတ်ချင်ပါက စမ်းသပ်ဖြတ်ပေးနိုင်ပါတယ်။မှိုသတ်ဆေးကတော့ ဟက်ဆာကိုနဇိူလ်(Hexaconazole)၊ တက်ဗျူကိုနဇိုးလ်(Tebuconazole) သို့မဟုတ် အဇိုဇီစတိုဗင် + ဒိုင်ဖီနိုကိုနာဇိုး (Azoxystrobin + Difenoconazole) စသည့် အစွမ်းရှိပစ္စည်းများ ပါဝင်သည့် မှိုသတ်ဆေးကို ရွေးချယ်ပြီး အပင်ခြေထိအရောက် စိုရွှဲစွာ ပက်ဖျန်းပေးရပါမယ်။
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းစပါး အသက်155-160ပါ မစိုက်ခင်မြေပြင်ချိန်မှာ ပိုတက်ရှ်နဲ့တီစူပါ တစ်ဝက်နှုန်းခံထားပါတယ် အပင်ပွား...
ဖြေကြားချက် 1 ခု
စပါးပင်တွေကဖီလဲနေလို့ အနှံမထွက်နိုင်မှာမို့ ရိတ်လို့ရတယ်မလား 75ရက်သားပါ ပိုတက်ကိုဘယ်ချိန်နောက်ဆုံးထားကျွေးသင့်...
ဖြေကြားချက် 2 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ဖြေကြားချက် 3 ခု
ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လို...
ဖြေကြားချက် 7 ခု
မေးပါဦးမယ်ခင်ဗျ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်တဲ့စပါးခင်းတွေမှာ စပါးသက်တမ်းတွက်ရင် ပျိုးခင်းမှာ အညှောင့်ပေါက်...
ဖြေကြားချက် 1 ခု