အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
KYAW SHANE
KYAW SHANE 147
လွန်ခဲ့သော ၁ လ က · ဖျာပုံ

ရွှေဘိုဘေးကျားလေး အသီးပြည့်ပြီး အထွက်တိုးအောင် ဘာမြေဆီကြွေးသင့်လဲခဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၈၁ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 472,397 လွန်ခဲ့သော ၁ လ က

အာမိုပိုတက်ရှ်ပါ မြေဩဇာဆိုင်တွေမှာ KCL-60%လိူ့မေးဝယ်ကြည့်ပေါ့

KYAW SHANE
KYAW SHANE 147 လွန်ခဲ့သော ၁ လ က

ပိုတတ်ဆီယမ်ဓာတ်ပါတဲ့မြေအောစာ နာမည်ပြောပြပါလားဗျ

သော်ဇင်
သော်ဇင် 472,397 လွန်ခဲ့သော ၁ လ က

ရွှေဘိုပေါ်ဆန်း (ဘေးကြား) စပါးအမျိုးအစားသည် အပင်ယိမ်းလဲလွယ်သောကြောင့် အာဟာရကို အချိန်ကိုက်ကျွေးရန် လိုအပ်ပါတယ်။ လက်ရှိစပါးသက်တမ်းမှာ (၈၁) ရက် (အနှံစသန္ဓေတည်ချိန်) ဖြစ်ပြီး မြေဩဇာမကျွေးရသေးဟု ဖော်ပြထားသဖြင့် အစေ့အဆန်တည်ရန်နှင့် အဖျင်းနည်းရန်အတွက် ပိုတက်စီယမ်ဓာတ် ပါဝင်သည့်မြေဩဇာနှင့် အလံရွက်အစာချက်လုပ်မှုကောင်းစေရန် ယူရီးယား (ပုလဲ) ကို အမြန်ဆုံးရောစပ်၍ ကြဲပက်ကျွေးရပါမယ်။ ထို့ပြင် အနှံထွက်ချိန်နှင့် ပန်းပွင့်ပြီးချိန်များတွင် ရွက်ဖျန်းမြေဩဇာ (ဥပမာ - 13-0-46 သို့မဟုတ် 0-52-34) ကို ဖျန်းပေးပါက ပိုမိုအောင်စေ့များပြီး အထွက်တိုးစေနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။