အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးကျော်ဇင်
လွန်ခဲ့သော ၄ ရက် က · ဝါးခယ်မ

ထရိုင်ဂိုဒါးမား ကို ငါးအမိုင်နို EM တို့နဲ့ရောစပ်အသုံးပြုလို့ရလား ရင်တော ဘယ်အရွယ် လောက်မှာစပြီးပတ်ဖြန်းသင့်လဲ ပြောပြပေးပါ

စိုက်ပျိုး ဗဟုသုတ ငရုတ်သီး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 394,330 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

@ဦးကျော်ဇင် ငရုတ်စိုက်ပျိုးရေးတွင် ထရိုင်ကိုဒါးမား (Trichoderma)၊ ငါးအမိုင်နို (FAA) နှင့် EM တို့ကို တစ်ပြိုင်နက်တည်း ရောစပ်မဖျန်းသင့်ပါဘူး။ ထရိုင်ကိုဒါးမားသည် အကျိုးပြုမှိုဖြစ်ပြီး၊ EM နှင့် FAA တို့တွင် ပါဝင်သော အက်စစ်ဓာတ်နှင့် ဘက်တီးရီးယားများကြောင့် မှို၏ရှင်သန်မှုကို ထိခိုက်စေနိုင်၍ ဖြစ်ပါတယ်။ ထို့အပြင် ၎င်းတို့သည် သုံးစွဲရမည့် ရည်ရွယ်ချက်လည်း ကွဲပြားပါတယ်။ အပင်ရောဂါ ကာကွယ်ရန် ထရိုင်ကိုဒါးမားကို မြေကြီးထဲသို့ သီးခြားဖျန်းပေးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားရန် ငါးအမိုင်နို (FAA)နှင့် EM ကို အရွက်ဖျန်းစနစ်ဖြင့် ၃ ရက်မှ ၅ ရက်ခန့် ခြား၍ စနစ်တကျ ခွဲခြားအသုံးပြုရပါမယ်။ စိုက်ခင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ၁ ပတ်မှ ၂ ပတ်သား အရွယ်တွင်လည်း အမြစ်စွဲအားကောင်းစေရန်နှင့် အပင်ပိုင်းဆိုင်ရာ အရှိန်အဟုန်ဖြင့် ကြီးထွားလာစေရန်အတွက် ပုံမှန် ၇ ရက် သို့မဟုတ် ၁၀ ရက် တစ်ကြိမ် နှုန်းဖြင့် ညနေခင်းအချိန်များတွင် ရောစပ်ဖျန်းပေးနိုင်ပါတယ်

ကိုစိုး
ကိုစိုး 757 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

ဖျန်းလို့ရပါတယ်။ အရွက်စထွက်ပြီး တစ်ပတ်သုံးလောက်တည်းက ပုံမှန်လေးဖြန်းပေးရင် မှိုရောဂါကင်းတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။