အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြတ်ကို
လွန်ခဲ့သော ၃ နာရီ က · သာယာဝတီ

ငရုတ်ပင်တွေသေနေလို့ဗျ ဘယ်လိုလုပ်ရမလဲဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၇ ရက်
ပိုးမွှားရောဂါ ငရုတ်သီး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 394,433 လွန်ခဲ့သော ၃ နာရီ က

@မြတ်ကို ငရုတ်ခါးရိရောဂါ (Damping-off) ကျတာပါ၊ ဒီ ရောဂါသည် Rhizoctonia မှိုပိုးကြောင့်ဖြစ်သော မြေဆောင်ရောဂါ ဖြစ်သည့်အတွက် ကုသရန် အလွန်ခက်ခဲပြီး ရေရှည်အတွက် မြေပြင်ခြင်းစနစ် ကောင်းမွန်ရန် အလွန်အရေးကြီးပါတယ်။ လက်ရှိကျရောက်မှုကို အရေးပေါ်ထိန်းချုပ်ရန် Hymexazol (သို့မဟုတ်) Fosetyl-aluminium ဆေးတစ်မျိုးမျိုးဖြင့် အပင်ခြေနှင့်မြေကြီး စိုရွှဲသွားအောင် ဦးစွာဖျန်းပေးပြီး၊ ၅ ရက်ခန့် ခြားပြီးအပင်အပေါ်ပိုင်းဆီသို့ Azoxystrobin ဆေးကို သီးသန့် ထပ်မံဖျန်းပေးရပါမယ်။ ဤရောဂါသည် မြေဆီလွှာအတွင်း အောင်းနေတတ်သဖြင့် နောင်ရာသီများတွင် မြေကိုသေချာ နေလှန်းခြင်း၊မြေချဉ်ပါက ထုံးထည့်ခြင်းနှင့် ရေနုတ်မြောင်းစနစ်ကောင်းမွန်အောင် မြေပြင်ရန် လိုအပ်ပါတယ်။ ထို့အပြင် မြေဆောင်မှိုများကို သဘာဝအတိုင်းနှိမ်နင်းရန် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှိုကို မြေပြင်ချိန်တွင် မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်ပါတယ်

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။