အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးလှိုင်
လွန်ခဲ့သော ၃ နာရီ က · ရပ်စောက်

Original effective microorganism (OEM)ကနေ Concentrate effective microorganism (CEM)ကိုဘယ်လိုဖေါ်စပ်ရသလဲဆိုတာကိုပြန်မေးလိုက်ပါတယ်။

အပင်အာဟာရ ကော်ဖီ

ဖြေကြားချက် ၂ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 325,290 လွန်ခဲ့သော ၈ မိနစ် က

၁:၁:၁၈ အချိုးနှုန်းနဲ့ ပြောင်းရပါတယ်။ မူလအီးအမ် တစ်လီတာ သကာရည် တစ်လီတာ ရေ ၁၈ လီ တာကိုရောပြီး မကြာခနမမွှေပေးပါ။ ကာဘွန်ဒိုင်အောက်ဆိုက်ရပ်သွားသည်အထိ၂၄ နာရီ ကျော်ထားပြီးရင် ပုလင်းထဲထည့်နိုင်ပါပြီ။

သော်ဇင်
သော်ဇင် 387,499 လွန်ခဲ့သော ၂ နာရီ က

@မျိုးလှိုင် အီးအမ်ပွားရည် (Concentrate Effective Microorganism - CEM) ဖော်စပ်ရန်အတွက် မူလအီးအမ်Original EM အရည် ၁ လီတာ၊ တင်လဲရည် ၁ လီတာနှင့် ကလိုရင်းမပါသော ရေသန့် ၁၈ လီတာ (အချိုးအစား ၁:၁:၁၈) တို့ လိုအပ်ပါတယ်။ ပြုလုပ်ပုံမှာ ပထမဦးစွာ ရေ ၉ လီတာထဲတွင် တင်လဲရည်ကို သမအောင် အရင်ဖျော်ပြီးနောက်၊၂၀ လီတာဆံ့ ပလတ်စတစ်ပုံးထဲသို့ လောင်းထည့်ကာမူလ EMအ ရည်နှင့် ကျန်ရှိသော ရေ ၉ လီတာကို ထပ်ဖြည့်၍ သေချာစွာ ပိတ်ရပါမယ်။ နေရောင်ခြည် တိုက်ရိုက်မကျသော အေးမြသည့်နေရာတွင် ၇ ရက်မှ ၁၀ ရက်အထိ အချဉ်ဖောက်ထားရမည်ဖြစ်ပြီး၊ ထိုအတောအတွင်း ထွက်လာသော ဂတ်စ်များကို တစ်ရက်လျှင် တစ်ကြိမ် ပုံးအဖုံးဖွင့်၍ ထုတ်ပေးရပါမယ်။ သစ်သီးချဉ်ဖတ်နံ့ကဲ့သို့ ချိုချဉ်စူးစူး အနံ့ရလာလျှင် အောင်မြင်ပြီး၊ စိုက်ပျိုးရေးတွင် ရေနှင့် ၁:၁၀၀၀ အချိုး (ရေ ၂၀ လီတာလျှင် CEM ၂၀ စီစီ) ရောစပ်ကာ အပင်ဖျန်းခြင်း၊ အပင်ခြေလောင်းခြင်းနှင့် မြေဆွေးလုပ်ငန်းများတွင် အသုံးပြုနိုင်ပါတယ်ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။