အောက်အရွက်တွေညှပ်လို့ရပီးလား တစ်လတော့ကျော်နေပါပီး ခူးတာလဲ 4ခါတော့ ရှိပီး
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၀ ရက်
@maungsoethuwin ခဝဲပင် သက်တမ်း ၁ လကျော်ရှိပြီး အသီး ၄ ကြိမ်ခူးပြီးပြီဆိုလျှင် အောက်ခြေမှ ရင့်ရော်နေသော အရွက်ဟောင်းများကို ဖယ်ရှားပေးရန် အချိန်ကိုက်ဖြစ်ပါတယ်။ အပင်အောက်ခြေရှိ အရွက်ရင့်များကို ညှပ်ပေးခြင်းဖြင့် မလိုအပ်ဘဲ အာဟာရဓာတ် လေလွင့်ဆုံးရှုံးမှုကို တားဆီးပေးနိုင်ပြီး အပေါ်ပိုင်းရှိ အညွန့်သစ်၊ အပွင့်နှင့် အသီးသစ်များဆီသို့ အာဟာရ ပိုမိုရောက်ရှိစေပါတယ်။ ထို့ပြင် အပင်ခြေကို လေဝင်လေထွက်ကောင်းမွန်စေပြီး နေရောင်ခြည် တိုက်ရိုက်ကျရောက်စေသောကြောင့် ခဝဲပင်တွင် ဖြစ်ပွားတတ်သော ဒေါင်းနီမှိုနှင့် ဖားဥမှိုကဲ့သို့ မှိုရောဂါများနှင့် ပိုးမွှားခိုအောင်းမှုအန္တရာယ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။