အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုဖြိုး
လွန်ခဲ့သော ၁ ပတ် က · မှော်ဘီ

စိုက်ပျိုးရေးဆရာဆရာမများခဗျာ ကျွဲကောပင်အပင်၂၀၀န်းကျင်လောက်ရှိပါတယ် တစ်ဝက်က ရေအစိုဓာတ်ကို ၅ရက်လောက်ထိန်းပြီး ကျန်တစ်ဝက်က ၂ရက်လောက်နဲ့ ခြောက်သွေ့သွားပါတယ် ရေကို ဘယ်လို ပေးသွင်းရမလဲဗျ ၆နှစ်ကျော်အပင်တွေပါ

စိုက်ပျိုး ရေ ကျွဲကော

ဖြေကြားချက် ၉ ခု

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@ကိုဖြိုး အသီးခူးပြီးစ အပင်ကြီးများအတွက် ဘောင်အပြည့် ရေလောင်းရာတွင် မြေဆီလွှာ အမျိုးအစားပေါ် မူတည်၍ တစ်ပင်လျှင် (မြေအစိုဓာတ် ၉ လက်မမှ ၁ ပေခန့်အထိ စိမ့်ဝင်ရုံ) လုံလောက်ပါတယ်။ ယခုအချိန်သည် အသီးတင်ချိန်မဟုတ်သဖြင့် ဘောင်ထဲတွင် ရေလျှံနေအောင် (သို့မဟုတ်) ရေဝပ်နေအောင် အလွန်အကျွံ မလောင်းသင့်ဘဲ၊ ခြောက်သွေ့လွယ်သောဘက်ကို (၅-၇) ရက်တစ်ကြိမ်နှင့် အစိုဓာတ်ထိန်းနိုင်သောဘက်ကို (၁၀-၁၂) ရက်တစ်ကြိမ်ခန့် မြေခြောက်မှသာ ဘောင်ထဲသို့ ရေဖြည့်သွင်းပေးရန် လိုအပ်ပါတယ်။ အလွန်အကျွံ ရေသွင်းမိပါက အမြစ်ပုပ်ခြင်းနှင့် မှိုရောဂါများ ဝင်ရောက်နိုင်ပါတယ်။

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၁ ပတ် က

@ကိုဖြိုး ကျွဲကောပင် စိုက်ပျိုးနည်း ဆောင်းပါးရှာဖွေပေးနိုင်တာလောက်ထိသာကျွန်တော်ဆောင်ရွက်ပေးနိုင်စွမ်းအကုန်ပါဗျ

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၁ ပတ် က

@ကိုဖြိုး ကျွဲကောပင် စိုက်ပျိုးနည်း ဆောင်းပါးရှာဖွေပေးနိုင်တာလောက်ထိသာကျွန်တော်ဆောင်ရွက်ပေးနိုင်စွမ်းအကုန်ပါဗျ

ကိုဖြိုး
ကိုဖြိုး 126 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် နှစ်ရှည်ပင်စိုက်သူများgpရှိရင်ထည့်ပေးပါလားဗျ

ကိုဖြိုး
ကိုဖြိုး 126 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် ကျေးဇူးပါဆရာ

ကိုဖြိုး
ကိုဖြိုး 126 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် @Thein Soe Min. ရေမော်တာနဲ့လောင်းပါတယ် ရေကတောင့်ဘောင်အပြည့်ဖြည့်ပါတယ် အသီးက ခူးလို့လဲကုန်ပါပြီဗျ ရေပမာဏမည်မျှလောင်းရမလဲသိချင်ပါတယ် @Thar Po

Thar Po
Thar Po အတည်ပြုပြီး 36,048 လွန်ခဲ့သော ၁ ပတ် က

ရေသွင်းစနစ်ထက်၊အစိုဓာတ်ကြာရှည်စွာ ထိန်းနိုင်အောင်၊ မြေပြုပြင်ပေးပါ။သဘာဝမြေဆွေး+ဟူးမစ်အက်ဆစ်ထည့်ပါ။ကောက်ရိုး၊မြက်ခြောက်အုပ်ပေးပါ။ အဓိက၊က အယ်နီညိူ အပူရှိန်ကို မဖြစ်မနေကာကွယ်ပေးဖို့လိုပါတယ်။အရိပ် လုပ်ပေးနိုင်ရင်ကောင်းပါမယ်။

သော်ဇင်
သော်ဇင် 452,472 လွန်ခဲ့သော ၁ ပတ် က

@ကိုဖြိုး အသက် ၆ နှစ်ကျော် ကျွဲကောပင် ၂၀၀ ခန့်တွင် တစ်ဖက်က ၅ ရက်၊ တစ်ဖက်က ၂ ရက်နှင့် ခြောက်သွေ့ရခြင်းမှာ မြေအမျိုးအစား ကွာခြားခြင်း သို့မဟုတ် မြေမျက်နှာပြင် မညီညာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန် ခြောက်သွေ့မှုမြန်သောဘက်ကို ၂-၃ ရက်တစ်ကြိမ် ခပ်စိတ်စိတ်လောင်းပြီး၊ အစိုဓာတ်ထိန်းနိုင်သောဘက်ကို ၅-၇ ရက်တစ်ကြိမ် မြေအောက် ၂ လက်မခန့်အထိ စမ်းသပ်တူးဆွ စစ်ဆေးပြီးမှ ရေမျှလောင်းပေးသင့်ပါတယ်။ ထို့အပြင် ရေငွေ့ပျံခြင်းကို တားဆီးရန် အပင်ခြေတွင် ကောက်ရိုး သို့မဟုတ် မြက်ခြောက်ကို ၃ လက်မခန့် အုပ်ပေးခြင်း (Mulching) ဖြင့် ရေလောင်းရသည့်အကြိမ်ရေကို လျှော့ချနိုင်ပြီး၊ အသီးမခူးမီ ၇-၁၀ ရက်အလိုတွင် ရေလုံးဝဖြတ်ပေးခြင်းဖြင့် အသီးကို ပိုမိုချိုမြိန်စေနိုင်ပါတယ်။ဤကာလတွင် ရေကို ပုံမှန်နှင့် လုံလောက်စွာ ပေးရပါမယ်။ ရေပြတ်လတ်ပါက ပန်းပွင့်/အသီးငယ်များ ကြွေကျခြင်း၊ အရသာပျက်ခြင်းများ ဖြစ်တတ်ပါတယ်။အကယ်၍ ငွေကြေးတတ်နိုင်ပါက အစက်ချရေပေးစနစ်ကို တပ်ဆင်အသုံးပြုခြင်းက ရေပမာဏကို လိုသလို ထိန်းချုပ်ပေးနိုင်ပြီး မြေအမျိုးအစားမတူညီသော နေရာများအတွက်ပါ ရေဓာတ်ကို မျှတစွာ ရရှိစေနိုင်ပါတယ်ခင်ဗျာ။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 328,158 လွန်ခဲ့သော ၁ ပတ် က

အခုလက်ရှိ ရေကို ဘယ်လိုပုံစံနဲ့ သွင်းနေလဲဗျ? ခြံရဲ့ အနိမ့်အမြင့်မတူလို့ ရေထိန်းနိုင်စွမ်းလည်း ကွာနေတာမျိုးလားဗျ။ ရေမနေနဲ့အပင်တွေမှာတော့ ကောက်ရိုး/ သစ်ရွက်တို့နဲ့ အပင်ခြေကို အထူလက်ခက်မခန့် မြေဖုံးတာမျိုး မဖြစ်နေလုပ်ပေးပါဗျ။ အယ်နီညိုကာလမှ ရေငွေ့ပျံနှုန်းကလည်း မြင့်တာမို့ မြေဖုံးပြီး ရေဆုံးရှုံးမှုနည်းအောင် လုပ်ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။