အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
mt
mt 37
လွန်ခဲ့သော ၁၅ နာရီ က · တိုက်ကြီး

ဆေးလှောင်တာတို့ အပူချိန်များချိန်မှာ ec ဆေးမျိုးဖျန်းမိပီး အပင်ညိုးတာမျိုးစို ဘာလိုကုသရမလဲ ဘယ်aiတွေသုံးသင့်လဲ

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၂ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 327,969 လွန်ခဲ့သော ၁၄ နာရီ က

ခေါင်းစဉ်နှိပ်ပြီး လေ့လာနိုင်ပါတယ်။ ဆေးလောင်ခြင်း

သော်ဇင်
သော်ဇင် 427,511 လွန်ခဲ့သော ၁၅ နာရီ က

@mt ဆေးလောင်ခြင်း သည် အပူချိန်မြင့်မားချိန်တွင် ဆေးပြင်းအားများခြင်းကြောင့် ဖြစ်ရသဖြင့် လက်ရှိအချိန်တွင် မည်သည့်ဓာတုဆေးဝါး ကိုမျှ ထပ်မံမဖျန်းသင့်ပါဘူး။ ဆေးဒဏ်ကြောင့် ဆဲလ်များပျက်စီးမှုကို ကုစားရန်အတွက် အပင်အားဆေးဖြစ်သော အမိုင်နိုအက်ဆစ် (Amino Acid) သို့မဟုတ် အပင်အမြစ်အားဆေး (Humic Acid/Fulvic Acid) ၊ (Seaweed extract ) တို့ကိုသာ အရွက်ဖျန်းအားဆေးအဖြစ် သုံးစွဲသင့်ပါတယ်၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဲမိုခါပဲ 37ရက်သားရှိနေပြီ ပွင့်ထွေးမတွေ့ရသေးပါ30ရက်သားလောက်က. ရွှေမိုးငွေမိုး(အား ဆေး)ဖြန်းပြီး3ရက်လောက်နေတော့...

ဖြေကြားချက် 2 ခု

မိုခါမျိုး 37ရက်သား ွ 30ရက်သားလောက်က အားဆေး( ရွှေမိုးငွေမုးိ)3ရက်လောက်ကြာတော့ပုံပိုးသတ်ဆေး ကို အရွက်ကိုက်ပိုး...

ဖြေကြားချက် 2 ခု

မတ်ပဲကို မှိုဆေးဖျန်းပြီးဘယ်နှစ်ရက်နေရင် အားဆေးဖျန်းသင့်လဲ ပိုးသတ်ဆေးကိုဘယ်နှစ်ရက်တစ်ကြိမ်ဖျန်ရင်အကောင်းဆုံးလဲ

ဖြေကြားချက် 2 ခု

တမာ ပိုးသတ်ဆေး ဖြန်းပြီး လေးရက်လောက်မှာ potassium humic ရယ် ငါးအမိုင်နိုရယ် LABရယ် ရောဖြန်းလို့ ရလား သိချင်ပါ...

ဖြေကြားချက် 1 ခု

ကလိုဖနပြာ7%ME နဲ့ အီမာမက်တင်ဘန်ဇိုရိတ်5%WPရေားစပ်ပက်ဖျန်ချင်ပါတယ်အဆင်‌ပြေနိုင်ရဲ့လား မတ်ပဲပွင့်ထွေးအတွက်ပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။