အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
zayyy zayya
zayyy zayya 29
လွန်ခဲ့သော ၂ ရက် က · ဟင်္သာတ

မတ်ပဲစိုက်ရန် ဒိုလာမောင်းထားပါတယ် ၂ဧက ပဲပတ်ပြီး ၁ရက်အကြာမိုးမိတယ် အပင်တေ မပေါက်တော့ပါ့ဘူး ပြန်ဖျတ်ပြီး ကျဲလျှင်ပေါက်နိုင်ပါလားဗျ ဒိုလာမောင်းပြီး ပဲမပတ်ရသေးတဲ့အခင်းတေရော ဘယ်နရက်လောက်နေလှန်းပြီးမှကျဲပတ်ရမလည်းသိချင်ပါတယ်ဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်ထူထပ်
မြေဆီလွှာ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 444,700 လွန်ခဲ့သော ၁ ရက် က

@zayyy zayya မတ်ပဲစိုက်ရန် ဒိုလာမောင်းပြီး ပဲပတ်ထားသော ၂ ဧကသည် ၁ ရက်အကြာတွင် မိုးမိ၍ အပင်မပေါက်ပါက အပေါ်ယံမြေလွှာကို ဆွကာ မြေပြန်ပြင်ပြီး အသစ်ပြန်ကျဲလျှင် ပေါက်နိုင်ပါတယ်။ သို့သော် ရွှံ့စေးလွန်းနေပါက ထွန်ရေးရနိုင်သည့် အနေတော် အစိုဓာတ်သို့ ရောက်မှသာ ကျဲသင့်ပြီး ဒုတိယအကြိမ်တွင် မျိုးစေ့နှုန်းကို အနည်းငယ် တိုးကျဲပေးရပါမယ်။ အလားတူ ဒိုလာမောင်းပြီး ပဲမပတ်ရသေးသော အခင်းများအတွက်မူ မိုးမိပြီးနောက် မြေကြီး ရွှဲနစ်နေတတ်သဖြင့် ချက်ချင်းပဲမပတ်ဘဲ နေသာပါက (၃) ရက်မှ (၅) ရက်ခန့်အထိ မြေအစိုဓာတ် ပြန်မျှတအောင် နေလှန်းရပါမယ်။ မြေကြီးကို လက်ဖြင့်ဆုပ်ကြည့်၍ ရွှံ့ခဲလို ကပ်မနေဘဲ ဖွဖွလေး ပြန်ကြေလွယ်သော အချိန် သို့မဟုတ် နင်းကြည့်က တင်းတင်းလေးဖြစ်နေသည့် အချိန်မှသာ ပဲပတ်သင့်ပြီး မဟုတ်ပါက မျိုးစေ့ပုပ်ခြင်းနှင့် အမြစ်ပုပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။