မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- ရာသီဥအုံ့မှိုင်း
@Sa Paing Ko Ko Win သက်တမ်း ၁ လခွဲ (၄၅ ရက်) ရှိပြီဖြစ်သော မတ်ပဲစိုက်ခင်းများတွင် မိုးရွာသွန်းပြီးစ အချိန်၌ အားဆေးပက်ဖျန်းခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်သင့်ပါဘူး။ မိုးအုံ့ပြီး နေရောင်ခြည်မရရှိပါက အပင်၏ ရေငွေ့ပျံနှုန်း ကျဆင်းနေသဖြင့် အားဆေးကို စုပ်ယူနိုင်စွမ်းမရှိဘဲ ဆေးအလဟဿ ဖြစ်သွားတတ်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် နိုက်ထရိုဂျင်ဓာတ် လွန်ကဲနေချိန်ဖြစ်၍ အားဆေးထပ်ကျွေးပါက အပင်ပျော့အိပြီး မှိုရောဂါ ပိုမိုကျရောက်လွယ်စေတယ်။ ယခုအချိန်တွင် အရေးကြီးဆုံး ဦးစားပေးလုပ်ငန်းမှာ စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်း အမြန်ဆုံးဖော်ပေးရန် ဖြစ်ပါတယ်။ ရာသီဥတု ပြန်လည်သာယာပြီး မြေအစိုဓာတ် အသင့်အတင့် ခြောက်သွေ့သွားမှသာ မှိုသတ်ဆေး (ကာဗင်ဒါဇင် ) ကို ရောဂါကာကွယ်ရန် ဖြန်းပေးရပါမယ်။ ထို့နောက် ပဲပွင့်ချိန်၊ သီးကင်းဝင်ချိန်ဖြစ်၍ အပွင့်/အသီးတင် အားကောင်းစေမည့် ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြင့်မားသော ရွက်ဖျန်းမြေဩဇာ (ဥပမာ- ၁၀-၅၂-၁၀ သို့မဟုတ် ၀-၅၂-၃၄) ကိုလည်းကောင်း၊ အမိုင်နိုအက်စစ်အားဆေးနှင့် ဘိုရွန်ဓာတ်ပါသော အနည်းလိုအဟာရပါရွက်ဖျန်းအားဆေးနှင့်တွဲဖက်၍ လည်းကောင်းစနစ်တကျ ပက်ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
EM-5 ဘယ်လိုပြုလုပ်ရင်အကောင်းဆုံးလဲ
ဖြေကြားချက် 1 ခု
မတ်ပဲစိုက်ရန် ဒိုလာမောင်းထားပါတယ် ၂ဧက ပဲပတ်ပြီး ၁ရက်အကြာမိုးမိတယ် အပင်တေ မပေါက်တော့ပါ့ဘူး ပြန်ဖျတ်ပြီး ကျဲ...
ဖြေကြားချက် 1 ခု
ဒီဆေးကပွင့်ထွေးနိုင်ရဲ့လားဗျ
ဖြေကြားချက် 1 ခု
ဒီလ အတွင်း မတ်ပဲစျေး တက်လာနိင်ချေရှိသလားဗျ သိတဲ့သူတွေ နဲနဲလောက် ပြောပေးကြပါလားဗျ
ဖြေကြားချက် 3 ခု
မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမ...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။