အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုလင်းထက်ကျော်
လွန်ခဲ့သော ၁ ရက် က · အင်္ဂပူ

မင်္ဂလာပါဆရာ ကျွန်တော့တို့ရွာမှာ မိုး‌ေရချိန်နေ့စဉ်၁လက်မ၀န်းကျင်ခန့် ရွာသွန်းခဲ့တာ၃ရက်ဆက်ရှိနေပါပြီ နောက်၂ရက်ခန့်ရွာမယ်လို့သတင်းတွေမှာလည်းကြားသိရပါတယ် ဒီအတွက်ကြောင့်မတ်ပဲသီးကင်း၀င်နေတဲ့အခင်းတွေကိုနေပြန်ပွင့်လျှင်ဘယ်လို မှိုဆေး အားဆေးတွေ ဖျန်းသင့်ပါသလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 444,390 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

@ကိုလင်းထက်ကျော် မတ်ပဲသီးကင်းဝင်ချိန်တွင် မိုးဆက်တိုက်ရွာပြီး စိုထိုင်းဆများပါက သံချေးရောဂါ၊ ရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများ အလွယ်တကူ ကျရောက်နိုင်ပါတယ်။ ထို့ကြောင့် မိုးဒဏ်ခံနိုင်ပြီး အပင်ထဲသို့ လျင်မြန်စွာ စိမ့်ဝင်ပျံ့နှံ့နိုင်သည့် ဟက်ဆာကိုနာဇိုးလ် (Hexaconazole) သို့မဟုတ် အဇိုဆီစထရိုဘင် + ဒိုင်ဖီနိုကိုနာဇိုးလ်(Azoxystrobin + Difenoconazole) ကဲ့သို့သော ပင်လုံးပြန့်မှိုသတ်ဆေးများကို ရွေးချယ်ဖျန်းရပါမယ်။ ဆေးဖျန်းရာတွင် မိုးရေဖြင့် ဆေးကြောမသွားစေရန် ဆေးစွဲကပ်ပျံ့နှံ့ ဆေးမဖြစ်မနေ ထည့်သွင်းရပါမယ်။ ထို့ပြင် အစာချက်လုပ်မှု အားကောင်းစေရန်နှင့် သီးကင်းများ အဆန်ပြည့်ပြီး မကြွေစေရန်အတွက် ပိုတက်စီယမ်မြင့်မားသော ရွက်ဖျန်းမြေသြဇာကို လည်းကောင်း၊ အမိုင်နိုအက်ဆစ်နှင့် ဘိုရွန် (Boron) အားဆေးတို့ကို တွဲဖက်ဖျန်းပေးရပါမယ်။ အရေးကြီးဆုံးအနေဖြင့် စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေရန် ရေနုတ်မြောင်းများကို ချက်ချင်းဖောက်ထုတ်ပေးဖို့ လိုအပ်ပါတယ်။မိုးလေဝသကင်းစင်သွားသည့်အချိန် သို့မဟုတ် တစ်နာရီ၊ နှစ်နာရီခန့် မိုးလွတ်မည့် အချိန်ကို ကြည့်၍ ဆေးစွဲကပ်ပျံ့နှံ့ ဆေးထည့်ကာ အမြန်ဆုံး ဖျန်းပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမ...

ဖြေကြားချက် 1 ခု

ဒီလ အတွင်း မတ်ပဲစျေး တက်လာနိင်ချေရှိသလားဗျ သိတဲ့သူတွေ နဲနဲလောက် ပြောပေးကြပါလားဗျ

ဖြေကြားချက် 3 ခု

မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ

ဖြေကြားချက် 3 ခု

ဒီဆေးက မတ်ပဲအတွက်ဘယ်ပိုးတေကိုသေစေလဲဗျ ဘယ်အချိန်မှာစဖျန်းသင့်လဲ

ဖြေကြားချက် 3 ခု

ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူး...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။