အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
maungsoethuwin
လွန်ခဲ့သော ၆ ရက် က · ဘားအံ

အရွက်လေးတွေဝါလာလို့ ဘာရောဂါများလဲ ဒေါင်းနီးရွက်ခြောက်လား ရွက်ဝါလား မှိုဆေးတစ်ခါ အသီးအပွင့်အားဆေးတစ်ခါ 5ရက်ခြား ဖျန်းပါတယ် ခုက အသီးအပွင့်ဖျန်းရမဲ့အလှည့်ပါ အားဆေးဖျန်းသင့်လား မဖျန်းသင့်ဘူးလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
ပိုးမွှားရောဂါ ခဝဲသီး
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 456,391 လွန်ခဲ့သော ၆ ရက် က

@maungsoethuwin ပုံပါ ခဝဲရွက်တွင် ဖြစ်ပွားနေသော ရောဂါမှာ ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew) ဖြစ်ပြီး ရွက်ကြောများအတိုင်း အဝါရောင် ရေစိုနာကွက်များမှတစ်ဆင့် ရွက်ခြောက်ခြင်းကို ဖြစ်စေပါတယ်။ ဤရောဂါသည် စိုထိုင်းဆများပြီး နှင်းကျသော ရာသီဥတုတွင် ပိုမိုဆိုးရွားစွာ ကူးစက်တတ်သဖြင့် ရောဂါပိုး ခိုအောင်းရာ အရွက်အောက်မျက်နှာပြင်ပါ နှံ့စပ်အောင် ကုသဆေးမှိုသတ်ဆေးများ ဖြစ်ကြသည့် Dimethomorph+Cymoxanil သို့မဟုတ် Metalaxyl အား ၅ ရက်မှ ၇ ရက်ခြားတစ်ကြိမ် ပက်ဖျန်းပေးရပါမယ်။ တစ်ချိန်တည်းတွင် အပင်ပေါ်မှ ရေပက်ဖျန်းခြင်းကို ရှောင်ကြဉ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းနှင့် နိုက်ထရိုဂျင်မြေဩဇာ လျှော့ချခြင်းတို့ကို ပူးတွဲလုပ်ဆောင်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။