မတ်ပဲပန်းစပြတဲ့အချိန်မှာ ယူရီးယား+လက်ချား+စုတ်စားပိုးဆေး(သို့)ပွင့်ထွေးဆေး (သို့)မှိုဆေး တမျိုးမျိူး ရောစပ်သုံးလို ရမရ သိချင်လို့ပါဆရာ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၆ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- တိမ်ထူထပ်
@zayyy zayya မတ်ပဲသက်တမ်း ၃၆ ရက်သား ပန်းစပွင့်ချိန်တွင် ယူရီးယား၊ လက်ချားနှင့် ပိုးသတ်ဆေး/မှိုသတ်ဆေးများကို တစ်ပြိုင်နက် ရောစပ်ပက်ဖျန်းရန် လုံးဝမသင့်တော်ပါဘူး။ လက်ချား သည် အယ်လ်ကာလီဓာတ် ရှိသောကြောင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရောစပ်ပါက ဓာတ်ပြုပြီး ဆေးအာနိသင်ပျက်ပြယ်ခြင်း၊ ဆေးရည်ပြင်းအားများ၍ အပွင့်နှင့် အရွက်များ လောင်ကျွမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။ လက်ရှိ တိမ်ထူထပ်နေသော ရာသီဥတုတွင် ပန်းပွင့်အားကောင်းစေရန် ပိုတက်ရှ်နှင့် ဖော့စဖရပ် များသော ရွက်ဖျန်းမြေဩဇာကိုသာဖျန်းပက်ပေးခြင်းသို့မဟုတ် ယူရီးယား+ လက်ချား သီးသန့်ဖျန်း ပေးခြင်းများ လုပ်ဆောင်ရပါမယ်။ယူရီးယား+ လက်ချားနှင့် ပိုးသတ်ဆေး/မှိုသတ်ဆေးများကို အနည်းဆုံး ၃ ရက်ခြား၍ သီးသန့်စီ ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ အပင်သက် ၁လသား ရှိပါပြီ။ ကျွန်တော်တို့နယ်မှာ မိုးရွာသွန်းရက် ၇ရက်ရှိပါပြီ။ ယမန်နှစ်တွေက မဖြစ်ဖူး...
ဖြေကြားချက် 1 ခု
ဒီဆေးက မတ်ပဲအတွက်ဘယ်ပိုးတေကိုသေစေလဲဗျ ဘယ်အချိန်မှာစဖျန်းသင့်လဲ
ဖြေကြားချက် 3 ခု
မင်္ဂလာပါဆရာ ကျွန်တော့တို့ရွာမှာ မိုးေရချိန်နေ့စဉ်၁လက်မ၀န်းကျင်ခန့် ရွာသွန်းခဲ့တာ၃ရက်ဆက်ရှိနေပါပြီ နောက်၂ရက်...
ဖြေကြားချက် 1 ခု
မတ်ပဲ (TBl) အပေါဘက်ကညှိုပြီး ကုတ်ကျတာပါ အမြစ်ကတော့ မြစ်ဖုလိုက်တယ် ဘာဖြစ်တာလဲ မိုးများပြီးအစိုစာတ်များတာလား
ဖြေကြားချက် 1 ခု
မတ်ပဲပေါင်းအုပ်ဆေးက ဘယ်နှစ်ရက်သားမှာ အသုံးပြုရတာလဲဗျ ဘယ်ဆေးက ကောင်းလဲ လမ်းညွှန်ပေးပါအုံး
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။