အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မချယ်ရီလွင်
လွန်ခဲ့သော ၂ နာရီ က · ပဲခူး

သဲဆန်သောမြေကို ဘယ်လိုပြုပြင်ရမလည်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
မြေဆီလွှာ ပဲတီစိမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 447,472 လွန်ခဲ့သော ၁၁ မိနစ် က

@မချယ်ရီလွင် သဲဆန်သောမြေသည် ရေနှင့် အာဟာရဓာတ် ထိန်းသိမ်းအား နည်းပါးသောကြောင့် ပဲတီစိမ်းစိုက်ပျိုးမည်ဆိုပါက သစ်ဆွေးဓာတ် ကြွယ်ဝအောင် ဦးစွာပြုပြင်ရပါမယ်။ တစ်ဧကလျှင် နွားချေးဆွေး သို့မဟုတ် မြေဆွေး လှည်း ၅ စီးမှ ၁၀ စီးခန့် ထည့်သွင်းခြင်းနှင့် ပဲတီစိမ်းမစိုက်မီ ပိုက်ဆံလျှော်ကဲ့သို့ သစ်စိမ်းမြေဩဇာပင်များ စိုက်ပျိုးထယ်ထိုးခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ထို့ပြင် စိုက်ပျိုးပြီးနောက် ကောက်ရိုး၊ မြက်ခြောက်များဖြင့် မြေဖုံးပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းနိုင်ပြီး ဓာတ်မြေဩဇာကျွေးရာတွင်လည်း တစ်ကြိမ်တည်း အများကြီးမကျွေးဘဲ အကြိမ်ခွဲ၍ နည်းနည်းချင်း ကျွေးပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ပြည် - အောင်လံ ပဲတီစိမ်းဈေးကွက်သိချင်ပါတယ်ခင်မျာ ဈေးတက်လာနိုင်ချေရောရှိနိုင်ပါသလား သိုလှောင်ထားလို့ရမရသိချင်ပါ...

ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ ဒီမြေဩဇာက မတ်ပဲ၊ပဲတီစိမ်းမှာ မြေခံထည့် လို့အဆင်ပြေနိုင်ပါ့မလား ။ပါဝင်အဟာရမှာ ဆီလီကာအများဆံုး...

ဖြေကြားချက် 3 ခု

ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ

ဖြေကြားချက် 1 ခု

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဖြေကြားချက် 3 ခု

ဆရာရေအီးအမ်နဲ့ထရိုက်ကိုဒါးမားကိုပဲမကြဲခင်ရိုးဖြတ်ကိုဖြန်းခြင်းအားဖြင့်ရွေးချယ်မဲ့မြဖန်းပဲရလားခဗျ။ဖြန်းပြိးဘယ်န...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။