အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုမြင့်သူ
လွန်ခဲ့သော ၆ နှစ် က · ပခုက္ကူ

ကောက်ရိုးမှိုစိုက်နည်း အပြည့်အစုံသိပါရစေ

စိုက်ပျိုး ရေ မှို (ကောက်ရိုးမှို)
3

ဖြေကြားချက် ၃ ခု

သန်းဝင်းသူ
သန်းဝင်းသူ 3,314 လွန်ခဲ့သော ၆ နှစ် က
Thet Htar Zin
Thet Htar Zin 80,046 လွန်ခဲ့သော ၆ နှစ် က

ကောက်ရိုးမှိုကို ကျင်းဖြင့် စိုက်ပျိုးနည်း စာတန်းကိုနှိပ်ပြီး လေ့လာဖတ်ရှူ့နိုင်ပါတယ်

အောင်မျိုးဌေး
အောင်မျိုးဌေး 3,430 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်စိုက်တာကတော့​ေဗဒါနွားခြေးနဲ့စိုက်တာပါ လိုအပ်တာတွေကတော့ ဗေဒါအစို စင်းပီသား၁၂တင်းခွဲနွားခြေးတခွဲလောက် ဂျပ်ဖာစက္ကူ၁၀ပိသာ မိုးကာသားအကြည် ၄ပေနံ ၅ကိုက် (၄ပေနံကတခြမ်းခွဲလိုက်ရင်၈ပေရပါမည်). ပထမဦးစွာ အလျား၇တောင် အနံ ၃တောင်လေးထောင့်​ေဘောင်ဖော်ပါမည် အနက်ပေါက်ပြားတနက်စာ ၃ လက်မခန့် နောက်ဘောင်အတွင်းထဲကိုနွား​ခြေး၄ပြည်ခန့်ဖြူး နောက် ဗေဒါစင်းပြီးသား၇တင်းခွဲခန့်​ဖြန့်ပုံ နောက်​ေဗဒါပေါကိုရေစိမ်ပီးလက်ဝါးအရွယ်ဆုတ်ဖြဲပီးသားဂျပ်ဖားစက္ကူခင်း သူ့အပေါကိုမှိုမျိူး( မျိုးကိုလိုက်၍ ၁၀ ထုပ် သို့၅ထုပ် ၄ထုပ် အစားစားရှိပါသည်) ဖြူးပေးပါ မှိုမျိုးအပေါက​ေဗဒါ၄တင်းဖုံး နောက် ​နွားခြေး၄ပြည်ခန့်ဖြူး ရေထမ်းပုံ ၅ပုံးခန့်လောင်းပလပ်စတစ်အုပ် ပလပ်စတစ်ပေါကသက်ကယ် သို့ ကောက်ရိုး အရိပ်ရရာတခုခုဖုံး၍ ၅ရက်ထားပါ ၅ရက်မြောက်နေ့မှာမှိုမျှင်စဆင်းပါမယ် ဖွင့်၍ရေ၅ပုံခန့်လောင်း အားဆေးတမျိုးမျိုးထည့်လောင်း ဝါးလုံးကိုခေါင်းမိုးပုံလုပ်၍ပလပ်စတစ်အုပ်သက်ကယ်အုပ် ဘေးနစ်ဖက်ကို၅လက်မတြီဂံပုံစံလေပေါက်ထားပါနေ့ခင့်ဖွင့်၍ညဘက်ပိတ်ပါလေပေါက်ကို၁၀ရက်၁၁ ရက်လောက်ဆိုမှိုခူးလို့ရပါပီ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။