အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,227
လွန်ခဲ့သော ၆ နှစ် က · ကသာ

ကျွန်တော်က နွေနှမ်းစိုက်ချင်တာပါ ကျွန်တော့်မြေက ကုန်းမြေ/မြေနီသဲဝန်းပါ အဲ့ဒီမြေမှာ နွေနှမ်းကို ရေသွင်းပြီး...

ကျွန်တော်က နွေနှမ်းစိုက်ချင်တာပါ ကျွန်တော့်မြေက ကုန်းမြေ/မြေနီသဲဝန်းပါ အဲ့ဒီမြေမှာ နွေနှမ်းကို ရေသွင်းပြီးစိုက်ပျိုးလို့ရမရသိချင်ပါတယ် ကျွန်တော်က စစ်ကိုင်းတိုင်း ကသာမြို့နယ် ငါးတဲအုပ်စု ပျဉ်တောင်လေးကျေးရွာကပါ ကျွန်တော်တို့ဘက်မှာ အခုအပူချိန်တွေက ညဆို ၁၁-၁၅ကြားရှိပြီး နေ့အပူချိန် ၂၄-၂၈ရှိပါတယ် ဒီအပူချိန်အတိုင်းအတာအတွင်း နှမ်းပင် ဖြစ်ထွန်းနိုင်ပါသလား လာမဲ့ ၂၀-၂၅ရက်အတွင်းစိုက်ချင်လို့ပါခင်ဗျာ

6

ဖြေကြားချက် ၆ ခု

1,227 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါဆရာ

2,622 လွန်ခဲ့သော ၆ နှစ် က

စိုက်လို့ရပါတယ် ခင်ဗျာ နည်းစနစ်အကြံဉာဏ်လိုအပ်ရင် ဆက်သွယ် ပါ

1,227 လွန်ခဲ့သော ၆ နှစ် က

ရေကတော့ လွယ်ပါတယ်ဗျ ကျွန်တော်တို့ဘက်က ရေထွက်ဖို့ ပေလေးဆယ်ကျော်ပဲ တူးရတာပါ ရေသွင်းနိုင်ရင်ရော စိုက်ပျိုးလို့အဆင်ပြေနိုင်မလားဆရာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ကုန်းမြေ/မြေနီသဲဝန်းဆိုတော့ ရေသွင်းရင်အဆင်ပြေပါ့မလား။နွေနှမ်းကသွင်းရေရှိမှအဆင်ပြေမှာပါ။(ဒီအချိန်မှာ မိုးရေကိုအားကိုးလို့မရနိုင်ဘူးလေ)။နှမ်းပင်ရဲ့သဘောက ရေဝပ်တာမကြိုက်ပေမဲ့ အစိုဓာတ်တော့လိုအပ်တယ်။ဒါကြောင့်နွေနှမ်းစိုက်မယ်ဆိုရင် ရေရရှိနိုင်မှုကိုအဓိကစဥ်းစားပါ။

80,046 လွန်ခဲ့သော ၆ နှစ် က

စိုက်နည်းမတူသော နွေနှမ်း နွေနှမ်း၊ မိုးကြိုရေသွင်း နှမ်းသည် ရေရရှိနိုင်သော ဒေသများတွင် စိုက်ပျိုးကြသည်။ နွေစပါး၊ နွေနှမ်း၊ မိုးကြိုချည်မျှင် ရှည်ဝါ စိုက်ပျိုး မှုသည် မိုးရွာမှုကို အားပြု စိုက်ပျိုးရခြင်း မဟုတ်ဘဲ ဆည်၊ ရေလှောင်တမံရေဖြင့် စိုက်ပျိုးကြရသဖြင့် ရေသေချာလျှင် လုံလောက် သောနေရောင်ခြည်နှင့် အပူဓာတ်ရရှိသဖြင့် မိုးနှမ်း၊ ဆောင်းနှမ်းတို့ထက် အထွက်ကောင်းသော နှမ်းစိုက်ပျိုးမှုဟု သုံးသပ်ကြပါ သည်။ ဤတွင် ဆည်ရေပေး၍ ရေသွင်း စိုက်ပျိုးကြသော နွေနှမ်းကို မန္တလေးတိုင်းဒေသကြီး၊ မြစ်သား၊ ကျောက်ဆည်တစ်ခွင် စိုက် ပျိုးကြသည်မှာ ထွန်ယက်မြေပြုပြင်၊ ဘောင်များပြုလုပ်၍ ဘောင်များကြားတွင် ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများကို ပိုက်စိတ် တိုက်၍ ကြားမြောင်း၊ ခါးမြောင်း၊ ပတ်လည်မြောင်း များထားပြီး ဘောင်ကြား ရေသွင်း၍ စိုက်ပျိုးကြသည်။ ဘောင်ရေမမြုပ်အောင် ရေသွင်းသဖြင့် ဘောင်ရှိမြေ သားမြေ အစိုရယုံ မြေခေါင်းမဲယုံသာ ရေသွင်းသည်။ ဤအခြေအနေသည် နှမ်းပင်ကြိုက်သော ရေလို အပ်ချက်ကို ရရှိစေသည်။ မြန်မာနိုင်ငံ၏ မြေလတ်နှင့် အညာဒေသ နှမ်းစိုက်ပျိုးမှု အများစုသည် မိုးနှမ်းနှင့် ဆောင်းနှမ်းစိုက်ကြ သည်။ မိုးရွာမှုကို ချိန်ဆစိုက်ကြရသဖြင့် မိုးများလျှင် နှမ်းပျက်စီးသည်။ နှမ်းပင်သည် ရေဝပ်မှု၊ ရေများမှု မခံနိုင်။ မိုးနည်းလျှင် ရေမရ ၍ နှမ်းပျက်စီးသည်။ ပုံမှန်မိုးရွာမှ နှမ်းရရှိကြသည်။ မသေချာ၊ မရေရာသော မိုးရွာမှုအခြေပြု စိုက်ပျိုးမှုထက် ဆည်ရေသာရရှိမှုသေချာလျှင် စိုက်ပျိုးရေနှင့် နှမ်းပင်ပန်းပွင့်ချိန်တစ်ရေ၊ စုစုပေါင်း ရေနှစ်ကြိမ်သာ ရရှိလျှင် နွေနှမ်းအောင်ပြီး အညာနှင့်မြေလတ်ဒေသ၏ နွေနှမ်းစိုက်ပျိုးမှုအခြေ အနေ ဖြစ်ပါသည်။ ဧရာဝတီ တိုင်းဒေသကြီး၏ မြေမှာ သဲနုန်းမြေအများစု ဖြစ်သည်။ ဆည်၊ ရေလှောင်တမံတို့ထက် ချောင်းငယ်၊ မြစ် ငယ်အသွယ်ဖြင့် ကွန်ယက်ပြုပြီး ရေလမ်းကြောင်းများ ဖြာထွက်နေသည်။ ပင်လယ်နှင့်နီးသော ဒေသများတွင် ဒီရေအတက်၊ အကျ၊ ရေတက်၊ ရေကျဖြင့် စိုက်ခင်းထဲအထိ ရေချိုသည် ဝင်နိုင်၊ ထွက်နိုင်သည်။ ချောင်း၊ မြစ်ထဲရှိ ရေချိုကို ရေငန်ဒီရေတွန်းပြီး ရေတက်၊ ရေကျဖြင့် ရေသွင်း၊ ရေထုတ် ကောင်းစွာရရှိသည်။ ဤနည်းဖြင့် ရေအသုံးချကာ နွေစပါး၊ နွေနှမ်းစိုက်ကြသည်။ ဤဒေသ၏ နွေနှမ်း စိုက်နည်း၊ မြေပြုပြင်ထွန်ယက်နည်းမှာလည်း ဒေသ၊ ရေ၊ မြေအလိုက် နည်းလမ်းတစ်မျိုး ကျင့်သုံးစိုက်ပျိုးကြပါသည်။ ဧရာဝတီတိုင်း ဒေသကြီး၏ မြို့နယ် တချို့တွင် နွေနှမ်းစိုက်ပျိုးရာတွင် မိုးစပါးရိတ်သိမ်းအပြီး လယ်ကွက်ထဲသို့ ရေများဖုံးလွှမ်းသည်အထိ ရေသွင်း သည်။ မြေအသင့်အတင့်ခြောက်၍ ထယ်ဝင်နိုင်သောမြေသားတွင် ထယ်ထိုးသည်။ ထယ်ထိုးပြီးပါက နေလှန်းအခြောက်ခံ၍ ထယ် အခဲ ခေါင်းဖွေးချိန်တွင် ဒုတိယအကြိမ် ရေထပ်မံသွင်းသည်။ ဤအကြိမ် ရေသွင်းရာတွင် ထယ်စာခဲမြုပ်ယုံသာ ရေသွင်းသည်။ ထပ်မံ ၍ သွင်းရေအခြောက်ခံသည်။ ထို့နောက် ထယ်တစ်စပ်ပြန်ဝင်သည်။ ထယ်ခဲများ အခြောက်ခံ၊ နေလှမ်းပြီး ထယ်စာခဲခေါင်းဖွေးချိန်တွင် ရေထပ်မံ မသွင်းဘဲ ထွန်ဖြင့် ရေးညက်အောင် ပြုလုပ်ပြီးထားလိုက်၊ ကြမ်းဖုံးရိုက် ထားလိုက်သည်နှင့် မြေထဲရှိ ရေအစိုဓာတ်သည် အပေါ်ပိုင်းသို့ တက်လာပြီး နောက် ထွန်ကြောင်းဖွင့်၍ နှမ်းမျိုးစေ့ချ စိုက်ပျိုးကြသည်။ ဤသို့ဖြင့် ရေသွင်းနှမ်းကို အထွက်တင်း ၂၀ ကျော်ရရှိအောင် ပြုလုပ်ကြ သည်။ အပင်အစိုဓာတ်ရရှိ၍ အပင်ပေါက်ကောင်းခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးခြင်း၊ ထယ်ရေး ကောင်းရအောင် ပြုလုပ်ခြင်း၊ မြေအောက် မှ အစိုဓာတ်ကို အပေါ်သို့ ဖမ်းယူခြင်း တို့ကြောင့် ဖြစ်သည်။ ဤသည်မှာ ရေသွင်းမှု စနစ်နှင့် ထယ်ရေးသေချာပြုလုပ်ခြင်း ဖြစ်သည်။ ဤနှစ်ရပ်အပေါ်တွင် မျိုးကောင်းမျိုးသန့် နှမ်းမျိုးစေ့ကို အတန်းလိုက်စိုက်၍ ပိုးမွှား၊ ရောဂါ ကာကွယ်နှိမ်နင်း၊ အလေအလွင့် ထိန်းသိမ်း နိုင်သောအခါ ရေသွင်းနှမ်းသည် အထွက်ကောင်းလာပါသည်။ ထို့ကြောင့် စိုက်ပျိုးနည်း စနစ်ဆိုသည်မှာ ဒေသတစ်ခုနှစ်တစ်ခု ရေမြေ ရာသီဥတု မတူသဖြင့် မတူသည်နှင့် ကိုက်ညီအောင် ဆောင်ရွက်ကြရပါသည်။ တစ်ပုံစံတည်း ပြုလုပ်လျင် အထွက်ကောင်းနိုင်မည် မဟုတ်ပါ။ - ကိုရဲ (စိုက်ပျိုးရေး)

80,046 လွန်ခဲ့သော ၆ နှစ် က

နှမ်း စိုက်ပျိုးနည်း ဒီမှာ လေ့လာကြည့်ပါရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။