အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,227
လွန်ခဲ့သော ၆ နှစ် က · ကသာ

နွေနှမ်းက စိုက်ပြီးဘယ်နှစ်ရက်လောက်နေမှ အပင်စထွက်တာလည်းဗျ အပင်ဘယ်နှစ်ရက်သားလောက်ကို ရေစသွင်းသင့်သလဲ သိချင်ပါတယ်...

နွေနှမ်းက စိုက်ပြီးဘယ်နှစ်ရက်လောက်နေမှ အပင်စထွက်တာလည်းဗျ အပင်ဘယ်နှစ်ရက်သားလောက်ကို ရေစသွင်းသင့်သလဲ သိချင်ပါတယ်ဗျ

6

ဖြေကြားချက် ၆ ခု

406 လွန်ခဲ့သော ၆ နှစ် က

ပက်ရစ်ကိုက်ရင်ဘာဆေးသုံးသင်သလဲခများ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပစ္စည်းအမျိုးမျိုးကိုစိုက်ပျိုးရေးအတွက် ယူဆချက်အမျိုးမျိုးနဲ့စမ်းပြီးသုံးစွဲနေကြပါတယ်။အချိုမှုန့်/အချိုရည်ဗူးတွေတောင်မချန်ဘူး။ကျွန်တော်တို့ကတော့ စိုက်ပျိုးရေးသုတေသနဌာန/စိုက်ပျိုးရေးဦးစီးဌာန ရဲ့ထောက်ခံချက်ရထားတဲ့နည်းပညာတွေကို လက်တွေ့လုပ်ဆောင်ပြီးမှတောင်သူတွေကိုနည်းပညာဖြန့်ဝေပါတယ်။ပိုတက်ဆီယမ်အတွက်ဆိုရင် နှမ်းရိုးတွေကိုမီးမရှို့ပစ်ဘဲ စိုက်ခင်းထဲပြန်ထည့်ထားပေးမယ်ဆိုရင် တစ်ဧကမှထွက်တဲ့နှမ်းရိုးဟာ တစ်ဧကစာ အတွက်လိုအပ်တဲ့ပိုတက်ဆီယမ်ပမာဏအတွက် လုံလောက်မှုရှိပါတယ်။

1,223 လွန်ခဲ့သော ၆ နှစ် က

ပိုတတ်စီယမ် ချို့တဲ့တာကို အုန်းစိမ်းရည်ဖျန်းလို့ရပါသလားဗျာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဒေသရဲ့အပူချိန်နဲ့မြေအစိုဓာတ်ရှိမှုအပေါ်မူတည်ပြီး ၅ရက်မှ၁၀ရက်အတွင်းအပင်ပေါက်ပါတယ်။မစိုက်ခင်မြေအစိုဓာတ်ရှိအောင်ရေကိုပါပါးနဲ့ပျံ့နှံ့အောင်သွင်းပါ။အပင်ပေါက်ပြီးရက်၃၀(တစ်လ)ခန့်မှာရေစသွင်းရပါမယ်.နှမ်းပင်ရေသောက်မြစ်ကတစ်ပေခွဲခန့်ရှိတာမို့ မြေအောက်ပိုင်းထိရေရောက်ရှိအောင် နည်းနည်းနဲ့ဖြေးဖြေးသွင်းပေးရပါမယ်။နောက် ၁၅ရက်တစ်ခါ...၂ကြိမ်ထပ်သွင်းပေးရပါမယ်။နောက်ဆုံးကြားဝင်ချိန်မှာ ပုလဲ(အိတ်ဝက်/၁ဧက) ကိုကျွေးပေးရပါမယ်။ပန်းစပွင့်ချိန်မှာ ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ၁၆ဇွန်း+လက်ချား၄ဇွန်းရော​ပြီးပက်ဖျန်းပေးပါ.၇ရက်ကိုတစ်ကြိမ်နဲ့၂ကြိမ်ထပ်ဖျန်းပေးပါ။.................... (ပွင့်သီးအားဆေးပါ)

80,046 လွန်ခဲ့သော ၆ နှစ် က
80,046 လွန်ခဲ့သော ၆ နှစ် က

စိုက်ပြီးရက် နှစ်အတွင်းအပင်စထွက်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။