အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,386
လွန်ခဲ့သော ၆ နှစ် က · ထန်းတပင်

ပုလဲကြဲပြီးဘယ်နှစ်ရက်နေမှစပါးစားသုံးနိူင်လဲအာနိသင်ဘယ်လောက်ခံလဲ။

3

ဖြေကြားချက် ၃ ခု

6,386 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပုလဲကိုအပင်ကအလွယ်တကူစားသုံးနိုင်ဖို့ အဆင့်ဆင့်ဖွဲ့စည်းတည်​ဆောက်နေတာ ၁၀နာရီမှ ၁၂နာရီထိကြာတတ်ပါတယ်။မနက်ကျွေးတယ်ဆိုရင်ညနေလောက်မှအပင်ကစားသုံးနိုင်ပါတယ်။ ဒီအချိန်တွင်းမှာ လေထဲအငွေ့ပျံဆုံးရှုံးမှု..ရေထဲပျော်ဝင်ပြီးရေစီးနဲ့မျောပါဆုံးရှုံးမှု..မြေအောက်သို့စိမ့်ရေနဲ့အတူဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ဒါကြောင့်ဆုံးရှုံးမှုနည်းအောင် ပုလဲမကျွေးခင် ၁ရက်ကြိုပြီး နွားချေးဆွေး/မြေဆွေး ၃ဆ နဲ့ပုလဲ ၁ဆ ကိုရောမွှေပြီး တာလပတ်/ပလတ်စတစ်စ နဲ့ တစ်ညအုပ်၍ နှပ်ထားပြီးတော့မှနောက်နေ့မှာကြဲပက်အသုံးပြုသင့်ပါတယ်။အာနိသင်ဘယ်လောက်ခံသလဲဆိုရင်စိုက်တဲ့သီးနှံပေါ်မူတည်ပါတယ်။စပါး,ပြောင်း,ဂျုံသီးနှံတွေ(နှံစားသီးနှံ)ဆိုရင်လျှင်မြန်စွာကုန်ဆုံးပါတယ်။

117 လွန်ခဲ့သော ၆ နှစ် က

7

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။