အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,628
လွန်ခဲ့သော ၆ နှစ် က · ဝေါ

မြေသြဇာကျွေးတဲ့အချိန်နဲနူန်းထားပြီးတော့ဘာမြေသြဇာကျွေးရမလဲဆိုတာပြောပြပါဦးဆရာ

စိုက်ပျိုး ရေ စပါး စပါးမြေသြဇာကျွေးနည်း
2

ဖြေကြားချက် ၂ ခု

1,628 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူတင်ပါတယ်ဆရာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အရေးကြီးဆုံးအာဟာရကိုဘဲပြောမယ်နော်။တီစူပါဖော့စ်ဖိတ်(P)ကို စိုက်သမန်းပြင်ချိန်မှာ အိတ်ဝက်ထည့်ရပါမယ်။ပိုတက်ရှ်(K)ကို ၂ခါခွဲကျွေးရပါမယ်။ပထမတစ်ကြိမ်ကို စိုက်သမန်း​​​ပြင်ချိန်မှာ တစ်အိတ်ရဲ့​​လေးပုံတစ်ပုံ​ကျွေးရမယ်။ ဒုတိယအကြိမ်ကိုသက်လျင်ဆိုရင်(၄၈ မှ ၅၂ရက်အတွင်း), သက်လတ်(၆၈ မှ ၇၂ရက်အတွင်း), သက်ကြီး(၈၃ မှ ၈၇ရက်အတွင်း) ကျွေးပေးရပါမယ် (တစ်အိတ်ရဲ့လေးပုံတစ်ပုဲပါဘဲ)။စုစုပေါင်း ပိုတက်ရှ်အိတ်ဝက်ပေါ့။ယူရီးယား(ပုလဲ)ကို ၃ကြိမ်ခွဲပြီးကျွေးရပါမယ်။ပထမအကြိမ်.. ကောက်စိုက်ပြီး ၂ပါတ်(၁၄ရက်)မှာ ၃ချိုး၁ချိုး,ဒုတိယအကြိမ်..သက်လျင်(၆၂ရက်သား),သက်လတ်(၈၂ ရက်သား),သက်ကြီး(၉၇ရက်သား)တွေမှာ ၃ချိုး၁ချိုး,တတိယအ ကြိမ် ..သက်လျင်(၇၅ရက်သား), သက်လတ်(၉၅ရက်သား), သက်ကြီး(၁၁၀ရက်သား) တွေမှာ ၃ချိုးတစ်ချိုးနှုန်းကျွေးရပါမယ်။ပုလဲက မိုးစပါးဆိုရင် ၁ဧက..၁အိတ်နှုန်း,နွေစပါးဆိုရင်၂အိတ်နှုန်းအသုံးပြုသင့်ပါတယ်။သီးနှံကိုမြေဆီကျွေးရာမှာ သတိပြုရမှာက လိုအပ်တဲ့အာဟာရကို အပင်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ပမာဏကိုကျွေးမှသာ အကျိုးရှိစေမှာဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။