အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုထွန်းထွန်းဝင်း
လွန်ခဲ့သော ၆ နှစ် က · ပေါက်

စပျစ်သီးခြောက် ယိုထိုးနည်းလေးသိချင်ပါတယ် ဆရာမိတ်ဆွေများ ကျေးဇူးပြုပြီး ဖြေကြားပေးပါ

တန်ဘိုးမြှင့်ထုတ်ကုန် စပျစ်
Post image
2

ဖြေကြားချက် ၂ ခု

ကိုထွန်းထွန်းဝင်း
ကိုထွန်းထွန်းဝင်း 5,225 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,355 လွန်ခဲ့သော ၆ နှစ် က

စပျစ်သီးခြောက် ပြုလုပ်နည်း လိုအပ်သော ပစ္စည်းများ စပျစ်သီး အိုး ပိတ်စဖြူ စကာစိပ် စကာကျဲ ပြုလုပ်နည်း စပျစ်သီးအခိုင်မှ အရွယ်တူညီညာပြီး လတ်ဆတ်သော စပျစ်သီးများကို အညှာမပါစေရန် သတိပြု၍ ချွေပါ။ သေးငယ်လွန်းသော အသီးဖျင်းများကို ဖယ်ရှားပါ။ ချွေပြီးသော စပျစ်သီးများကို ရေဆေးပါ။ ရေဆေးပြီးနောက် စပျစ်သီးများကို စတီးအိုးတစ်ခုအတွင်းသို့ ထည့်ပါ။ ၎င်းအိုးထဲတွင် ရေကို စပျစ်သီးမြုပ်ရုံ တစ်လက်မခန့် လောင်းထည့်ပါ။ ထို့နောက် အိုးကို ၃ -၄ မိနစ်ခန့် မီးပူပေး၍ ဆူပွတ်လာသည်အထိ ပြုတ်ပါ။ ဆူပွတ်လာပြီးနောက် စပျစ်သီးများ ရေပေါ်တွင် ပေါလောပေါ်လာပါက မီးပိတ်လိုက်ပါ။ သို့မဟုတ်ပါက စပျစ်သီး အပေါ်ယံရှိ အရေခွံများ လန်ထွက်လာလိမ့်မည်။ မီးပိတ်ပြီးသည်နှင့်တပြိုင်နက် စကာတစ်ခုပေါ်သို့ အိုးကို လောင်းချ၍ ရေပူများကို ထုတ်ပစ်ပါ။ ပြုတ်ပြီးသော စပျစ်သီးများကို ဝါဂွမ်းပိတ်စ တစ်ထည် ပေါ်သို့ ဖြန့်ချ၍ ပိတ်စအနားသားများဖြင့် စပျစ်သီးပေ့ါ်ရှိ ရေများ ခြောက်သွေးသွားစေရန်အတွက် ညင်သာစွာ သုတ်ပေးပါ။ ထို့နောက် စပျစ်သီးများကို နေရောင်အောက်တွင် ထားရှိရန် အကွက်အနည်းငယ်ကျဲသော စကာ (mesh) တစ်ခုကိုအသုံးပြု၍ စကာပေါ်တွင် ပိတ်စဖြူ တစ်ထည် (ဝါဂွမ်းသား)ကို ခင်းပါ။ ၎င်းပိတ်စအပေါ်တွင် စပျစ်သီးများကို ဖြန့်ထားပါ။ ပြီးနောက် ဖြန့်ထားသော စပျစ်သီးများအပေါ်တွင် နောက်ထပ် ပိတ်စဖြူတစ်ထည် (ဝါဂွမ်းသား) ဖြင့် ဖုံးအုပ်လိုက်ပါ။ ထို့သို့ပြုလုပ်ပြီးပါက စပျစ်သီးများ ခြောက်သွေ့သွားစေရန် နေရောင်အောက်တွင် (၂)ရက်ခန့် ထားရှိပါ။ (၂)ရက်အကြာတွင် စပျစ်သီးခြောက်များကို ရရှိပါပြီ။ အကယ်၍ စပျစ်သီးခြောက်သွေ့ရန် အနည်းငယ် လိုအပ်ပါက နောက်ထပ်တစ်ရက် နေရောင်အောက်တွင် ထားရှိနိုင်ပါသည်။ သက်ထားဇင် Source: https://www.facebook.com/watch/?v=685317798642670 ( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။