နံနံပင်ကို ဆေးဖက်ဝင်အရည်အသွေးမြင့်စေတဲ့ အေအမ်အက်ဖ်မှို

13/12/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာ မှို အပိုင်း(၃၀)

နံနံပင်တွင် အေအမ်အက်ဖ်မှို တမျိုးတည်းထိုးသွင်းခြင်း (သို့မဟုတ်) အေအမ်အက်ဖ်မှိုနှင့် ပင်လယ်ရေမှော်ဇီဝမြေသြဇာ ၂ မျိုး ပူးတွဲထိုးသွင်းခြင်းသည် အထူးဆီပိုထွက်သည်။ ပရိုတင်း%၊ အန်တီအောက်ဆီးဒန့်ကို ပိုထုတ်စေသဖြင့် ဆေးဖက်ဝင်အရည်အသွေး ပိုကောင်းစေသည်။

ဈေးကွက်ဝင်သော သဘာဝဇီဝနှိုးဆော်ဘိုင်အိုစတီမြူးလန့်(ဇီဝမြေသြဇာ) ပင်လယ်ရေမှော် 

   

  • ပင်လယ်ရေမှော်သည် ၂၁ ရာစုတွင် အသုံးများသော သက်ရှိဇီ၀နှိုးဆော်  ဘိုင်အိုစတီမြူးလန့် ဖြစ်သည်၊
  • ပင်လယ်ရေမှော် ဇီဝမြေသြဇာသည် ပင်လယ်ရေမှော်မှစစ်ထုတ်ယူသော အော်ဂဲနစ် မြေသြဇာဖြစ်သည်၊

ပင်လယ်ရေမှော်သုံးခြင်း၏ အကျိုးကျေးဇူး           

  • အထွက်ကောင်းသည်၊ ပရိုတင်း% တိုးသည်။

ပင်လယ်ရေမှော်နှင့် အေအမ်အက်ဖ် ပူးတွဲသုံးခြင်း၏ ဖြည့်စွက်အကျိုးပြုမှု  

  • ပရိုတင်းနှင့် ကာဘိုဟိုက်ဒြိတ် စုယူမှု တိုးသည်။

ပင်လယ်ရေမှော်နှင့် အေအမ်အက်ဖ်ပူးတွဲသုံးခြင်း၏ သဟဇီဝနအပြန်အလှန်အကျိုးပြုမှု

  • ပင်လယ်ရေမှော်သည် အပင်တွင် အေအမ်အက်ဖ်စွဲကပ်မှုကို တိုးစေသည်။

နံနံပင်တွင်အေအမ်အက်ဖ်မှို ထိုးသွင်းခြင်းဖြင့် အန်တီအောက်ဆီးဒန့် တိုးခြင်း

  • ပလတ်စတစ်အိုး ၂၅ x ၂ဝ စင်တီမီတာတွင် ပိုးသန့်ပြီးမြေ ၅၀၀၀ ဂရမ် ဖြည့်သည်၊
  • အပင်မစိုက်မီ စပိုး ၁၈၀-၂၃၀ နှင့် မှိုမျှင်များပါသော အေအမ်အက်ဖ်မျိုးစ ၂၅၀ ဂရမ် (၅% (w/w) ထည့်သည်။
  • မြေအနည်းငယ်ထည့်သည်။ မျိုးစေ့စိုက်သည်။ မြေဖုံးသည်။
  • ၄၅ ရက်သားမှစ၍ ၃ လသားတွင် အပင်များကို စိစစ်သည် (Hamideh et al 2020)

နံနံ Coriander (Coriandrum sativum L.) တွင် သဘာဝ ဇီဝနှိုးဆော်ဘိုင်အိုစတီမြူးလန့် အေအမ်အက်ဖ် မှိုထိုးသွင်းခြင်း အကျိုးပြုမှု

 

ဇယား ၂ အကျိုးပြုမှု

 

နံနံပင်စားသုံးခြင်း၏ကျန်းမာရေးအကျိုးပြုမှု

  • ၁။ သွေးတွင်းအဆီကျစေသည်။
  • ၂။ အိပ်ပျော်စေသည်
  • ၃။ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေသည်။
  • ၄။  ခန္ဓာကိုယ်ထဲမှ အဆိပ်ထုတ်ပေးသည်။
  • ၅။ သွားနာသက်သာစေသည်။

ထိုးသွင်းအေအမ်အက်ဖ်မှိုများက နံနံပင်ဒြပ်ခြောက်အလေးချိန်တိုးစေခြင်း

 

ထိုးသွင်းအေအမ်အက်ဖ်မှိုများက နံနံပင်ကယ်ရိုတီနွိုက် (မီလီဂရမ်)ပါဝင်မှု တိုးစေခြင်း

 

ထိုးသွင်းအေအမ်အက်ဖ်မှိုများက နံနံပင်ဖလေဗိုနွိုက်၊အန်တီအောက်ဇီဒန့် ပါဝင်မှု ရာနှုန်းတိုးစေခြင်း

 

နံနံပင် သဘာဝဇီဝနိုးဆော်ဘိုင်အိုစတီမြူးလန့်များဖြစ်သော အေအမ်မှိုနှင့် စစ်ထုတ်ပင်လယ်ရေမှော် မြေသြဇာများ၏ ဂေဟစနစ်အတွက် အကျိုးပြုဆက်နွှယ်မှု လုပ်ငန်းများ

 

ကိုးကား

Hamideh F. et al., How mycorrhiza symbiosis help coriander (Coriandrum

sativum L.) plants grow better under contaminated soil?, Journal of Plant Nutrition, (2020). DOI:10.1080/01904167.2020.1766069

Tursun AO Effect of foliar application of seaweed (organic fertilizer) on yield, essential oil and chemical composition of coriander. PLoS ONE 17(6) (2022): e0269067. https://doi.org/10.1371/journal.pone.0269067

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်