ဂန္ဓမာပန်း ကျောက်ရောဂါ (Chrysanthemum white rust)
ဂန္ဓမာပန်းစိုက်သူများ အခေါ် ရောဂါဖြစ်စေသည့်သက်ရှိ ( Puccinia horiana) ကြောင့်ဖြစ်သော ဂန္ဓမာကျောက်ရောဂါ (Chrysanthemum white rust ) သည် ဂန္ဓမာပန်းပင် တစ်ပင်လုံးတွင်ကျရောက်ပြီး အပွင့်အရည်အသွေးကို လျော့ကျစေသည့် မှိုရောဂါတစ်မျိုးဖြစ်သည်။ အရှေ့တောင်အာရှဒေသများဖြစ်သည့် ဂျပန်နှင့် တရုတ်နိုင်ငံများမှ စတင်ဖြစ်ပွားပြီး အခြားဒေသများသို့ ပျံ့နှံလာသည့် ရောဂါတစ်မျိုး ဖြစ်သည်။

အဖြူမှ အဝါဖျော့အရောင် သေးငယ်သောအစက်များကို အရွက်၏ အထက်မျက်နှာပြင်တွင် တွေ့ရှိရမည်။ ၄ မီလီမီတာ အထက်အဝန်းရှိသော ထိုအစက်အပြောက်များသည် အချိန်ကြာလာသည်နှင့်အမျှ အညိုရောင်သို့ ပြောင်းလဲလာကာ အရွက်၏ အောက်မျက်နှာပြင်တွင် ပန်းနုရောင်မှ အဖြူရောင်အစက်များကို ဖြစ်ပေါ်စေသည်။ ရောဂါကျရောက်မှုကို အရွက်နုများ၊ အရွက်ရင့်များ အပင်၏အစိမ်းရောင် အစိတ်အပိုင်းများအားလုံးနှင့် ပန်းပွင်များတွင်တွေ့ရှိရသည်။ ပြောင်းလဲလာသည့် ထင်ရှားသည့်အဖြူရောင်အစက်များကို ရည်ရွယ်၍ ကျောက်ရောဂါ (white rust) ဟုခေါ်ကြသည်။ ရောဂါကျရောက်မှုပြင်းထန်ပါက အရွက်များ အညိုရောင်သို့ပြောင်းပြီး အပင်တစ်ပင်လုံးခြောက်၍သေစေသည်။
ရောဂါဖြစ်စေရသည့် အကြောင်းအရင်းမှာ အပင်သစ်များတွင် ရောဂါများရှိနေခြင်း၊ လေထုထဲမှ မှိုစပိုးများကြောင့် ပျံ့နှံခြင်းဖြစ်သည်။ များသောအားဖြင့် အပင်၏ လေထုစိုထိုင်းဆများပြီး အမြဲစိုစွတ်နေသော အရွက်များတွင် စတင်ရောဂါကျရောက်သည်။ လေထုစိုထိုင်းဆ RH 96-100 % နှင့် အပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်တွင် ရောဂါကျရောက်မှုကို ပို၍တွေ့ရသည်။
များသောအားဖြင့် စပ်မျိုးများတွင် ရောဂါကျရောက်မှု ပိုများသည်ကိုတွေ့ရသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုတွင် ရောဂါကျရောက်မှုပိုများပြီး ခြောက်သွေ့သောရာသီဥတုတွင် ကျရောက်မှုမရှိပါ။ စိုက်ခင်းအတွင်း တစ်ပင်နှင့်တစ်ပင် မှိုစပိုး များမှတဆင့် ကျရောက်ပျံ့နှံကူးစက်ပြီး ရောဂါဖြစ်စေသောမှိုစပိုးများသည် အနီးပတ်ဝန်းကျင်သို့ လေ သို့မဟုတ် မိုးသက်လေပြင်းအားဖြင့် ၀.၂၅ မိုင်အထိ ပျံ့နှံနိုင်သည်။ ရောဂါကျအပင်များအပေါ်သို့ ရေလောင်းခြင်း သို့ မိုးရွာခြင်းကြောင့် ကျရောက်လာသော ရေစက်များမှတဆင့် မှိိုစပိုးများ တစ်ပင်နှင့်တစ်ပင် ကူးစက်ပျံ့နှံ သည်။ ရောဂါဖြစ်စေသောအပူချိန်နှင့် စိုထိုင်းဆ၌ စိုစွတ်နေသောအရွက်များပေါ်တွင် အချိန်ကာလ(၂)နာရီအတွင်း မှိုစပိုးများပေါက်ဖွားကာ ရောဂါဖြစ်စေသည်။ ရောဂါကျအပင်များကို ကိုင်တွယ်ထိတွေ့ထားသော လက်များနှင့် ကိရိယာများမှလည်း အပင်တစ်ပင်နှင့်တစ်ပင်သို့ ရောဂါများကူးစက်နိုင်သည်။
ရောဂါဖြစ်စေသောမှိုစပိုးသည် ရောဂါကျရောက်သော စိုက်ပျိုးမြေ၊ ရောဂါကျအပင်ကြွင်းကျန်များနှင့် ထိတွေ့သုံးစွဲခဲ့သော ကိရိယာများတို့တွင် အချိန်ကာလအနည်းဆုံး ၆ ပတ်နှင့်အထက် ရှိနေနိုင်သည်။ ရောဂါကျရောက်ခဲ့သော စိုက်ခင်းမြေနေရာတွင် အနည်းဆုံး ၂ လ အတွင်း ဂန္ဓမာပန်းပင်အား မစိုက်သင့်ပါ။ ရောဂါကျအပင်များအား မြေမြှုပ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ပြီး မျိုးအသစ်ပြောင်းလဲစိုက်ပျိုးရပါမည်။
ပုံမှန်အားဖြင့် မိမိစိုက်ခင်းအတွင်း ရောဂါကင်းစင်သောမျိုးများကို ရွေးချယ်ဝယ်ယူစိုက်ပျိုးရမည်။ ရောဂါကျရောက်ပါက ဖယ်ရှားရှင်းလင်းရာတွင် ရောဂါကျအပင်၏ အမြစ်ကအစ ဖျက်ဆီးရပါမည်။ မစိုက်ပျိုးမီ မှိုသတ်ဆေးများဖြင့် ဆေးရည်စိမ်ပြီးမှ စိုက်ပျိုးသင့်သည်။ စိုက်ခင်းအား ပြုစုစောင့်ရှောက်ရာတွင် လိုအပ်သည်ထက် စိုထိုင်းဆများပြားခြင်းမရှိစေရန်နှင့် အရွက်များ စွတ်စိုသည့်အချိန်ကာလ နည်းစေရန်အတွက် စိုက်ခင်းရေပေးခြင်းကို ဂရုစိုက်ခြင်းဖြင့် ရောဂါကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်သည်။
ရောဂါလက္ခဏာ စတင်တွေ့ရှိချိန် မှိုသတ်ဆေးများကိုသုံးစွဲရာတွင် ပါဝင်သောအဆိပ်ပစ္စည်းများကို တစ်လှည့်စီလှည့်၍ သုံးစွဲရမည်။ ဥပမာ ထိသေမှိုသတ်ဆေး (ai ကလိုရိုသာလိုနေး / မန်ကိုဇက်) ပါသော မှိုသတ်ဆေးနှင့် ပင်လုံးပြန့်မှိုသတ်ဆေး (ai ပရိုပီကိုနာဇိုး)ကို တစ်လှည့်စီ ၂ ပတ်ခြား ၃ ကြိမ် ပက်ဖြန်းရပါမည်။ ရောဂါကျရောက်မှုကို နှိမ်နင်းရာတွင် ရာသီဥတုအခြေအနေအရ ဆေးဖျန်းခြင်းကို အကြိမ်ကြိမ်ပြုလုပ်ရန် လိုအပ်သည့်အပြင် မှိုစပိုးပေါက်ပွားပြန့်နှံမှု မဖြစ်အောင် စနစ်တကျပြုစုစောင့်ရှောက်ရန် လိုအပ်ပါသည်။
17.3.2020
အေးသန္တာစိုး၊ B.Agr.Sc-1998
Ref; https://gardening.which.co.uk/hc/en-gb/articles/115001017985-Chrysanthemum-white-rust
http://www.chrysanthemums.info/ailments/dis-white-rust.htm
https://www.cabi.org/isc/datasheet/45806
https://en.wikipedia.org/wiki/Chrysanthemum_white_rust
https://pnwhandbooks.org/plantdisease/host-disease/chrysanthemum-white-rust
https://www.ballseed.com/PDF/Chrysanthemum-WhiteRust-Alert&Management-June2018.pdf
kyawsanoi
လွန်ခဲ့သော ၆ နှစ် ကေဆးကို ဘယ္မွာ ရႏိုင္ပါသလဲခင္ဗ်ာ။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020