အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တန်ဖိုးမြင့်…...ကက္ကူရံငါး

တန်ဖိုးမြင့်…...ကက္ကူရံငါး

      ကက္ကူရံငါးမှာ ရေအောက်ငါး (demersal fish) များဖြစ်ကြပြီး ရေငန်ပိုင်း၊ ရေချိုရေငန်တို့တွင် အများဆုံးတွေ့ရလေ့ရှိပြီး ရွှံ့နှင့်သဲရောစပ်နေသော ရေတိမ်ကမ်းပါးများထိလည်း ရမိတတ်ကြသည်။

       ကက္ကူရံငါးမှာ ခန္ဓာကိုယ်ရှည်လျားပြီး ဘေးတိုက်အနည်းငယ်ပြားသည်။ မျက်လုံးကြီးပြီး နှာယောင်ရှည်လျားသည်။ ပါးစပ်ကျယ်ပြီး အောက်သို့ကျနေသည်။ ကျောဆူးတောင်(၂) ခုပါရှိ၍ ထင်ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အကြေးခွံများမှာသေးငယ်၍ ဒေါင်လိုက်ပေါက်သော ဆူးတောင်ဖျားအထိ ဖုံးအုပ်နေတတ်သည်။ ငါး၏အရောင်မှာ ငွေရောင်နှင့် အစိမ်းရောစပ်ထားသောအရောင်မျိုးဖြစ်သည်။ မျှောပိုက်များတွင် ကက္ကူရံငါးကို ရမိတတ်ကြသည်။

       ကက္ကူရံငါးမှာ ဒေသအခေါ်အဝေါ်အရ အမျိုးမျိုးကွဲပြားကြပါသည်။ ရခိုင်ဒေသတွင် 'ငါးတရား (ခေါ်) ငါးတယော (ခေါ်) ပေါင်းဒယား' ဟုအမည်တွင်ကြပြီး တနင်္သာရီဘက်တွင်မူ 'ငကွဲယင် (သို့) ငါးလက်ခွာ' ဟုခေါ်ကြပါသည်။ အင်္ဂလိပ်လို ကက္ကူရံငါးကို Four finger  threadfin ဟုသိရပြီး မွန်ပြည်နယ်ဒေသတွင် 'ကက္ကူရံ' ဟုသာခေါ်ကြပါသည်။

       ကက္ကူရံငါးမှာ ငါးပုဏ္ဏားနှင့်အတူ မျိုးရင်း (Family- Polynemidae) အောက်တွင်ပါဝင်ကြပြီး ဆူးတောင်ရိုးပျော့သောငါး (ray-finned fish) အုပ်စုဝင်များဖြစ်ကြသည်။ ကက္ကူရံငါးမှာ အသားစား (carnivorous) အနွယ်ဝင်များဖြစ်ကြပြီး ငါး၊ ပုစွန်များကို သူတို့၏အစာအဖြစ်စားလေ့ရှိကြသည်။

        ကက္ကူရံငါးမှာ အဆိပ်အတောက်ကင်းသည်ဟုသိရပြီး နေမကောင်းဖျားနာသူများလည်း စားသုံးနိုင်သော ငါးအမျိုးအစားတွင်ပါဝင်ပါသည်။ "ကက္ကူရံ ၁ တုံး၊ ရေ ၁ ပုံး" ဆိုတဲ့ စာဆိုအတိုင်း ဟင်းချက်ရာ၍ အရည်များများဖြင့် ဆီကျန်ရေကျန်ဟင်းချက်စားကြပါသည်။ ဒေသခံများမှာ အရသာကောင်းမွန်သည့် ကက္ကူရံငါးကို ရှေးယခင်ကာလကတည်းက တန်ဖိုးထားစားသုံးခဲ့ကြပါသည်။ ကက္ကူရံငါးအသားလွှာတန်ပူရာကြော်၊ ကက္ကူရံဒန့်သလွန်သီးချက်၊ ကက္ကူရံခေါင်းချဉ်ရည်ဟင်း၊ ကက္ကူရံငါးပေါင်းထုပ်၊ ပဲဆီပေါင်း၊ ဆီကျန်ရေကျန်အစပ်ဟင်းစသည့် ဟင်းလျာများမှာ နာမည်ကြီးသည်။

       ကက္ကူရံငါးခြောက်၊ ကက္ကူရံငါးပုတ်ခြောက်များမှာလည်း ဈေးကောင်းလူကြိုက်များလှပြီး မီးဖုတ်၊ ဆီစိမ်ထားပြီး တန်ဖိုးထားစားသုံးကြပါသည်။ ထိုသာမက ကက္ကူရံငါးမှလည်း ငါးစီပေါင်း (swimbladder or fish maw) ကိုရရှိကြပြီး ဈေးကောင်းရကြပါသည်။

ကက္ကူရံငါးကို-

Phylum (မျိုးပေါင်းစု)- Chordata

Class (အမျိုးအစား) – Actinopterygii

Order (မျိုးစဉ်) – Perciformes

Family (မျိုးရင်း) – Polynemidae

Genus (မျိုးစု) – Eleuthronema

Species (မျိုးစိတ်) – E.tetradactylum ဟူ၍သိရပါသည်။

ကက္ကူရံငါးများမှာ အရသာကောင်းမွန်ပြီး လူကြိုက်များလှသော ဈေးကွက်ဝင်ငါးတစ်မျိုးဖြစ်ကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နွား သေး ကို အပင်ရွက်ဖျန်းဆေးဖြင့်တွဲဖျန်း၍ ရပါသလား။

Aung Aung • ဖြေကြားချက် 5 ခု

ရက်၉၀သားစပါးစိုက်ထားတာ ဘယ်ချိန်လောက်ဆိုအခင်းထဲကိုမဝင်သင့်လဲ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့

ဇင်ကိုလတ် • ဖြေကြားချက် 1 ခု

ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျဘေးနားမှာကြက်ခြံရှိလို့

သူရစိုး • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး

KO Thiha lin • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။