အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
ပြည်တွင်း ရေထွက်ကုန် ဈေးကွက်တွင် ငပိ၊ ငါးခြောက်မျိုးစုံ ဈေးထပ်တက်လာကြောင်း ငပိ၊ ငါးခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။
မျှင်ငပိ ဆားပေါ့ လက်ထောင်း နှစ်ထပ်ထောင်း ၅၀ သား တစ်ဘူးကို ယခင်က ကျပ် ၂၀,၀၀၀ နှင့် နှစ်ထပ်ထောင်း မျှင်ငပိ ၂၅ သား တစ်ဘူးကို ကျပ် ၁၁,၀၀၀ ရှိပြီး လက်ရှိတွင် နှစ်ထပ်ထောင်း ၅၀ သား တစ်ဘူးကို ကျပ် ၂၂,၀၀၀၊ မျှင်ငပိ နှစ်ထပ်ထောင်း ၂၅ သား တစ်ဘူးကို ကျပ် ၁၂,၀၀၀ ဈေးရှိလာကြောင်း သိရသည်။
"မျှင်ငပိ လက်ထောင်းက ဈေးမြင့်ပါတယ်။ ဆားပေါ့တယ်။ သဘာဝ အရသာ အချိုအတိုင်းပဲ။ အခုက အရင်ဈေးနဲ့ ရတဲ့ လက်ကျန် ငပိကုန်တော့ အခြား ကုန်သည်ဆီက ဝယ်ရပြီ ဖြစ်လို့ ဈေးတက် ရောင်းမှ ရတော့မှာပါ။ အခုက ဈေးက အကုန် တက်နေတာပါ" ဟု ဧရာဝတီတိုင်းထွက် မျှင်ငပိ လက်ထောင်း နှစ်ထပ်ထောင်း ရောင်းချသူ တစ်ဦးက ပြောသည်။ကျန်သည့် ဆားဓာတ်ပါသည့် ငပိဈေးနှုန်းများ အနေဖြင့် အမျိုးအစားပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
ယခင် ဇူလိုင် ပထမပတ် ဝန်းကျင်က အငန်ဓာတ်ပါသည့် ငပိတစ်ပိဿာလျှင် အမျိုးအစားအလိုက် အမြင့်ဆုံး ကျပ် ၁၅,၀၀၀ သာ ရှိကြောင်း သိရသည်။
"ငပိဈေးကြားပြီး သွေးတက်တယ်။ ဘာမှ မကောင်းတဲ့ ငပိတောင် ငါးဆယ်သား ကျပ် ၁,၅၀၀ တဲ့။ အရင်လက ဆိုင်မှာ အကောင်းဆုံးဆိုတာ ဝယ်မှ ၅၀ သားကို ကျပ် ၈,၀၀၀ အများဆုံး ရှိတာ။ အခု ဈေးတွေက မတရား တက်ကုန်တယ်။ ငါးခြောက်ဈေးကလည်း အနားမကပ်နိုင်ဘူး။ အသားဈေးတွေထက် နှစ်ဆ ဈေးတွေ ဖြစ်နေတယ်" ဟု စားသုံးသူ ပြည်သူ ဒေါ်စိုးစိုးဝင်းက ပြောသည်။

ငပိအပြင် ငါးခြောက်မျိုးစုံလည်း ဈေးထပ်တက်လာပြီး ငနီတူ တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀ ကျော်၊ ငါးအုန်းရွှေဝါ တစ်ပိဿာလျှင် ကျပ် ၉၀,၀၀၀ နီးပါး၊ ငါးကျည်းခြောက် တစ်ပိဿာလျှင် ကျပ် ၂၀၀,၀၀၀ နီးပါး စသဖြင့် အမျိုးအစား အားလုံး ဈေးတက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ငပိ၊ ငါးခြောက်မျိုးစုံသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ အဓိက အများဆုံး ထွက်ရှိခြင်း ဖြစ်ကြောင်း၊ ယခုကာလတွင် နယ်မြေ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်ပစ္စည်း ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသများမှ ထွက်ရှိသည့် ငပိ၊ ငါးခြောက်များကို ရန်ကုန် အပါအဝင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်များသို့ လက်ကား ပြန်လည် ဖြန့်ဖြူး ရောင်းချကြခြင်း ဖြစ်ကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ရေဆင်းပဲပုပ် ၁၁ အကြောင်းပြောပြပါ
May Myat Oo • ဖြေကြားချက် 1 ခု
ခရမ်းသီးပင်တွေ အညွှန့်တွေ ငြိုးကျနေလို့ပါ ဘယ်လိုပြုပြင်ရမလဲ ဆရာတို့ ကူညီပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဆရာတို့ခူတွေအရမ်းကျတာဘာဆေးတွေသုံးရမလဲခူကခူဝါတေပါ
Ye Win Naing • ဖြေကြားချက် 0 ခု
မတ်ပဲ ကျဲရာတွင် လက်ပေါက်ညီအောင် နေရာလွတ်မကျန်အောင် ကျဲပုံ ကျဲနည်းလေးများ သိချင်ပါတယ်ခင်ဗျ လယ်အခုမှ စလုပ်တဲ့သူမို့ပါ တခါမျှမကျဲဖူးသေးလို့ပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026