ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
“ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ”
ကွက်ဆန်းဂုံးကောင်ကိုအင်္ဂလိပ်လို calico clam ဟုခေါ်ဆိုကြပြီး ဒေသအခေါ်မှာ "ကွက်ဆန်းဂုံးကောင်” သို့မဟုတ် "ပြောက်ကျား ဂုံး" ဟု ခေါ်ကြသည်။ "Calico" ဆိုသည်မှာ ပြောက်ကျား သို့မဟုတ် အကွက်အပြောက်များကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်း၏ အခွံပေါ်တွင် အညိုရောင်နှင့် ဝါကြင့်ကြင့် အရောင်အကွက်များ စစ်တုရင်ခုံကဲ့သို့ စိတ်ဝင်စားဖွယ် ပါရှိတတ်ပါသည်။ ၎င်းကို သိပ္ပံအမည်ဖြင့် Megapitaria maculata (သို့မဟုတ်) Macrocallista maculata ဟု ခေါ်ဆိုပြီး ဗီးနပ်စ်ဂုံး (Venus clam) မျိုးရင်းဝင် ဖြစ်ပါသည်။
အလေ့အထ
ကွက်ဆန်းဂုံးကောင်သည် လှပသော အကွက်အပြောက်ပုံစံ အခွံများရှိသည့် အကြေးခွံနှစ်ခုပါ ရေနေကောင် (Bivalve Mollusk) အမျိုးအစား ဖြစ်ပြီး ၄င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်သည် ကမ်းလွန်ပင်လယ်ပြင်များ၏ သဲမြေ သို့မဟုတ် ကြမ်းတမ်းသော သဲနုန်းမြေများအောက်တွင် မြှုပ်၍ နေထိုင်ကြသည်။အများစုကို ပင်လယ်ရေအနက် ၃၆ ပေ မှ ၇၂ ပေ (၁၁ မီတာ မှ ၂၂ မီတာ) ကြားတွင် တွေ့ရတတ်ပြီး၊ အချို့မှာ ရေအနက် ပေ ၁၈၀ (၅၅ မီတာ) အထိ နက်သော နေရာများတွင် နေထိုင်နိုင်
သည်။မြောက်ကာရိုလိုင်းနားမှသည် ဖလော်ရီဒါ၊ ပင်လယ်ကွေ့ဒေသ၊ ကာရစ်ဘီယံနှင့် ဘရာဇီးနိုင်ငံ ကမ်းရိုးတန်းအထိ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေတလျှောက်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေထိုင်ကြသည်။
အစားအသောက်နှင့် အာဟာရရှာဖွေပုံ
ကွက်ဆန်းဂုံးကောင်တို့သည် ရေထဲတွင် မျောပါနေသော အမှုန်အမွှားများကို စစ်ထုတ်စားသုံးသည့် Filter Feeders များ ဖြစ်ကြသည်။သဲထဲတွင် မြှုပ်နှံနေထိုင်ရင်း ၎င်းတို့၏ ရေစုပ်ပြွန်ကို သဲပေါ်သို့ အနည်းငယ် ထုတ်ထားကြသည်။၎င်းပြွန်မှတဆင့် ပင်လယ်ရေများကို ကိုယ်ထဲသို့ စုပ်ယူပြီး ရေထဲတွင် ပါလာသော ပလန်တန် (အပင်မျှော) နှင့် အဏုဇီဝပိုးမွှားများကို စစ်ထုတ်စားသုံးကာ အောက်ဆီဂျင်ကိုပါ ရှုရှိုက်ကြသည်။
ရွေ့လျားမှုနှင့် မိမိကိုယ်ကို ကာကွယ်ခြင်း
အသက်အရွယ်ရလာသော ကွက်ဆန်းဂုံးကောင်များသည် တစ်နေရာတည်းတွင် အတည်တကျ နေထိုင်လေ့ရှိသည်။၄င်းတို့တွင် သန်မာသော ကြွက်သားခြေထောက်တစ်ခု ပါဝင်ပြီး ယင်းကို အသုံးပြု၍ သဲထဲသို့ လျင်မြန်စွာ တိုးဝင်မြှုပ်နှံနိုင်ကြသည်။ ရန်သူ သို့မဟုတ် အန္တရာယ်နှင့် ကြုံတွေ့ရပါက ခိုင်မာသော အခွံနှစ်ချပ်ကို တင်းကျပ်စွာ ပိတ်ထားခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ကြသည်။
မျိုးပွားခြင်း အလေ့အထ
ကွက်ဆန်းဂုံးကောင်တို့သည် မျိုးဥနှင့် သုတ်ပိုးများကို ပင်လယ်ရေထဲသို့ တပြိုင်နက်တည်း ထုတ်လွှတ်ပြီး ပြင်ပတွင် သန္ဓေအောင်စေသည့် Broadcast Spawners များ ဖြစ်ကြသည်။သန္ဓေအောင်ပြီးနောက် ထွက်လာသော သားလောင်းများသည် ရေထဲတွင် လွတ်လပ်စွာ ကူးခတ်သွားလာကြပြီး၊ အခွံများ စတင် လေးလံလာချိန်တွင် ပင်လယ်ရေအောက်ခြေသို့ ဆင်းသက်ကာ သဲထဲ၌ အခြေချ နေထိုင်ကြသည်။
ပုံသဏ္ဌာန်
ကွက်ဆန်းဂုံးကောင်၏ အခွံပုံသဏ္ဌာန်သည် ချောမွေ့ပြောင်လက်ပြီး ဘဲဥပုံ သို့မဟုတ် အနည်းငယ် ဝိုင်းဝန်းသော ပုံသဏ္ဌာန် ရှိပါသည်။ ၎င်းကို အင်္ဂလိပ်လို Checkerboard Shell ဟုလည်း ခေါ်ကြပြီး ထူးခြားသော ပုံသဏ္ဌာန်နှင့် အရောင်အသွေး ရှိပါသည်။ ကွက်ဆန်းဂုံးကောင်၏ အဓိက ပုံပုံသဏ္ဌာန်နှင့် အခွံသည် အရှည်ဘက်သို့ အနည်းငယ် ထွက်နေသော ဘဲဥပုံစံ (Egg-shaped) ရှိသည်။ အခွံမျက်နှာပြင်သည် ပွတ်တိုက်ထားသကဲ့သို့ အလွန်ချောမွေ့ပြီး ပြောင်လက်နေတတ်သည်။ အခွံပေါ်တွင် သဲသဲကွဲကွဲ မဟုတ်ဘဲ အလွန်နုညံ့သိမ်မွေ့သော အစင်းကြောင်း (Growth lines) ကလေးများ ရှိပါသည်။
အရွယ်အစား
ကွက်ဆန်းဂုံးကောင်သည် အရွယ်အစားအလျားအားဖြင့် ပုံမှန်အားဖြင့် ၂ လက်မမှ ၃ လက်မဝန်းကျင် (၅၀ မီလီမီတာမှ ၇၀ မီလီမီတာခန့်) အထိ ရှိတတ်ကြပါသည်။
ထူးခြားချက်
ကွက်ဆန်းဂုံးကောင်သည် Veneridae မျိုးရင်းဝင် ကမာ/ယောက်သွားအမျိုးအစား ဖြစ်ပြီး ၎င်း၏ ထူးခြားဆန်းပြားသော အခွံအရောင်အသွေးကြောင့် ကမ်းခြေတွင် ခရုခွံရှာဖွေသူများကြား အလွန်ရေပန်းစားလှသည်။ ၎င်းတို့၏ ထူးခြားချက်များမှာ ခရုခွံမျက်နှာပြင်ပေါ်တွင် အညိုရောင်နှင့် အဝါနုရောင် (သို့မဟုတ်) ခရမ်းညိုရောင်ရှိသော စစ်တုရင်
ခုံကွက်ကဲ့သို့ အကွက်အပြောက်များ ပါရှိသည်။ အခွံ၏ အပြင်ဘက်ဆုံးအလွှာသည် အလင်းပေါက်ပြီး ဖယောင်းသုတ်ထားသကဲ့သို့ အလွန်ပြောင်ချောတောက်ပြောင်သည်။ အခွံသည် ဝိုင်းဝန်းသော ပုံစံမှသည် ဘဲဥပုံသဏ္ဌာန် (Oval or Egg-shaped) ရှိသည်။
ကွက်ဆန်းဂုံးကောင်သည် ပင်လယ်ရေတိမ်ပိုင်းနှင့် သဲသောင်ပြင်များ၊ အထူးသဖြင့် ရေအောက်မြက်ခင်းပြင် အနီးရှိ သဲနက် သို့မဟုတ် သဲကြမ်းများထဲတွင် ကိုယ်ထည်ကို မြှုပ်နှံပြီး နေထိုင်တတ်သည်။ သဲထဲတွင် မြဲမြံစွာ ကျောက်ချရပ်တည်နိုင်ရန် ၎င်းတို့၏ သန်မာသော ကြွက်သားခြေထောက်ကို အသုံးပြုသည်။ ၎င်းတို့သည် Filter Feeders များ ဖြစ်ကြပြီး ပင်လယ်ရေကို စုပ်ယူစစ်ထုတ်ကာ ရေထဲပါဝင်သော ပလန်တွန် (Plankton) နှင့် အာဟာရဓာတ်များကို စားသုံးကြသည်။
စားသုံးပုံ
ကွက်ဆန်းဂုံးကောင်ကို ချက်ပြုတ်၍လည်းကောင်း၊ အစိမ်းလိုက် သို့မဟုတ် အသုပ်ပြုလုပ်၍ လည်းကောင်း ဇိမ်ခံအစားအစာတစ်ခုအဖြစ် စားသုံးနိုင်ပါသည်။ ဤပင်လယ်စာကို စနစ်တကျ ပြင်ဆင်ချက်ပြုတ်စားသုံးပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ကွက်ဆန်းဂုံးကောင်များကို ရေအေးထဲတွင် ဆားအနည်းငယ်ထည့်၍ ၁ နာရီမှ ညသိပ်အထိ စိမ်ထားပါ။ ၎င်းတို့အတွင်းရှိ သဲနှင့် ရွှံ့များကို အလိုအလျောက် ထွေးထုတ်ပေးပါလိမ့်မည်။ မချက်ပြုတ်မီ ကမာခွံများကို ဘရက်ရှ်ဖြင့် သေချာပွတ်တိုက်ပြီး ရေဆေးချပါ။

ချက်ပြုတ်စားသုံးနည်းများ
ပေါင်းခြင်း - ကွက်ဆန်းဂုံးကောင်ကို ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်နှင့် စပျစ်ဝိုင်ဖြူ (သို့မဟုတ်) ရေအနည်းငယ်ထည့်ကာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် ပေါင်းပေးပါ။ အခွံများ ပွင့်လာပါက စားသုံးရန် အသင့်ဖြစ်ပါပြီ။
ကင်ခြင်း - ကွက်ဆန်းဂုံးကောင်ကို မီးဖိုပေါ်တွင် အခွံလိုက် တိုက်ရိုက်တင်ကင်နိုင်ပါသည်။ အခွံပွင့်လာပါက ထောပတ်၊ ကြက်သွန်ဖြူဆီချက် သို့မဟုတ် ချီစ် တင်၍ စားသုံးနိုင်ပါသည်။
ဟင်းရည်ချက်ခြင်း - ဂုံးသားကို တုံး၍ ပင်လယ်စာစွပ်ပြုတ်၊ အာလူးကမာဟင်းရည် သို့မဟုတ်ခေါက်ဆွဲဟင်းရည်များထဲတွင် ထည့်ချက်နိုင်ပါသည်။
ခေါက်ဆွဲ/ထမင်းကြော်တွင် ထည့်ခြင်း - အီတလီစတိုင် ပင်လယ်စာခေါက်ဆွဲ သို့မဟုတ် ပင်လယ်စာထမင်းကြော်များတွင် အသားကို ထုတ်၍ ထည့်ကြော်နိုင်ပါသည်။
အစိမ်းလိုက် သို့မဟုတ် အသုပ်ပြုလုပ်ခြင်း - လတ်ဆတ်သော ဂုံးကောင်ကြီးများကို အခွံခွာပြီး ရေခဲပေါ်တင်ကာ သံပရာရည်၊ ငရုတ်သီးဆော့စ်တို့ဖြင့် တိုက်ရိုက်ဆမ်း၍ စားသုံးကြပါသည်။
မက္ကဆီကန်စတိုင်အသုပ်-ဂုံးသားကို သံပရာရည်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးတို့နှင့်သုပ်၍ အအေးခံစားသုံးပါက အလွန်မြိန်လှပါသည်။
ကျန်းမာရေးအတွက် အသုံးဝင်ပုံ
ကွက်ဆန်းဂုံးကောင်သည် အညိုရောင်ကွက်ကျား အစက်အပြောက်ပုံစံရှိသော လှပသည့် ပင်လယ်
ခရုကမာ အမျိုးအစားတစ်ခုဖြစ်ပြီး ၎င်း၏ အဓိကအသုံးဝင်ပုံမှာ-
၁။ ပရိုတင်းဓာတ် ကြွယ်ဝခြင်း
ကွက်ဆန်းဂုံးကောင်သည် ခန္ဓာကိုယ်ကြွက်သား ဖွံ့ဖြိုးမှုအတွက် လိုအပ်သော ပရိုတင်းနှင့် အမိုင်နို
အက်ဆစ်များကို ပေးစွမ်းနိုင်ပါသည်။ ကွက်ဆန်းဂုံးကောင်သည် အဆီနည်းပြီး စွမ်းအင်ပြည့်ဝသော အစားအစာ ဖြစ်သည်။
၂။ ဗီတာမင် B12 နှင့် သံဓာတ်ကြွယ်ဝခြင်း
ကွက်ဆန်းဂုံးကောင်တွင် သွေးအားနည်းရောဂါကို ကာကွယ်ပေးသည့် သံဓာတ်နှင့် ဦးနှောက်နှင့် အာရုံ
ကြောစနစ်ကို ကောင်းမွန်စေသော ဗီတာမင် B12 Nutrivore ဓာတ်များ အမြောက်အမြား ပါဝင်သည်။
၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
ကွက်ဆန်းဂုံးကောင်များသည် သွေးဖိအားကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို သက်သာစေ
သည့် Omega-3 Fatty Acids Crystal of the Sea ပါဝင်သည်။
သတိပြုရန်အချက်များ
ချက်ပြုတ်ပြီးနောက် အခွံပွင့်မလာသော ကွက်ဆန်းဂုံးများကို လုံးဝ (လုံးဝ) မစားသုံးရပါ (၎င်းတို့သည် မလတ်ဆတ်ဘဲ သေနေသောကြောင့် ဖြစ်နိုင်ပါသည်)။ သေချာစွာ ကျက်အောင်ချက်ပြုတ်ခြင်းက ပင်လယ်စာတွင်ပါတတ်သော ဗက်တီးရီးယားအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။
လူသုံးကုန်ပစ္စည်းနှင့် လက်မှုထည်များအတွက် အသုံးဝင်ပုံ
ကွက်ဆန်းဂုံးကောင်၏အခွံသည် ပြောင်ချောပြီး ထူးခြားလှပသော အကွက်များ ရှိခြင်းကြောင့် ပင်လယ်
ကမ်းခြေ အမှတ်တရပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းများ ပြုလုပ်ရာ
တွင် အသုံးများသည်။ငါးမွေးကန် အလှဆင်ရာတွင် ရေငန်ငါးမွေးကန် စိုက်ပျိုးသူများအကြား ရေကန်
အတွင်း သဘာဝအတိုင်း လှပစေရန် သန့်ရှင်းသောသဲနှင့်အတူ ထည့်သွင်းမွေးမြူလေ့ရှိသည်။
ဂေဟစနစ်အကျိုးပြုပုံ
ရေဂေဟစနစ်အသုံးအနှုန်းအရ ကွက်ဆန်းဂုံးကောင်များသည် ပင်လယ်ရေအောက် ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်အတွက် အရေးပါသော ကဏ္ဍမှ ကူညီထောက်ပံ့ပေးနေသည့် သက်ရှိတစ်မျိုး ဖြစ်ပါသည်။၎င်းတို့သည် အောက်ပါအတိုင်း ပင်လယ်နှင့် ကမ်းရိုးတန်း ဂေဟစနစ်ကို အကျိုးပြုကြ
သည်။
၁။ သဘာဝရေစစ်ထုတ်စနစ် (Water Filtration)
ကွက်ဆန်းဂုံးကောင်များသည် ရေထဲတွင်ရှိသော အဏုဇီဝပိုးမွှားများ၊ ရေမှော်များနှင့် အနည်အနှစ်များကို ဖမ်းယူစားသုံးကြသည်။ ထိုသို့ စားသုံးခြင်းဖြင့် ရေထုကို သန့်စင်စေပြီး နေရောင်ခြည်ရေအောက်ထဲအထိ ပိုမိုဖြာကျနိုင်စေသည်။ရေအောက်ပင်လယ်မြက်ခင်းများနှင့် အခြားအပင်များ အလင်းမှီစုဖွဲ့ခြင်းကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးသည်။
၂။ အစာကွင်းဆက်ကို ထိန်းညှိပေးခြင်း (Food Web Support)
ကွက်ဆန်းဂုံးကောင်တို့သည် ဂေဟစနစ်၏ အရေးပါသော အစာအရင်းအမြစ်တစ်ခု ဖြစ်သည်။ငါးကြီးများ၊ ကဏန်းများ၊ ပင်လယ်ငှက်များနှင့် အခြားသော အသားစားရေသတ္တဝါများအတွက် အာဟာရပြည့်ဝသော အစားအစာ ဖြစ်စေသည်။
၃။ ရေအောက်သတ္တဝါများအတွက် ခိုလှုံရာပေးခြင်း (Habitat Creation)
ကွက်ဆန်းဂုံးကောင်များ သေဆုံးသွားသည့်အခါ ကျန်ရစ်ခဲ့သော ၎င်းတို့၏ မာကျောသည့် ကမာခွံ (Shells) များသည် ရေအောက်သတ္တဝါငယ်လေးများ (ဥပမာ- ကဏန်းငယ်၊ ငါးအသေးလေးများနှင့် ရေမှော်ပင်များ) အတွက် ပုန်းခိုရာနှင့် တွယ်ကပ်ရှင်သန်ရာ အိမ်အဖြစ် အသုံးတော်ခံကြသည်။
၄။ ကာဗွန်နှင့် နိုက်ထရိုဂျင် ထိန်းညှိပေးခြင်း (Nutrient Cycling)
ကွက်ဆန်းဂုံးကောင်တို့သည် ရေထဲတွင် ပိုလျှံနေသော နိုက်ထရိုဂျင်နှင့် ဓာတ်ပစ္စည်းများကို စုပ်ယူထိန်းညှိပေးခြင်းဖြင့် ရေထုအဆိပ်သင့်စေမည့် ရေမှော်ပင်များ အလွန်အကျွံ ပေါက်ပွားခြင်းကို တားဆီးပေးသည်။ ၎င်းတို့၏ အခွံများ တည်ဆောက်ရန် ကာဗွန်ကို အသုံးပြုခြင်းကြောင့် ပင်လယ်ပြင်အတွင်း ကာဗွန်ဓာတ် ထိန်းညှိမှုကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီပေးသည်။
အချုပ်အားဖြင့် ဆိုရသော်-
ကွက်ဆန်းဂုံးကောင်သည် သဘာဝအားဖြင့် ထူးခြားလှသည့်အပြင် လူသုံးကုန်ပစ္စည်းပြုလုပ်ရာတွင် အသုံးဝင်သည့်အပြင် ဂေဟစနစ်ကိုပါ ကောင်းကျိုးပြုသော ရေနေသတ္တဝါဖြစ်ပါကြောင်းလေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026