တစ်ပတ်အတွင်းကမ္ဘာ့ရော်ဘာစျေးကွက် သုံးသပ်ချက်

18/05/2018 16:53 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြီးခဲ့တဲ့သောကြာနေ့မှာ short covering လုပ်ကြတော့ ဈေးအတက်နဲ့ပိတ်သွားပေမယ့်၊ တိုကျိုရဲ့ စံရော်ဘာဈေးဟာ တနင်္လာနေ့မှာ မဆိုစလောက်လေးကျသွားပါတယ်။ ရှန်ဟိုင်းအကျနောက်လိုက်ပြီး အရန်ရော်ဘာလည်းများနေ၍ အထိနာသွားပါတယ်။ 

အရှေ့တောင်အာရှ၏ ရော်ဘာဈေး အတက်အကျကိုဖြစ်စေတဲ့ TOCOM ရာ်ဘာဈေးဟာ ယန်းငွေအကျရဲ့ အထောက်အပံ့ကိုရနေပေမယ့် အရန်ရော်ဘာအလွန်များနေခြင်းက ဖိအားပေးနေပါတယ်။ ( ယန်းငွေဈေးကျရင် ရော်ဘာအဝယ်လိုက်ပြီး ဈေးတက်ရဘို့ရှိပေမယ့် အရန်ရော်ဘာများနေတော့ ဝယ်လိုအားမရှိပဲ ဈေးမလိုက်ဖြစ်နေတယ်။)

" အရန်ရော်ဘာတွေက များနေတုန်းပဲ။ ပြီးတော့ များနေတဲ့ စတော့ကိုလျှော့ချတာကလည်း အတော်နှေးနေတယ်" လို့ လီ ဒေါင်လင်းကပြောပါတယ်။ သူက First Future မှ အကြီးတန်းဈေးကွက်ဆန်းစစ်သူပါ။

" ဒါပေမယ့် အကျကို ကန့်သတ်ထားပါလိမ့်မယ်။ ဘာကြောင့်ဆို ရော်ဘာတင်သွင်းမှုက သိပ်မများဘူးလေ။ ပြီးတော့ ဝယ်လိုအားလည်း အတော်ကောင်းနေတယ်" လို့ လီကပြောပါတယ်။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးအတက်အကျကိုဖြစ်စေတဲ့ တိုကျိုရဲ့စံရော်ဘာဟာ အင်္ဂါနေ့မှာ ရှန်ဟိုင်းအကျနောက် လိုက်ပါသွားပါတယ်။ တချို့ရင်းနှီးမြှုပ်နှံသူတွေက တိုင်ယာကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ရော်ဘာတွေစုပုံနေတဲ့ကြားက short position လုပ်ကြလို့ပါပဲ။ 

TOCOM ရဲ့ အောက်တိုဘာကန်ထရိုက်ရော်ဘာဈေးဟာ ၄.၂ ယန်းကျပြီး ၁၈၈.၁ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ ရှန်ဟိုင်းဈေးအကျရဲ့ ဖိအားကြောင့်ပါ။

" ရှန်ဟိုင်းမှာ short position လုပ်တယ်( ဈေးကျမယ်ထင်လို့ ကန်ထရိုက်ကိုချေးပြီး ရောင်းကြတယ်။ ပြီးရင် သူတို့ရောင်းခဲ့တဲ့ ဈေးထက်ကျသွားရင် ပြန်ဝယ်ပြီး ဆပ်မယ်) ဆိုတော့ ဈေးကျတယ်" လို့ Tang Xiaonan ကပြောပါတယ်။ သူက JLC Network Technology Co Ltd ရဲ့ ဈေးကွက်ဆန်းစစ်သူပါ။ 

ရှန်ဟိုင်းရဲ့ SHFE မှာ အနုတ်အသိမ်းများတဲ့ စက်တင်ဘာကန်ထရိုက်လမှာ ရော်ဘာဈေးဟာ ယွမ် ၂၃၀ ကျပြီး ၁၁၄၄၀ ယွမ်/တန်ဈေးနဲ့ ပိတ်သွားတယ်။ 

" အခြေခံအချက်တွေအနေနဲ့၊ ရှန်ဟိုင်းရဲ့ အရန်ရော်ဘာတွေ ဆက်လက်များနေတုန်းမှာ ဝယ်လိုအားလည်း ငြိမ်နေတယ်။ ရော်ဘာဈေးဟာ မေနဲ့ ဇွန်လတွေမှာလည်း ဆက်လက်အားနည်းနေမယ်လို့ မျှော်လင့်တယ်" လို့ တန်ကပြောပါတယ်။

တနင်္လာနဲ့ အင်္ဂါမှာ ၂ ရက်ဆက်တိုက်ကျပြီး၊ ဗုဒ္ဓဟူးနေ့မှာ တိုကျိုရဲ့ စံရော်ဘာဟာ အနည်းငယ်တက်ပြီး ဈေးပိတ်သွားတယ်။ 

" ရော်ဘာကြိုရောင်း ကြိုဝယ်ဈေးကွက်မှာ ယခုအခါမှာ တော်တော်လေး တည်ငြိမ်နေပါတယ်။ တဘက်က အရန်ရော်ဘာများနေတဲ့ဖိအားရှိေနသလို အခြားတဘက်ကလည်း သမိုင်းတွင်လောက်အောင် အနိမ့်မှတ်ကိုရောက်နေတယ်" ဒါကို Peng Cheng ကပြောတာပါ။ သူက Everbright Future ရဲ့ အကြီးတန်း ဆန်းစစ်သူတယောက်ပါ။

ကြာသပတေးနေ့မှာတော့ တိုကျိုစံရော်ဘာဟာ အဆုံးသတ်မှာ အမြင့်နဲ့ ပိတ်သွားတာက ဒုတိယနေ့အဖြစ် ရှန်ဟိုင်းအတက်နောက်လိုက်ပါသွားတာပဲဖြစ်တယ်။ TOCOM မှာ အောက်တိုဘာကန်ထရိုက်ဈေးဟာ ၁.၄ ယန်းတက်ကာ ၁၈၉.၉ ယန်း/ကီလိုဂရမ်ဈေးနဲ့ပိတ်သွားတယ်။

" ဒါက ပုံမှန်ဖြစ်နေကျ ဈေးမတည်ငြိမ်မှုပါပဲ။ အခြေခံအချက်တွေဘက်ကကြည့်ရင် ဈေးနှုန်းတွေက ဖိအားရှိနေတုန်းပဲဗျ။ အရန်ရော်ဘာတွေက များနေသေးတယ်လေ" တန် ရှောက်နန်က ပြောပါတယ်။

ခုသောကြာနေ့မှာတော့ ကြာသပတေးနေ့ထက်ပိုကာ ၄ ယန်းတက်ပြီး ၁၉၃.၉ ယန်းဈေးနဲ့ ပိတ်သွားတယ်။ ၃ ရက်ဆက်တိုက်တက်ပြီး ဒီအပတ်အတွက် အဆုံးသတ်သွားတာပါပဲ။

နိဂုံးအနေနဲ့ short covering လုပ်လို့ ဈေးတက်ရခြင်းကို ပြောပြချင်တယ်။ ဒါပေမယ့် Short-covering ကိုမပြောခင် Short Selling ကိုပြောရပါမယ်။

Short selling ဆိုတာ ဈေးကွက်ဗျူဟာတခုပဲ။ အရင်းအနှီးရှာတဲ့နည်းတခု။ ရှာပုံက ပစ္စည်းတမျိုး သို့မဟုတ် ရှယ်ယာတခုဟာ ဈေးကျမယ်လို့ မျှော်မှန်းထားတယ်ဆိုပါစို့ short ရောင်းသူဟာ ဈေးတက်နေချိန်မှာရောင်းလိုက်ပြီး ဈေးကျချိန်မှာဝယ်လိုက်တာပါပဲ။

လုပ်ပုံက  ၃ ဆင့်ရှိတယ်။

၁။ Broker ဆီက ရှယ်ယာကို ချေးငှားတယ်

၂။ ရှယ်ယာကို ဈေးကွက်ပေါက်ဈေးအတိုင်း ချက်ချင်းရောင်း

၃။ ကိုယ်မျှော်လင့်ထားတဲ့ဈေးရောက်ရင် ရှယ်ယာကိုပြန်ဝယ်။ ကိုယ် ချေးထားသူကို ရှယ်ယာပြန်ပေး

ရှယ်ယာဈေးကျသွာူတယ်ဆိုရင် ပိုတဲ့ပိုက်ဆံကို အိပ်ထဲထည့်လိုက်ရုံပဲ။ ဈေးတက်သွားရင် အရှုံးပေါ့။

ဥပမာတခုနဲ့ပြောပြမယ်။

ဦးညွန့်က ABC ကုမ္ပဏီရဲ့ ရှယ်ယာ မကြာခင်ကျမယ်လို့ သူတွက်ထားတယ်။ ဒါနဲ့ Broker ရှယ်ယာပွဲစားကိုခေါ်လိုက်ပြီး short sell လုပ်ဘို့ ABC ကုမ္ပဏီရှယ်ယာ ၁၀၀ ကို ချေးငှားလိုက်တယ်။ ABC ရှယ်ယာရဲ့ လက်ရှိဈေးက $၂၅ ဖြစ်တယ်။ ဦးညွန့်က ရှယ်ယာကိုချက်ချင်းရောင်းလိုက်ေတာ့ $၂၅၀၀ ရသွားတယ်။ 

၂ ပတ်လောက်ကြာတော့ ရှယ်ယာဟာ တကယ်ဈေးကျသွားတယ်။ အခုဆိုရင် ABC ရဲ့ရှယ်ယာဟာ $၂၀ ပဲရှိတော့တယ်။ ဒါနဲ့ ဦးညွန့်က $၂၀၀၀ သုံးပြီးပြန်ဝယ်တယ်။ (ဒါကို Short covering လုပ်တယ်လို့ ခေါ်တာပါပဲ။ သူ့ရဲ့ short အရောင်းကို ကို cover ဖြစ်အောင်ပြန်ဝယ်တယ်ပေါ့။) ရလာတဲ့ ရှယ်ယာ ၁၀၀ ကို Broker ကိုပြန်ဆပ်လိုက်တယ်။ ဒီအရောင်းအဝယ်ကနေ ဦးညွန့် $၅၀၀ မြတ်လိုက်တယ်။ 

တကယ်လို့ သူထင်သလိုမဖြစ်ပဲ ရှယ်ယာဈေးက $၂၇ ဖြစ်သွားရင် ဦးညွန့်တော့ $၂၀၀ ရှုံးပြီပေါ့။ 

ဈေးကွက်မှာ short selling လုပ်သူတွေများရင် short covering လုပ်သူများမယ်။ ဆိုရင် ရှယ်ယာကို အများကလုဝယ်သလိုဖြစ်ရင် ဈေးပြန်တက်မယ်လေ...။ ပြီးခဲ့တဲ့သောကြာနေ့မှာ TOCOM မှာဖြစ်တဲ့ ဈေးတက်မှုဟာ ဒါကြောင့်ပါပဲ။ 

 

ကိုညီသွေး


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်