မျိုးသန့်မျိုးစေ့ကိုသာ စိုက်ပျိုးပါ

03/07/2022 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

စပါးသီးနှံစိုက်ပျိုးရာတွင် မျိုးသန့်မျိုးစေ့ကို အသုံးပြုစိုက်ပျိုးရန် တိုက်တွန်းပါရစေ။ ငွေကြေး၊ လုပ်အား၊ အချိန်တွေရင်းနှီးရသဖြင့် ထိုက်တန်သော အကျိုးအမြတ်ကို ရရှိစေလိုသည်။ လုပ်ကိုင်မှုမှန်ကန်ကောင်းမွန်ပြီး ရာသီဥတုမှန်ပါက မျှော်လင့်ချက် ပြည့်ဝနိုင်သည်။ လိုအပ်ချက်များစွာရှိပါမည်။ စိုက်ပျိုးအောင်မြင်ဖို့ အရေးအကြီးဆုံးမှာ မျိုးစေ့လို့ ပြောလိုပါသည်။ 

တောင်သူလယ်သမားကြီးများသည်စိုက်ပျိုးချိန်၌ လက်ဝယ်တွင် မျိုးမရှိမှုများ မျိုးမလုံလောက်သောအခက်အခဲများကြောင့် မျိုးရှာဖွေမှုများကို လုပ်ကိုင်လာကြောင်း  ကြားသိနေရသည်။ အကောင်းမြင်ဘက်မှကြည့်လျင် ‘မျိုးစေ့’ကို စိတ်ဝင်စားသူ၊ ‘မျိုးစေ့’(Seed) နှင့် ‘သီးနှံစေ့’(Grain)ကို ခွဲခြားနားလည်လာသူ များပြားလာသည်ဟု ယူဆပါသည်။

မျိုးစေ့အရည်အချင်းများ

မျိုးဆိုရုံဖြင့် မပြီးပါ။ အသေးစိတ်သိရှိသင့်ပါသည်။ ပထမအချက်မှာ အထွက် ကောင်းသောမျိုး ဖြစ်ရမည်။ ဒုတိယအချက်မှာ စိုက်ပျိုးမည့် ရေမြေရာသီဥတုနှင့် ကိုက်ညီရမည်။ စိုက်မည့်ဒေသမှာ ကျရောက်လေ့ရှိသော ပိုးမွှားရောဂါတွေကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။ တတိယအချက်မှာ စိုက်ပျိုးမည့်တောင်သူလယ်သမားကိုယ်တိုင် ကြိုက်နှစ်သက်သည့်အရည်အချင်းတွေနှင့် ပြည့်စုံသောမျိုး ဖြစ်ရပါမည်။

ထိုမျှနှင့်မပြီးသေးပါ။ အရေးကြီးသည်များကျန်ပါသေးသည်။ ရှင်သန်နိုင်စွမ်း (Viability)ရှိသော မျိုးစေ့ဖြစ်ရမည်။ လက်ဝယ်ရောက်ပြီး စိုက်လိုက်ကာမှ အပင် မပေါက်လို့မဖြစ်ပေ။ အနည်းဆုံး ရာခိုင်နှုန်း ၈၀ ကျော်တော့ အပင်ပေါက်သင့်သည်။ အပင်ပေါက်ရုံဖြင့်လည်းမပြီးသေးပါ။ ကြံ့ခိုင်သန်စွမ်း ကျန်းမာဖွံ့ဖြိုးသော အပင်တွေပေါက်လာဖို့ လိုပါသေးသည်။

ထပ်မံပြောကြားလိုသည်မှာ ဗီဇသန့်စင်မှု (Genetic Purity) ရှိသော မျိုးစေ့ဖြစ်ဖို့ အထူးလိုအပ်သည်။ ဗီဇသန့်စင်မှုစိတ်ချယုံကြည်ဖို့ဆိုလျှင် စိုက်ပျိုးရေးဆိုင်ရာ ဌာန၊ ခြံ၊ အကျိုးဆောင်တောင်သူများထံမှ ရရှိသောမျိုးကသာ သန့်စင်သည်ဟု ယုံကြည်နိုင်ပါ သည်။ 

လုပ်လေ့လုပ်ထတော့ရှိကြသည်။ တောင်သူလယ်သမားများသည် မျိုးစေ့ ကောင်း မကောင်း မျက်မြင်တော့ ရွေးချယ်သည်။ မျိုးစေ့အရောင်ပုံမှန်ဖြစ်ရဲ့လား၊ အရွယ်အစား ညီရဲ့လား၊ အကြီးအသေးတွေ ရောနေသလား ဆိုတာတွေကို စစ်ဆေးလေ့ရှိ‌ကြောင်း သိရသည်။

မှန်ပါသည်။ မစစ်ဆေးဘဲ မျိုးဆိုပြီးရော စိုက်တာနှင့် စာလျင် တော်သေးသည်ဟု ပြောလိုသည်။ ဒါတွေအပြင် မျိုးစေ့မှာ ရောဂါ၊ ပိုးမွှား ဥ၊ အကောင်၊ မှိုအမျှင်- စသည် ကပ်ပါလာမလာ၊ ပေါင်းစေ့တွေ၊ အမှိုက်သရိုက်တွေကင်းမကင်းတို့ကိုလည်း ကြည့်ရမည် ဖြစ်ပါသည်။

မျိုးစေ့အစစ်အမှန်

တောင်သူလယ်သမားများ အသုံးပြုစိုက်ပျိုးသင့်သည်က မျိုးစေ့စစ်စစ်ဖြစ်သည်။ အင်္ဂလိပ်လို ပြောလျှင်ပိုရှင်းပါလိမ့်မည်။ Seed ကို စိုက်ပျိုးရန်ဖြစ်သည်။ မျိုးစေ့(Seed) ဆိုသည်မှာ မျိုးစေ့အဖြစ် အသုံးပြုစိုက်ပျိုးရန် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ရသည်။ 

မျိုးစေ့အဆင့်အလိုက်သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီရသည်။  သီးနှံ၏မူလမျိုးရိုးဗဇရုပ်သွင်များ ထပ်တူ ထပ်မျှရရှိအောင် စနစ်တကျ ထိန်းသိမ်းထုတ်လုပ်ရရှိသောမျိုးစေ့သည်သာ မျိုးစေ့စစ်စစ်(Seed) ဖြစ်ပါသည်။

 စီးပွားဖြစ်မျိုးသန့်မျိုးစေ့

သီးနှံမျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းတွင် အဆင့်(၄)ဆင့် ခွဲခြားဆောင်ရွက်လေ့ရှိ သည်။ နောက်ဆုံးအဆင့်မှာ စီးပွားဖြစ်မျိုးသန့်မျိုးစေ့(ယခင်အခေါ် မျိုးသန့်အဆင့်-၂-) (Certified Seed) ဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာဌာန၊ ခြံ၊ ၊ မျိုးစေ့ကုမ္ပဏီနှင့် အကျိုး ဆောင်တောင်သူများက ထုတ်လုပ်ရောင်းချသည်။ 

၄င်းတို့သည် ဌာနဆိုင်ရာမျိုးစေ့ခြံများမှ အဆင့်(၃)ဖြစ်သည့် မျိုးသန့်မျိုးပွားမျိုးစေ့ (ယခင်အခေါ် မျိုးသန့်အဆင့် - ၁) (Registered  Seed)ကို မျိုးအဖြစ်ရယူပြီး မျိုးသန့်ပွား များနည်းစနစ်အတိုင်း စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်လုပ်ရသည့်တာဝန်ကို ယူကာ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြစ်ပါသည်။

အချို့တောင်သူလယ်သမားများက မျိုးသန့်မျိုးပွားမျိုးစေ့ (ယခင်အခေါ် မျိုးသန့်အဆင့်-၁) (Registered  Seed)ကို မျိုးအဖြစ်ရယူချင်ကြောင်း၊ ပို၍ကောင်းတာကို စိုက်လိုကြောင်း သိရသည်။

မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူကလွဲ၍ တောင်သူလယ်သမားများ အများစု သည် စားသုံးရန်(သို့မဟုတ်) ရောင်းချရန် အဓိကရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် သီးနှံစေ့(Grain)ရရှိရေးကိုသာ ရည်ရွယ်စိုက်ပျိုးတာ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးအဆင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကိုသာ အသုံးပြု စိုက်ပျိုးရန်သာ ဖြစ်ကြောင်း နားလည်စေလိုပါသည်။

သုံးနှစ်တစ်ကြိမ်သွေးသစ်လောင်း

တောင်သူလယ်သမားများသည် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို နှစ်စဉ်ဝယ်ယူစိုက်ပျိုး ရန် မလိုပါ။ ပထမနှစ်တွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို ၀ယ်ယူစိုက်ပျိုးပြီး ဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် မိမိလယ်မှထွက်ရှိသည့် မျိုးစေ့ကောင်း(Good Seed)ကို စိုက်ပျိုး သင့် ပါသည်။ 

နောက်တစ်နှစ်တွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို တဖန် ၀ယ်ယူစိုက်ပျိုးရပါမည်။ ဤသို့ ၃ နှစ်တစ်ကြိမ်သွေးသစ်လောင်းသည့်စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်မှသာ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားမည် ဖြစ်ပါသည်။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို တစ်နှစ်ဝယ် ယူစိုက်ပျိုးပြီး မိမိလယ်ယာမှထွက်သည့်မျိုးကို နှစ်စဥ်ဆက်တိုက်တော့ စိုက်ပျိုးခြင်း မပြု သင့်ကြောင်း အသိပေးလိုပါသည်။

ယခုဖော်ပြချက်များသည် ပုံမှန်အထွက်ကောင်းမျိုးများအတွက်သာ ဖြစ်ပါသည်။ စပ်မျိုးများအတွက် ဆိုလိုခြင်း မဟုတ်ပါ။ စပ်မျိုးသည် ထပ်မံမျိုးပွားစိုက်ပျိုးရသော အမျိုး အစားမဟုတ်ပါ။ နှစ်စဉ်ဝယ်ယူစိုက်ပျိုးရန်သာ ဖြစ်ပါသည်။

မျိုးသန့်စိုက်ပျိုးခြင်းအကျိုးကျေးဇူး

စပါးမျိုးသန့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို ဖော်ပြလိုသည်။ စပါးသီးနှံသာမက အခြားသီးနှံများသည်လည်း    သဘောတရားအတူတူဖြစ်ပါသည်။ ၄င်းတို့မှာ-

(၁)မူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း  

(၂)အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ခြင်း 

(၃)ရာသီဥတုနှင့်ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း 

(၄)ပေါင်းမြက်ကင်းစင်ခြင်း 

(၅)ပိုးမွှားရောဂါကင်းစင်ခြင်း 

(၆)ရင့်မှည့်မှုညီညာ၍ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးခြင်း 

(၇)အခြားမျိုးကွဲများမပါ၀င်ခြင်း 

(၈)မျှော်မှန်းသီးနှံအထွက်နှုန်းထက်(၁၀ မှ ၂၀)ရာခိုင်နှုန်းအထိ ပိုမိုထွက်ရှိစေခြင်း

(၉)ထွက်ရှိလာသော စပါးစေ့သည် အရွယ်အစားညီညာ၍ ဆန်အရည်ဆန်သွေးနှင့်ဆန်အထွက်နှုန်းကောင်းမွန်ခြင်း တို့ ဖြစ်ပါသည်။

 

ဆင်းသီဟ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်