အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သိုးဆိတ်တို့တွင်ဖြစ်တတ်သောပါးစပ်အနာရောဂါ ကာကွယ်ကုသနည်း

သိုးဆိတ်တို့တွင်ဖြစ်တတ်သောပါးစပ်အနာရောဂါ ကာကွယ်ကုသနည်း

သိုးဆိတ်တို့တွင် အဓိကဖြစ်ပွားလေ့ရှိသော ပါးစပ်အနာရောဂါ ( sore mouth )သည်  ဗိုင်းရပ်ပိုးတစ်မျိုး ( poxvirus ) ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး အလွန်ကူးစက်မြန်သောရောဂါဖြစ်သည်။ scabby mouth, contagious ecthyma ဟုလည်းခေါ်ဝေါ်ကြပြီး အခြားစားမြုံ့ပြန်သတ္တဝါတို့တွင်လည်း ရံဖန်ရံခါဖြစ်ပွားပါသည်။ 

ထို့အပြင်လူသို့ပင် ကူးစက်နိုင်စွမ်းရှိသည်ဟု  CDC ( center of disease control ) က သတိပေးထားသောအရေးကြီးရောဂါဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်းများစွာ ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း အထက်ပိုင်းရော အောက်ပိုင်းပါဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။ 

Sore mouth  ရောဂါလက္ခဏာများ

♣ အနာများကို နှုတ်ခမ်း၊ မေးဖျား၊ ပါးစပ်တို့တွင် တွေ့ရခြင်း။

♣ အချို့တွင် သွားဖုံး၊ မျက်နှာ၊ နားရွက်၊ ကပ်ပယ်အိတ်၊ မအင်္ဂါစပ်၊ လည်ပင်း၊ နံဘေးတို့တွင်လည်းအနာဖြစ်တတ်။

♣ စတင်ဖြစ်စတွင် ရည်ကြည်အိတ်ဖြစ်ပေါ်လာပြီး နောက်ကြီးလာကာ ဝဲနှင်းခူစွဲသကဲ့သို မာမာထူထူအနာဖေးဖြစ်။

♣ ဆိတ်ငယ် သိုးငယ်မှာဖြစ်လျှင် အမေနို့စို့သောအခါ အမေ၏နို့တံ၊ နို့အုံတို့သို့ ကူးစက်ခြင်းလည်း ရှိသည်။ 

♣ နို့အုံတွင်ရောဂါရှိသောအမေသည် ကလေးကို ကောင်းစွာနို့မတိုက်သောကြောင့် ကလေးငယ် အားပြတ်သေဆုံးခြင်း ကြုံရနိုင်သည်။ 

♣ အများအားဖြင့် အနာသည် ၁ လခန့်ကြာလျှင်ပျောက်ကင်းသွားပါသည်။ သို့သော် နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်ရောက်ခံရပါက အနာပိုမိုဆိုးဝါးနိုင်သည်။ 

 

ရောဂါကူးစက်ပုံ

  • ( Poxvirus ) ဗိုင်းရပ်ပိုးသည်  ရာသီဥတုဒဏ်ခံနိုင်ပြီး သိုး၊ ဆိတ် တို့၏ ခန္ဓာကိုယ်ပြင်တွင်ပင် အသက်ရှင်သန်နိုင်စွမ်းရှိသည်။ သို့အတွက်ရောဂါဖြစ်ဖူးသောတိရစ္ဆာန်နေထိုင်ကျက်စားသောနေရာများ ( စားကျက်၊ အိပ်ရာ၊ နို့ညှစ်စက်များမှတဆင့် ဗိုင်းရပ်ပိုးကူးစက်တတ်။
  • ရောဂါဖြစ်သော ကလေးပါးစပ်မှ နို့တိုက်အမေသို့၄င်း
  • တစ်ခြံတည်းအတူနေ ဤရောဂါရှိ တိရစ္ဆာန်မှ၄င်း ကူးစက်သည်။ အထူးသဖြင့် စူးပါသောနွယ်ပင်၊(ထိကရုံး)  ချုံပုတ် ၊သစ်ကိုင်း( မိုနံပင်၊ဇီးကိုင်း၊)တို့စားရာမှ ပါးစပ်အပေါက်၊အပြဲတို့မှ တဆင့်ဗိုင်းရပ်ပိုးဝင်လွယ်သည်။
  •  Boar ဆိတ်မျိုးသည် ပို၍ ရောဂါဖြစ်လွယ်သည်။

ရောဂါကာကွယ်ကုသနည်း

  • ဤရောဂါဖြစ်သော်လည်း မပြင်းထံပါက အထူးဆေးဝါးကုသမှုမပေးပဲပျောက်ကင်းနိုင်သည်။
  • သို့သော် ပါးစပ်အနာကြောင့်အစားအသောက်ပျက်တတ်ရာ အစာနုကူညီကျွေးပေးခြင်းဖြင့် ရောဂါဒဏ်ခံစားရမှု သက်သာစေသည်။ 
  • အနာရင်းပါက ( secondary bacteria infection ) ပဋိဇီဝဆေး ( gentamycin,streptomycin, oxytetracycline ) များထိုးကာ ကုသနိုင်သည်။
  • အနာကို neomycin ointment ဆေးဖြင့်လည်းသုတ်လိမ်းပေးခြင်းဖြင့်အနာသက်သာစေသည်။
  • စူးရှိသောအပင်များစားသုံးစေခြင်းမှ ကာကွယ်သင့်သည်။
  • နို့စို့ သိုး၊ ဆိတ်ငယ်များကို မိခင်နို့အုံအနာကြောင့် နို့မတိုက်ပါက နို့ပုလင်းဖြင့်တိုက်ကျွေးခြင်း၊ အစာနုစားအောင်ဆောင်ရွက်ပေးခြင်း ပြုလုပ်သင့်သည်။ 
  • သိုး၊ ဆိတ်အသစ်ဝယ်လာတိုင်း ကူးစက်ရောမပြန့်ပွားစေရန်  ၂ ပတ်ခန့်သီးခြားထားပြီးမှ အခြားသိုး၊ ဆိတ် များဖြင့်အတူထားသင့်သည်။

Sore mouth ကာကွယ်ဆေးရှိပါသလား

  • အခြားနိုင်ငံများတွင်ကာကွယ်ဆေးရှိပါသည်။ သို့သော်ပိုးရှင်ကာကွယ်ဆေးဖြစ်သောကြောင့် သုံးစွဲမှု ချွတ်ချော်လျှင် ပိုးပိုမိုပြန့်ပွားနိုင်သကဲ့သို့ လူသို့လည်းကူးစက်နိုင်သည်။
  • ကာကွယ်ဆေးထိုးခြင်းကိုမူ  တိရစ္ဆာန်ဆေးကုဆရာဝန်ဖြင့်သာ ဆောင်ရွက်သင့်သည်။

Dr.ညွန့်ရွှေ ( မွေးမြူဆေးကု )

Reference: 1.Pennsylvania Department of Health , March 20, 2013.

      2.JM Luginbuhl (Extension Specialist ) , Controlling Sore Mouth in Meat Goats. Sep16,2015.

      3. Orf Virus ( Sore Mouth ) ( Center of Disease Control and Prevention ) May 11, 2015.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

3
Lwin Moe Thu

Lwin Moe Thu

လွန်ခဲ့သော ၁ နှစ် က

Sore mouthရောဂါဖြစ်လျင်ဘာဆေးသုံးသင့်လဲခင်ဗျ

Dr Thein Swe Oo

Dr Thein Swe Oo

လွန်ခဲ့သော ၄ နှစ် က

ဆိတ်များသည် ပူပြင်းခြောက်သွေ့သောရာသီဥတုနှင့်တောင်တန်းဒေသကိုကြိုက်နှစ်သက်ကြပါသည်။အစာမှာတော့ဆူးပါတဲ့အပင်ကိုပို၍နှစ်သက်ကြပြီး ရှေ့လက်နှစ်ဖက်ကို အပေါ်သို့မတ်တပ်ရပ်ကာ အစာစားတဲ့ဓလေ့ရှိပါတယ်။ ဆိတ်များသည် ခွာကိုရေဆိုမည်ကို ကြောက်ကြပါသည်။ မိုးရွာ နေတဲ့အချိန် နှင်းများကျနေတဲ့အချိန်မှာ လွှတ်ကျောင်းခြင်းမပြုလုပ်သင့်ပါ။ ထိုအချိန်တွင် အအေးဒဏ်မှ ကာကွယ်ရန် စင်မြင့်ပေါ်တွင် ထားရှိကာ လေကာများ ဆောင်ရွက်ထားရှိပြီး ဖြည့်စွက်စာ ကျွေးပါက သင့်တော်ပါ သည်။ လွှတ်ကျောင်းမည့်မြေနေရာ ခြေက်သွေ့ကာ အစာပင်များအပေါ်တွင် မိုးစက် နှင်းစက်များ မရှိသောအချိန်တွင် လွှတ်ကျောင်းသင့်ပါတယ်။ ခြံထဲတွင် ဆိတ်များ ဆော့ကစားရန်အတွက် သစ်တုံး ကျောက်တုံးများ ထားပေးသင့်ပါတယ်။ခြံ နဲ့သောက်ရေ သန့်ရှင်းရေးကို တစ် ရက်လျှင် မနက် ညနေ ၂ကြိမ်ဆောင်ရွက်ပေးသင့်ပါတယ်။ လူတစ်ဦးလျှင် ဆိတ်ကောင်(၄၀)ကောင်သာလျှင်ထိမ်းကျောင်း သင့်ပါကြောင်း#

Tin Min Yu

Tin Min Yu

လွန်ခဲ့သော ၄ နှစ် က

မိုးများတဲ့ ကရင်ပြည်နယ် မှာ ဆိတ်မွေးဖို့ပြင်နေပါတယ်ခင်ဗျာ biosecurity အတွက်လဲ တတ်နိုင်သမျှတော့ ပြင်ဆင်နေပါတယ် အဓိက ခြံအဝင် ရေကန် ရဲ့ရှိသင့်တဲ့ အတိုင်းအတာ သုံးရမည့် ပိုးသတ်ဆေး အမျိုးအစား တွေ အပေါ်က ဖြန်းမယ့် spray မှာရော ဘယ်လို အမျိုးအစားတွေ သုံးသင့်ပါသလဲ သိချင်ပါတယ် ခင်ဗျ အေးတဲ့ ဒေသ မှာ ဆိတ်မွေးရမှာ မို့ အောင်မြင်နိုင်မယ့် နည်းလမ်း ရှိရင် အကြံပြု သင်ပြပေးဖို့ တောင်းဆိုပါရစေ ခင်ဗျ

You

ဆက်စပ်မေးခွန်းများ

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 1 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 1 ခု

နွားထီး၂နှစ်ခွဲးအရွယ်ဝမ်းပျော့တေသွားနေတာ၁ပတ်လောက်ရှိနေပီခုထိမရပ်သေးလို့ကာကွယ်ကုသနည်းလေးညွှန်ပြပေးပါဆရာတို့

tinwinesein • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။