ငါးကျည်းငါးမှာ ရေချိုတွင်သာ ဘဝတစ်လျှောက်လုံး နေထိုင်ကြသည့်(Potadromous) မျိုးစိတ်များဖြစ်ပြီး တိုင်းရင်းငါးအမျိုးအစားတွင် ပါဝင်သည်။
ငါးကျည်းငါးဆိုလျှင် ငါးကျည်းခြောက်၊ ငါးကျည်းကျပ်တိုက်တို့မှာ နာမည်ကြီးသလို အရသာ ချိုလှသဖြင့် မုန့်ဟင်းခါးချက်ရာ၌လည်း အသုံးပြုကြပါသည်။
ငါးကျည်းငါးမှာ ငါးခူလို အကြေးခွံမဲ့ငါးတစ်မျိုးဖြစ်ပြီး မွေးမြူ၍ရသောငါးအမျိုးအစားတွင် ပါဝင်သဖြင့် ငါးကျည်းငါးမွေးမြူလိုသူများအတွက် မွေးမြူနည်းကို ဖော်ပြပေးလိုက်ပါသည်။
ငါးကျည်းငါးမွေးမြူရေး

- ငါးကျည်းသည် ကန်အောက်ခြေနေငါးမျိုးဖြစ်ပြီး အသားစားငါး(Carnivorous)များ ဖြစ်ကြပါသည်။
- ကန်အောက်ခြေရှိ တီကောင်များ၊ အင်းဆက်ပိုးကောင်များကို စားသုံးကြသည်။ ကန်အောက်ခြေရှိ အညစ်အကြေးမှ ဘက်တီးရီးယားများကိုလည်း စားသောက်ပါသည်။
- တွင်းအောင်းနေတတ်သော ဓလေ့ရှိပြီး ကန်အောက်ခြေရှိ နွံထဲတွင်လည်း နေထိုင်လေ့ရှိပါသည်။
- ထို့ကြောင့် ငါးကျည်းငါးကို အခြားသောငါးများနှင့် တွဲဖက်မွေးမြူနိုင်သလို သီးခြားလည်း မွေးမြူနိုင်ပါသည်။
- ကန်ရေတွင် အကောင်မျှောလှေး(zooplankton)ပေါက်ဖွားလာစေရန် ကန်အတွင်းကြက်ချေးခြောက်ကို ရေစိမ်ပြီး ပက်ပေးပါ။
- အသားဓာတ်ပါသော အစာတောင့်များကို ကန်အောက်ခြေအထိ ချကျွေးပေးပါ။
- ကန်အောက်ခြေထောင့်များတွင် ရေအိုးများအဝဖော်ပြီး မြှုပ်ပေးထားလျှင် ပြန်ဖမ်းပါက လွယ်ကူပါသည်။
ရေအရည်အသွေး
- ကန်ရေ၏ pH သည် 7 ဖြစ်နေပါက ရေသန့်ဟု ပြောလို့ရပါသည်။ တစ်နည်းအားဖြင့် ရေထဲတွင် အက်ဆစ်ဓာတ်လည်း မရှိ၊ ထုံးဓာတ်လည်း မရှိလို့ ပြောလို့ရပါသည်။
- ငါးမွေးမြူရေးလုပ်ငန်းတွင် အကောင်းဆုံးသော ရေ pH မှာ (၇.၅ မှ ၈.၅)အတွင်း ဖြစ်ပါသည်။ ကန်ရေ၏ pH သည် တစ်နေ့တာအတွင်း ပြောင်းလဲနေပါသည်။ မနက်ပိုင်း ၆ နာရီတွင် pH အကျဆုံးဖြစ်ပြီး ညနေ ၆ နာရီသည် pH အတက်ဆုံးဖြစ်ပါသည်။
- ရေ pH 7,8 ရှိစေလိုပါက ရေ၏ pH ကို နေ့စဉ်တိုင်းပေးပါ။ 7 အောက်ရောက်နေပါက ထုံးကိုရေဖျော်ပြီး ပက်ပေးပါ။ ၉ အထိနှင့် အထက်ရောက်နေပါက ပုလဲမြေသြဇာကို ရေဖျော်ပြီးပက်ပေးပါ။
ငါးရောဂါကျရောက်ပါက ကုသခြင်း
- ငါးများရောဂါကျရောက်ခြင်းသည် လက်ခံကောင် (ငါးမှပါလာခြင်း)ကြောင့် ဖြစ်ခြင်း၊ ကန်ရေအရည်အသွေး ညံ့ဖျင်းခြင်းကြောင့် ကျရောက်ခြင်း၊ အစာမလတ်ဆတ်ခြင်းကြောင့် ကျရောက်ခြင်း၊ပတ်ဝန်းကျင်အနီးအနားမှ ကူးစက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
- ဖြစ်တတ်သောရောဂါများသည် ဘက်တီးရီးယားကြောင့်ဖြစ်ခြင်း၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ခြင်း၊ကပ်ပါးကောင်ကြောင့်ဖြစ်ခြင်းနှင့် မှိုကြောင့်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။
- ဖြစ်သည့်ရောဂါကိုကြည့်ပြီး ကပ်ပါးပိုး၊ ဂျိတ်ပိုးများ ကျရောက်ပါက ငါးငယ်စဉ်တွင် (၃.၅%) ဆားရည်စိမ်ပေးပါ။ ကန်အားအခြောက်ခံခြင်းနှင့် ထုံးပက်ခြင်းကို လုပ်ပေးပါ။ ရောဂါကျရောက်ပါက Acriflavine 1g/100 L နှုန်းဖြင့် စိမ်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more