ခေတ်သစ်စိုက်ပျိုးရေး ဝေါဟာရမိတ်ဆက်
ကျန်းမာတော် မူကြပါစ
စိုက်ရေးပျိုးရေးဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်လာတော့ ဒီစီးပွားရေးကိုပဲ နည်းအမျိုးမျိုးနဲ့ စိုက်ပျိုးထုတ်လုပ်လာကြပါတယ်။ စိုက်ပျိုးရေးနည်းစနစ်တွေ အဓိကပြောင်းလဲပြီးတော့ ဈေးကွက်မှာလည်းနေရာယူလာကြပြန်တယ်။
ဒီတစ်ခေါက်ကတော့ တောင်သူဦးကြီးတွေ နောက်ကျ မကျန်ခဲ့စေဖို့အတွက် ခေတ်သစ်စိုက်ပျိုးရေးက အခေါ်အဝေါ် တစ်ချို့ကို ရှင်းပြပေးမှာပါ။ ဆိုတော့ စ လိုက်ကြရအောင်။
ပထမဆုံးက Aquaculture - အကွာ ကားချား
Culture (ကားချား) က စိုက်ပျိုးထုတ်လုပ်တာကို ဆိုလိုတာဖြစ်ပြီးတော့ အကွာ (Aqua) ကတော့ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ စိမ်းပြာရောင် လို့ အဓိပ္ပါယ်ရပါတယ်။ ရေကို တင်စားတာဖြစ်ပါတယ်။ ရေလုပ်ငန်းပါ။ သူက ရေထဲမှာ မွေးရတဲ့ အကောင်တွေ အားလုံးကို အဓိက ရည်ရွယ်ပြီးတော့ မွေးကြတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဆိုတော့ ငါးမွေးတယ်ဆိုလည်း အကွာကားချားပါပဲ။ ဂဏန်းမွေးတယ်ဆိုရင်လည်း အကွာကားချားပါပဲ။ ငါးသားပေါက် ဖောက်ပြီးရောင်းတယ်ဆိုလည်း ဒါပါပဲ။
အဲ့တော့ ကျွန်တော်က အကွာကားချား လုပ်နေတယ် ဆိုရင် ရေနဲ့ ပတ်သတ်တဲ့ အကောင်တစ်ကောင်ကောင် မွေးတာ သားဖောက်တာနဲ့ အသားထုတ်ယူတာမျိုးတွေ အားလုံးပါဝင်ပါတယ်။ ကိုယ်က ပုဇွန်ခြောက်ထုတ်ချင်တယ်ဆိုရင် ပုဇွန်မွေးတဲ့ အကွာကားချားသမားကို ရှာပါ။ ကဲ ခုလိုဆိုတော့ သူများ အကွာကားချား လာလုပ်နေရင် ကိုယ်သိပြီပေါ့။ ရေထဲမှာမွေးရတဲ့ စိုက်ရတဲ့ အပင်တွေစိုက်တာကိုလည်း အကွာကားချားပဲနော်။ ရေညှိလိုမျိုး အပင်တွေပေါ့။
ဟိုက်ဒရို ပိုးနစ် - Hydroponics
ဒါက မြေမဲ့စိုက်ပျိုးနည်းပါ။ ပိုးနစ်-Ponics က စိုက်ပျိုးတဲ့ စနစ်ကိုဆိုလိုပါတယ်။ Hydro - ဆိုတဲ့ ဟိုက်ဒရိုကတော့ ရေပါ။ အပင်တွေစိုက်ပါတယ်။ မြေကြီးမပါပဲစိုက်ပျိုးတာပါ၊ စီးဆင်းနေတဲ့ အာဟာရရေကိုဖန်တီးပြီးတော့ အပင်တွေရှင်သန်အောင်စိုက်ပျိုးတာမျိုးကို ဆိုလိုပါတယ်၊ အဲ့လို ဘာလို့စိုက်သလဲဆိုတော့ မြေကြီးက မြို့ပြလူနေမှုတွေအတွက် ဖန်တီးရင်းနဲ့ စိုက်စရာမြေက ရှားလာပြီ။ ကျန်တဲ့မြေကလည်း စိုက်လို့ပျိုးလို့မရဘူး ပျက်စီးနေတယ်။ အဲ့တော့ နည်းလမ်းတွေရှာရင်းနဲ့ စားနပ်ရိက္ခာဖူလုံဖို့အတွက် အာဟာရထောက်ပံ့ပေးတဲ့ မြေကြီးနေရာမှာ အစားထိုးဖို့ လုပ်တယ်။ အာဟာရရယ် အပင်တွေလိုအပ်တဲ့ လေ ရယ်ကို မြေကြီးအစား ရေနဲ့ ထောက်ပံ့တယ်။ အဲ့လို စိုက်ကြည့်ရင်းနဲ့ နည်းစနစ်တစ်ခု အသစ် ရလာပါတယ်၊ ဟိုက်ဒရိုပိုးနစ်ပေါ့။
အဲ့မှာကျတော့ ရေသုံးပြီး အပင်တွေပဲစိုက်ပျိုးတာပါ။ တစ်ခြားရေနေသတ္တဝါတွေကို ထုတ်လုပ်ရောင်းချတာမျိုး မရှိပါဘူး။ ဟိုက်ဒရိုပိုးနစ် လုပ်နေတယ်ဆိုရင် အာဟာရရည်ကို သုံးပြီးတော့ အပင်တွေ စိုက်ပျိုးထုတ်လုပ်တာမျိုးဖြစ်ပါတယ်။
အကွာ ပိုးနစ် - Aquaponics
အကွာ ဆိုတာ ခုဏက ပြောတဲ့အတိုင်းဆို စိမ်းပြာရောင်ဖြစ်ပြီးတော့ ပိုးနစ်ကတော့ စိုက်ပျိုးထုတ်လုပ်နည်းစနစ် ဖြစ်ပါတယ်။ သူက အကွာကားချားနဲ့ ဘယ်လိုကွာနေတာလဲဆိုတော့ အကွာကားချားလို ရေနဲ့ ရေနေသတ္တဝါတွေကို ထုတ်လုပ်တာမျိုးချည်းပဲလည်းမဟုတ်ပါဘူး။ ပြီးတော့ ဟိုက်ဒရိုပိုးနစ်လို အာဟာရရည်နဲ့ အပင်တွေ စိုက်ပျိုးထုတ်လုပ်တာချည်းပဲလည်းမဟုတ်ပါဘူး။ (၂)ခုလုံးကို ပေါင်းထားတာပါ။
ငါးတွေမွေးထားမယ်၊ ငါးတွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ အပင်တွေကို ဖြတ်သန်းစီးဆင်းမယ်။ အပင်တွေဆီက ကျတာတွေ (အင်းဆက်ပိုးမွှားနဲ့ သီးရွက် အကြွင်းအကျန်တွေ) ကိုလည်း ငါးတွေစားမယ်၊ ဆိုတာမျိုးနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ စိုက်တာလိုမျိုးပါ။ အဲ့တော့ သူ့မှာ ငါးလည်းထုတ်တယ်။ အပင်တွေလည်းရပါမယ်။ ဆိုတော့ အကွာပိုးနစ်ကိုလည်း သိပါပြီ။
နိဂုံးချုပ်ဆိုရရင်
ရှုပ်ထွေးပြီးတော့ ခက်ခဲတဲ့ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ စိုက်ကြည့်ချင်တယ် စမ်းကြည့်ချင်တယ်ဆိုရင် နာမည်လေးတွေ ရိုက်ထည့်ပြီးတော့ ဖုန်းလေးတစ်လုံးနဲ့ အင်တာနက် ထဲမှာ ရှာကြည့်လို့ရပါတယ်။ နည်းစနစ် အတိအကျကြီးတော့ သိရဖို့ ခက်ပါလိမ့်မယ်။ အိမ်မှာ အသေးလေးတွေ စမ်းလုပ်ကြည့်ပါ။ သုတေသနပေါ့။ အောင်မြင်တယ်ဆို အကြီးကြီးတွေ ထိ အောင်မြင်ပါစေ…
တောင်သူဦးကြီးများ ကျန်းမာ ပျော်ရွင်ကြပါစေ။
Reference
https://oceanservice.noaa.gov/facts/aquaculture.html
https://portfish.org/aquaponics-vs-hydroponics-vs-aquaculture/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကဟုတ်ကဲ့မင်္ဂလာပါဗျ အားလုံးအကြောင်းကိုသိချင်ပါတယ်ဗျ
မောင်စိုးနေလင်း
လွန်ခဲ့သော ၃ နှစ် ကHydroponicနည်းအကြောင်းသိချင်ပါတယ်ဘယ်လိုစိုက်တယ်ဆိုတာမျိုးပေါ့
ခိုင်မြဲ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 4 ခု
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026