စစ်ကြောင့်အဆိပ်သင့်ခြင်းနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာသတင်းဆောင်းပါးများ

12/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းနိုင်ငံအတွင်းသို့ ကျူးကျော်ပစ်ခတ်မှုများ ပြု လုပ်လိုက်ခြင်းဖြင့် ရုရှား-ယူကရိန်း စစ်ပွဲကို စတင်စေခဲ့သည်။ ဆိုတော့ စစ်ပွဲသည် ယခုဆိုလျှင် တစ် နှစ်ကျော်လာပြီဖြစ်သည်။ သို့သော် မပြီးဆုံးသေး။ အစပိုင်းတုန်းက ရုရှားကျူးကျော်သိမ်းပိုက်ခဲ့သော နယ်မြေအချို့ ကတော့ ယူကရိန်းစစ်သားများ၏ ပြန်လည်သိမ်းယူခြင်းခံခဲ့ရသည်။ 

ယင်းကဲ့သို့ ယူကရိန်းနိုင်ငံကို ရုရှားက ဝင်ရောက်ပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူပေါင်းများစွာ သေဆုံးခဲ့ရသလို နေအိမ်အဆောက်အဦပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ တိရစ္ဆာန်ပေါင်း များစွာလည်း သေကြေပျက်စီးခဲ့ရသည်။ ၎င်းတို့ကိုကယ်ထုတ်နေသည့် အမျိုးသမီးသူရဲကောင်းတစ်ဦး အကြောင်းလည်း ပြီးခဲ့သည့်တစ်ပတ်မတိုင်ခင် ယခင်တစ်ပတ်အတွင်း ဖော်ပြခဲ့ပြီးဖြစ်သည်။

စစ်မြေပြင်ဖြစ်သွားသည့်ဒေသများတွင် ယခုလိုထိခိုက်မှုများရှိနိုင်သည်မှာ ကြေကွဲဝမ်းနည်းစရာ၊ စာနာ စရာ ဖြစ်သော်လည်း ဖြစ်ကိုဖြစ်လာမည့်ကိစ္စများဆိုသည်ကိုတော့ သိကြပါသည်။ သို့သော် ယင်း နောက်ကွယ်တွင် ပျက်စီးသွားရသည့်အထဲ အဆိပ်သင့်သွားရသည့်စိုက်ပျိုးမြေများလည်း ပါဝင်နေ သည်ကတော့ အနည်းငယ်ထူးခြားနေပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းကို ဆန်အိုးကြီး၊ မကွေးတိုင်းကို ဆီအိုးကြီးဟု တင်စားကြသလို မြေဆီ ဩဇာကောင်းလွန်း၍ နာမည်ကြီးသည့် ယူကရိန်းရဲ့မြေဆီလွှာတွေကိုလည်း ဥရောပပေါင်မုန့်ဖိုဒေသ ကြီးဟု တင်စားကြသည်ဟုဆိုသည်။ ကမ္ဘာမှာ ပြောင်းတင်ပို့မှု စတုတ္ထအများဆုံးနဲ့ ဂျုံတင်ပို့ရောင်းချမှု ပဉ္စမအများဆုံးအဖြစ် ရပ်တည်နေသည့်နိုင်ငံ ဖြစ်သည်။ 

လက်ရှိမှာတော့ ဒီပေါင်မုန့်ဖိုကြီးဟာ စစ်ပွဲသုံးခဲယမ်းမီးကျောက်နဲ့ လောင်စာဆီတွေကြောင့် မာကျူရီနဲ့ အာဆင်းနစ်လို အဆိပ်အတောက်တွေ ပြည့်ကုန်ပြီ။ မပေါက်ကွဲသေးသည့် မိုင်းတွေလည်း ကျန်နေ သည်။ ပျက်စီးသွားရသည့်အကျယ်အဝန်းဆိုလျှင်တော့ ဟက်တာ ၁၀.၅ သန်း (ဧက ၂၆ သန်း နီးပါး) ရှိနိုင်သည်ဟု ခန့်မှန်းသည်။ 

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ ပြီးခဲ့သည့်တစ်ပတ်အတွင်း Green Way တွင် ‘ယူကရိန်းစစ်ပွဲ လက်ကျန် အဆိပ်သင့်မြေဆီလွှာများ’ ခေါင်းစဉ်ဖြင့် အပိုင်းနှစ်ပိုင်းခွဲ ဖော်ပြခဲ့သည်။ 

ဒီအဆိပ်သင့်မြေတွေကို ဘယ်လိုပြန်လည်ကုစားရမှာလဲ၊ ဘယ်အခြေအနေထိ ဆိုးရွားသွားနိုင်လဲ၊ ဘယ်လောက်အထိကုန်ကျစရိတ်တွေရှိနေလဲဆိုသည်ကိုတော့ အောက်ပါလင့်များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ 

ယူကရိန်းစစ်ပွဲ လက်ကျန် အဆိပ်သင့်မြေဆီလွှာများ(၁) >>>>  https://bit.ly/3l4zw45

ယူကရိန်းစစ်ပွဲ လက်ကျန် အဆိပ်သင့်မြေဆီလွှာများ(၂) >>>> https://bit.ly/3Jy8KdJ

စပါးမျိုးတွေထုတ်နေတဲ့ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ထဲက လယ်သမားကြီးမန်းမြင့်အောင် အကြောင်းကို ပြီးခဲ့သည့်အပတ် ယခုကဏ္ဍတွင်လည်း ဖော်ပြခဲ့ဖူးပြီ။ ယခုတစ်ပတ်တွင်လည်း ဆက် လက်ဖော်ပြပါရစေ။ အထူးသဖြင့် ဘဝတူလယ်သမားတွေအတွက် သူ့အကြံပြုချက်လေးကို သဘော ကျ၍ ဖြစ်သည်။ 

“ ကျွန်တော်တို့လို တောင်သူတွေကို ပြောချင်တာကျ ဘယ်လိုခေါ်မလဲဆိုတော့ တောင်သူအကျိုးစီးပွား မြှင့်တင်ခြင်းဆိုတဲ့ကဏ္ဍမှာပေါ့နော်။ သူများက မြှင့်တင်ပေးတာထက် ကိုယ့်ဟာကိုယ်ဘယ်လို မြင့် တက်အောင် လုပ်ရမလဲဆိုတဲ့ စိတ်ကူးတွေကို ရှိကြမယ်ဆိုရင် ပိုပြီးတော့ ခရီးရောက်တာပေါ့ဗျာ။ သူများ မြှင့်တင်တာကို စောင့်နေမယ့်အစား ကိုယ့်ဟာနဲ့ကိုယ် ဘယ်လိုမြင့်တက်လာအောင် ဖန်တီး ယူရမလဲ၊ ဖောက်ထွင်းယူရမလဲ ဆိုတာမျိုး စိတ်ကူးရှိကြမယ်ဆိုရင် တောင်သူဘဝမြှင့်တင်ရေးက သိပ်မခက်လှဘူးပေါ့နော်။ သူများမြှင့်တင်ပေးတာချည်းပဲ စောင့်နေမယ်ဆိုရင်တော့ တောင်သူဘဝ မြှင့်တင်ရေးက ဖြစ်လာနိုင်ဖို့ ဝေးလာသေးတယ်ပေါ့နော်” တဲ့။

မန်းမြင့်အောင်လို ကိုယ့်အားကိုယ်အဓိကကိုးနေသည့် တောင်သူများစွာလည်း ရှိနိုင်ပါသည်။ တောင်သူ ဖွံ့ဖြိုးရေးအဖွဲ့များဆိုသည်က နည်းပညာနှင့်အကူအညီများပေးရေးတွင် ငွေအင်အား၊ အချိန်အင်အား အကန့်အသတ်သာရှိသည်။ အမှန်တကယ်ရေရှည်အကျိုးရှိနိုင်ရေးဆိုလျှင်တော့ တောင်သူကြီး မန်းမြင့်အောင်ပြောသလို နောက်ဆက်တွဲကိုယ်တိုင် ကြိုးစားအားထုတ်မှုများ လိုအပ်ပါလိမ့်မည်။ 

တောင်သူကြီးမန်းမြင့်အောင်ကတော့ တောင်သူဖွံ့ဖြိုးရေးအဖွဲ့များဆီမှ နည်းပညာဖြန့်ဖြူးမှုများကို လက်တွေ့အသုံးချရင်း လက်ရှိတွင် အောင်မြင်သည်ဟုဆိုနိုင်သော စပါးမျိုးနှစ်မျိုးကို ထုတ်လုပ်ဖြန့်ဖြူး ပေးနေသလို နောက်ထပ်လည်း စပ်မျိုးစပါးများထိ အောင်မြင်စွာထုတ်လုပ်နိုင်သည့်အဆင့်ထိ ရောက် နေပေပြီ။ အခြားတောင်သူကြီးများလည်း တောင်သူကြီးမန်းမြင့်အောင်လို မိမိဘဝကို ကိုယ်တိုင်မြှင့် တင်နိုင်ကြဖို့ ကြိုးစားကြစေချင်မိသည်။ တောင်သူကြီးမန်းမြင့်အောင်နှင့်အင်တာဗျူးအပိုင်း(၂) အပြည့် အစုံကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မိကျောင်းသွယ်နဲ့ဧရာအောင်စပါးမျိုးတွေရဲ့ပိုင်ရှင် လယ်သမားကြီးမန်းမြင့်အောင်(၂) >>>> https://bit.ly/3ZIepU9

တစ်ခြံလုံးသုတ်သင်ပစ်ရသည်အထိ ဝက်မွေးမြူရေးလုပ်ငန်းရှင်များကို တော်တော်လေး ဒုက္ခပေးသွား ဖူးသည့် ဝက်နားရွက်ပြာရောဂါအကြောင်း တော်တော်များများ ကြားဖူးကြပါလိမ့်မည်။ လက်ရှိထိ လည်း ဒီရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ကို ပျောက်ကွယ်သွားအောင်မလုပ်နိုင်သေးပါ။ နောက်ဆက်တွဲ လက္ခဏာများ မပြင်းထန်အောင် ထိန်းချုပ်နိုင်သည့်အဆင့်တွင်သာ ရှိသေးသည်ဟုဆိုသည်။

သို့သော် ယခုတွင်တော့ ဒီပြဿနာကို အပြီးတိုင်ဖယ်ရှားပစ်နိုင်မည့် လမ်းစတစ်ခုပေါ်လာသည်။ ယင်း ရောဂါကိုခံနိုင်ရည်ရှိသည့်ဝက်မျိုးများ အောင်မြင်စွာထုတ်လုပ်လိုက်နိုင်ခြင်းပင်။ Acceligen မျိုးစပ်အဖွဲ့က အခြားပညာရှင်များပူးပေါင်းပါဝင်ကူညီမှုနှင့်အတူ အမေရိကန်နိုင်ငံတွင် ယခုဝက်မျိုး များ ထုတ်လုပ်နိုင်လိုက်ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတော့မဟုတ်ပါ။ ဒီမှာကတော့ လျှပ်စစ်မီးတောင် ထုံ့ပိုင်းထုံ့ပိုင်းသာလာတော့သည့် မိမိတို့ငယ်ဘဝကို ပြန်မှတ်မိအောင် ပုံဖော်ပေးနေသည့်အဆင့်မျိုးသာ ဖြစ်သွား၍ မျှော်လင့်နိုင်စွမ်းတော့ ဝေးနေရပါဦးမည်။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာပေါ်က တစ်နေရာရာမှာတော့ ဒီပြဿနာကို ဖြေရှင်းနိုင်လိုက်ခြင်းဖြစ်၍ မိမိတို့ နိုင်ငံရှိမွေးမြူရေးသမားများအတွက် မျှော်လင့်စရာကိစ္စတစ်ခုတော့ ဖြစ်လာပါလိမ့်မည်။ ဒီဝက်မျိုးကို ရဖို့ ဘယ်လို မျိုးစပ်လိုက်တာလဲ၊ ဘယ်လိုတွေကြိုးစားခဲ့ရတာလဲဆိုသည့်အကြောင်း အပြည့်အစုံ ကိုတော့ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3ZG8BdX

ဒီတစ်ပတ်အတွက် 'တစ်ပတ်အတွင်းသတင်းဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ' ကိုတော့ ဒီလောက်နှင့်ပဲ ရပ်ပါတော့မည်။ မနက်ဖြန် မတ်လ ၁၃ ရက်နေ့တွင် တိုင်းနှင့်ပြည်နယ် အတော်များများမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေရှိလာနိုင်သည်ဟု နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်များကိုကိုးကားပြီးမိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်က သတိပေးထားသည်။ တောင်သူများ အားလုံး ကြိုတင်ပြင် ဆင်သင့်သည်များပြင်ဆင်နိုင်ပြီး ပျက်စီးမှုများမရှိပါစေနှင့်ဟု ဆုတောင်းလိုက် ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်