တစ်ခါအိပ်လျှင် ၃ နှစ်ခန့်ကြာသည့် စေတီခရု (သို့) မရွတ်

13/08/2025 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 စေတီခရုပါဝင်သော ခရုမျိုးပေါင်းကြီးတစ်ခုလုံးကို ပါဏဗေဒအရ မော်လပ်စကား (Mollusca) ဟု ခေါ်တွင်၍ ထိုဝေါဟာရမှာ ကိုယ်ခန္ဓာပျော့သော သတ္တဝါမျိုးဟု အဓိပ္ပါယ်ပေါက်လေသည်။ ခရုမျိုးပေါင်းစုတွင် ခရု၊ ပက်ကျိ၊ ယောက်သွားနှင့် ကမာတို့သာမက ကင်းမွန်၊ ရေဘဝဲ စသော ရေသတ္တဝါများလည်း ပါဝင်သည်။ ထိုရေသတ္တဝါများ၌ များသောအားဖြင့် ကိုယ်ခန္ဓာကို ဖုံးအုပ်ကာကွယ် ထားသော အခွံမာများရှိကြသော်လည်း အချို့တွင် လုံးဝ မပါချေ။ အချို့တွင် ပါပြန်ကလည်း သေးငယ်၍ သော်လည်းကောင်း သို့မဟုတ် ကိုယ်ထဲ၌ နစ်မြုပ်၍သော်လည်းကောင်း ရှိတတ်သည်။

ကမ္ဘာတစ်ဝန်းလုံးတွင် ခရုမျိုးစိတ်ပေါင်း(၄၃၀၀၀)ခန့် ရှိကြပြီး ကုန်းခရု၊ ပင်လယ်ခရု၊ ရေချိုခရု ဆိုပြီး ရှိကြပါသည်။ စေတီခရုမှာ ပက်ကျိ၊ကမာ၊ ယောက်သွား၊ ဂုံးတို့ကဲ့သို့ Mollusks အုပ်စုတွင်ပါဝင်ကြပြီး ကျောရိုးမဲ့ရေသတ္တဝါ(Invertebrate) များ ဖြစ်ကြပါသည်။ စေတီခရုသည် ဝမ်းဗိုက်ဖြင့်သွားသော ခရုမျိုးဖြစ်သည်။ စေတီခရုသည် ၄င်းတို့၏ ဝမ်းဗိုက်အရေပြားကို မြေပေါ်၌ တွန့်၍တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားကြသည်။ ဦးခေါင်းတွင် ဦးချိုသဏ္ဍာန် ဦးမှင်တစ်စုံပါတတ်သည်။ ထိုဦးမှင်များ၏ ထိပ်ဖျား၌ မျက်စိတစ်လုံးစီပါသည်။ အကယ်၍ ဦးမှင်နှစ်စုံရှိပါက နောက်ပိုင်းအစုံတွင် မျက်စိများပါရှိသည်။

သဘာဝ အလေ့အထ

ကျောရိုးမဲ့ရေသတ္တဝါဖြစ်သော စေတီခရုများသည် ဝမ်းဗိုက်ကြွက်သားတစ်ခုတည်းနှင့်သာ ရွေ့လျားပြီး ၄င်းတို့၏ ကျောပေါ်ကအခွံကို သယ်ယူသွားလာကြခြင်း ဖြစ်သည်။ စေတီခရုများသည် ယင်းတို့၏ အန္တရာယ်ကို ခံစားမိသည်နှင့် အခွံထဲကို ဝင်သွားတတ်ကြပါသည်။ စေတီခရုအပါအဝင် ခရုမျိုးစိတ်များကို ကုန်းပေါ်တွင်သာမက ရေထဲတွင်ပါတွေ့နိုင်ပြီး ခရုခွံများကိုမူ တစ်ကမ္ဘာလုံးက ကမ်းခြေများတွင် တွေ့နိုင်ပြီး အများဆုံး တွေ့ရှိရသော ခရုခွံများမှာ စေတီခရုကဲ့သို့ ပင်လယ်ခရုခွံများ ဖြစ်ကြသည်။

တချို့ ပင်လယ်ခရုမျိုးစိတ်များသည် ပါးဟက်ပါပြီး ယင်းက ၄င်းတို့ကို အသက်ရှုဖို့အတွက် အထောက်အကူပေးနိုင်သလို တချို့မှာ ကုန်းပေါ်တွင် အသက်ရှူဖို့အတွက် အဆုတ်ပါပါသည်။ စေတီခရုများကို များသောအားဖြင့် ညဘက် (သို့) တိမ်ထူသောနေ့ (သို့မဟုတ်) မိုးရွာသောနေ့များတွင် မြင်တွေ့ရများပါသည်။

ပူပြင်းခြောက်သွေ့လှသော ရာသီဥတုမျိုးတွင် စေတီခရုများသည် အခွံထဲဝင်ပြီး မလှုပ်ဘဲ အချိန်အကြာကြီးနေနိုင်ပါသည်။ စေတီခရုသည် တစ်ခါအိပ်စက်လျှင် ၃နှစ်ခန့်ထိ ကြာမြင့်သည်ဟု သိရသည်။

အမည်အမျိုးမျိုးမှည့်ခေါ်ပုံ

 စေတီခရုကို အင်္ဂလိပ်လို  Top Shell ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Tectus pyramis ဖြစ်သည်။ ရခိုင်လို “မရွတ်”ဟု ခေါ်ဆိုကြပြီး မြန်မာအမည်မှာ စေတီခရုဖြစ်သည်။

အခွံပုံစံ၊ အရွယ်အစားနှင့် အရောင်

စေတီခရုသည် အများအားဖြင့် ၄င်း၏အခွံပုံစံသည် ပိရမစ်ပုံစံရှိပြီး ပင်လယ်ခရုမျိုးစိတ် ဖြစ်သည်။ အခွံ၏ အရွယ်အစားသည် ၄၅ မီလီမီတာမှ ၁၀၅ မီလီမီတာ အထိရှိကြသည်။ အခွံ၏ အရောင်မှာ အဝါရောင် သို့မဟုတ်  မီးခိုးရောင်ဖြစ်ပြီး အောက်ခံသည် အဖြူ၊အစိမ်း သို့မဟုတ် အညိုဖြစ်သည်။

နေထိုင်ရာဒေသ

စေတီခရုများကို အပူပိုင်း၊ သမပိုင်းနှင့် အာတိတ်ရေပြင်များတွင် တွေ့ရှိနိုင်သည်။ မျိုးစိတ်အများစုသည် ကမ်းဦးရေတိမ်ပိုင်းတွင် နေထိုင်ကြသော်လည်း  အချို့မျိုးစိတ်မှာ ပိုနက်သော ရေတွင် နေထိုင်ကြသည်။ ၄င်းတို့သည် ကျောက်ဆောင်ကမ်းခြေများနှင့် သန္တာကျောက်တန်းများတွင်လည်း ပေါများစွာ တွေ့ရတတ်သည်။

သားပေါက်ခြင်း 

စေတီခရုတစ်ကောင်တွင် အထီးအမအင်္ဂါနှစ်မျိုးစလုံးပါရှိပြီး မိတ်လိုက်၍သော်လည်းကောင်း၊ အလိုအလျောက်သော် လည်းကောင်း မျိုးအောင်ကြသည်။ တစ်ကြိမ်လျှင် ဥပေါင်း ၁၀၀ မှ ၄၀၀ အထိ ဥနိုင်ကြသည်။

စေတီခရုခွံ ဖြစ်ပေါ်လာပုံ

ခရုခွံများတွင် ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြသော်လည်း စေတီခရုသည် အခွံတစ်ခုတည်းသာ ရှိ၍ ယင်းကို အခွံထီးဟု ခေါ်သည်။ ခရုအခွံဖြစ်ပေါ်လာပုံမှာ စေတီခရုကိုယ်၏ ကျောမှ စိမ့်၍ထွက်လာသော အရည်သည် စစ်၍ ခြောက်သွားသောအခါ ခရုခွံဖြစ်လာသည်။ ထိုအခွံများတွင် အဓိက ပါဝင်သော ပစ္စည်းတို့မှာ ထုံးကျောက်၊ မြေဖြူ၊ စကျင်ကျောက် စသည်တို့၏ အရင်းခံပစ္စည်းဖြစ်သော ကယ်လဆီယမ်ကာဗွန်နိတ်ပင် ဖြစ်သည်။ ထို့ကြောင့် စေတီခရုခွံများကို မီးပြင်းတိုက်လျှင် ထုံးရစမြဲဖြစ်၏။ ခရုကောင်ကြီးမားလာလေလေ၊ အခွံလည်း ထူလာလေလေဖြစ်သည်။

နောက်တစ်ပိုင်းတွင် ကျန်းမာရေး အကျိုးကျေးဇူးအကြောင်း ဆက်လက်ဖော်ပြပါမည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်