အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘလူးတု (Bluetooth) အကြောင်းသိကောင်း စရာ

ဘလူးတု (Bluetooth) အကြောင်းသိကောင်း စရာ

Green Way
Green Way • Greenovator • 03/08/2020

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းငွေလက်ကျန် နည်းနေချိန် စာတို မက်ဆေ့ချ် ပေးပို့တဲ့နည်းကို မျှဝေ ပေးခဲ့ပါတယ်ခင်ဗျ။ ယခုတစ်ပတ်မှာတော့ ဘလူးတု အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ် ခင်ဗျ။ 

တောင်သူဦးကြီးတွေ ဖုန်းတွေမှာ ပါတဲ့ ဘလူးတု (Bluetooth) ဆိုတာလေး ကိုသိကြလားဗျ။ ကျွန်တော်တို့ အခုလက်ရှိ ပုံတွေ၊ ဗီဒီယိုတွေ၊ ဆော့ဝဲလ်တွေ ကူးနေတဲ့ ဇာပြာ (Zapya) မပေါ်ခင်ကဆိိုရင် ဘလူးတုလေးကို အသုံးပြုပြီး ကူးခဲ့ရတာ ဖြစ်ပါတယ်။ ဘလူးတုကို အသုံးပြုပြီး သီချင်းဖွင့်တာမျိုးတွေ၊ ဖုန်းပြောတာမျိုးတွေလည်း လုပ်လို့ရပါသေးတယ်။ 

ဘလူးတု ဆိုတာ ကြိုးမသုံးဘဲ ရေဒီယိုလှိုင်းကို အသုံးပြုပြီး ဆက်သွယ်ပေးနိုင်သော ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာစနစ် ဖြစ်ပါတယ် ခင်ဗျ၊၊

တစ်စက္ကန့်ကို တစ်မီဂါဘိုက် (1MB) အမြန်နှုန်းနဲ့ သယ်ဆောင်နိုင်ပါတယ်၊၊ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ၁၀မီတာ (ပေ၃၀ ခန့်) အကွာအဝေးအတွင်းဖြစ်ပါတယ်၊၊ ရေဒီယိုလှိုင်းကို အခြေခံထားတာဖြစ်လို့ နေရာမရွေး ဆက်သွယ်နိုင်တာပဲ ဖြစ်ပါတယ်၊၊

ယနေ့ခေတ်မှာ ဘလူးတု (Bluetooth) ကို လူသုံးပစ္စည်းတွေနဲ့ပါ ဆက်သွယ်နိုင်အောင် တီထွင်လာကြပါတယ်၊၊ ကြိုးမဲ့နားကြပ်တပ်ထားရင် ဖုန်းကို လက်က မကိုင်ဘဲ ပြောနိုင်လာကြတယ်၊၊ ဖုန်းအချင်းချင်း နှစ်သက်ရာ သီချင်းဖိုင်၊ စာသားဖိုင်တွေကို အပြန်အလှန် ပေးနိုင်လာတယ်၊၊ ဒီလောက်ဆိုရင် ဘလူးတု အကြောင်းကိုဦးကြီးတွေ အခြေခံအားဖြင့် သိသွားမယ်လို့ ယုံကြပါတယ် ခင်ဗျ။ တနင်္လာနေ့တိုင်း ယခုအစီစဥ်လေးကို ဖော်ပြမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံး ခင်ဗျ။

   ယခင်တစ်ပတ်ကဖော်ပြခဲ့တဲ့ ဖုန်းငွေလက်ကျန် နည်းနေချိန် စာတို မက်ဆေ့ချ် ပေးပို့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်းငွေလက်ကျန်နည်းနေချိန် ဖုန်းပြန်ခေါ်ပေးဖို့ စာဘယ်လိုပို့ရမလဲ(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

You

ဆက်စပ်မေးခွန်းများ

fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့

ဦးစိုး • ဖြေကြားချက် 0 ခု

profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့

myantthirikhet • ဖြေကြားချက် 0 ခု

ကြက်သွန်နီခင်းမှာ ဘယ်ရောဂါကျရင် ဘယ်ai သုံးမရလဲဆိုတာရော သိသလောက်ပြောပြပေးပါအုံးဗျ

Aung Myo Oo • ဖြေကြားချက် 0 ခု

(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။ဆပ်ပြာရည်နဲ့ထိုးချလည်းမကုန်ဘူး ပြန်ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပါဦးဆရာတို့ 🙏။ ပင်စိမ်းပင်ပါ။

ကို ငယ် • ဖြေကြားချက် 1 ခု

ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ

စောတိုးသူဝင်း • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။