အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးသားပေါက် စတင်ထည့်သွင်းရာတွင် သတိပြုရမည့်အချက်များ

ငါးသားပေါက် စတင်ထည့်သွင်းရာတွင် သတိပြုရမည့်အချက်များ

ငါးဒိုင်တွေကနေ ငါးသားပေါက်တွေ ဝယ်ယူလာပြီး၊ မွေးမြူကန်ထဲကို မထည့်ခင် သိထားသင့်တဲ့ အချက်တွေကို သိသလောက်လေး ပြန်လည်မျှဝေပေးပါရစေရှင့်။

(၁) ကားဂိတ်ကနေ ပုံးတွေနဲ့ သယ်လာတဲ့အခါ ငါးလေးခမျာ ခရီးပန်းပြီး၊ နုံးချိ ပင်ပန်းနေပါတယ်။ ဒါ့ကြောင့် ကိုယ့်ဒေသကိုရောက်ရောက်ချင်း၊ ငါးလေးတွေကို မွေးကန်ထဲကို တိုက်ရိုက်မထည့်လိုက်ပါနဲ့ရှင့်။ (ရုတ်တရက် သေဆုံးသွားတတ်လို့ပါ။)

(၂) ငါးလေးတွေကို အဝကျယ်ကျယ် ဇလားထဲကိုဖြေးဖြေးလေး (ညင်ညင်သာသာလေး) ထည့်ပါရှင့်။ 

(၃) ဇလားထဲကို ထည့်ပြီးရင်တော့၊ မွေးမြူဖို့ အသင့်လုပ်ထားတဲ့ကန်ထဲမှာ ရှိနေတဲ့ ရေကို ခပ်ပြီး၊ ငါးလေးတွေထည့်ထားတဲ့ ဇလားထဲကို နည်းနည်းချင်းစီထည့်ပေးပါရှင့်။ အဲ့ဒီလို မွေးကန်ထဲက ရေကို ဇလားထဲထည့်ရာမှာလည်း ဝုန်းခနဲ သွန်ချမထည့်သင့်ပါဘူး။ ဇလားအပြည့် တပြိုင်တည်း မထည့်လိုက်သင့်ပါဘူး။

ငါးသားပေါက်လေးတွေ လန့်မသွားရအောင်၊ တစ်ကြိမ်ကို ရေနည်းနည်းချင်း လောင်းထည့်ပေးပါနော်။ (ဒီလုပ်ဆောင် ချက်ကတော့ - ငါးလေးတွေကို မွေးမြူကန်ထဲမထည့်ခင်မှာ မွေးမြူကန်ထဲမှာ ရှိနေတဲ့ရေနဲ့ အသားကျသွားစေဖို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်ရှင့်။)

(၄) အဲဒီနောက် ရေဇလားကို မွေးမြူကန်အထဲသို့၊ ဖြေးဖြေးချင်း စောင်းပြီး၊ ငါးလေးတွေကိုယ်တိုင် ရေကူးပြီး မွေးမြူကန်ထဲ ကူးခတ်ဝင်သွားတဲ့ အခြေအနေပုံစံမျိုး ဖြစ်ရင် အကောင်းဆုံးပါပဲ။ 

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်၊ ငါးသားပေါက်တွေ အသေအပျောက်နည်းပါးသွားစေမှာ မလွဲဧကန်ဖြစ်ပါတယ်ရှင့်။

လူသားတို့ရဲ့စားဝတ်နေရေး ဖူလုံစေဖို့နဲ့၊ ပြည်တွင်းသယံဇာတတွေ တိုးပွားထုတ်လုပ်နိုင်ဖို့အတွက် ငါးမွေးမြူရေးလုပ်ငန်းတွေဟာ အဓိကအရေးပါနေပါပြီ။

ငါးမွေးမြူခြင်းနဲ့ စီးပွားဖြစ်ထွန်းကြပါစေ။

နန်းထက်ထက်ချစ်(ABM)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား

Sawsamson • ဖြေကြားချက် 0 ခု

မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်း​ေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ ပိုးသတ်ဆေးဖြန်းရင် အဆင်ပြေနိူင်ဆရာတို့ဖြေကြားပေးပါအုံး။ (အားဆေးကို ဘာအားဆေးသုံးရင်ကောင်းမလဲဗျ)

koHein Htet Soe • ဖြေကြားချက် 7 ခု

ဂန္ဓာပန်းခင်းကျောက်ရောဂါစတွေ့လာလို့ဆိုင်ကဒီဆေးနှစ်မျိုးရောဖျန်းခိုင်းလို့အဆင်နိုမလားခင်ဗျ

ကိုချမ်း • ဖြေကြားချက် 3 ခု

မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ

Kyaw Lin htet • ဖြေကြားချက် 1 ခု

မန်ကိုဇက်ရယ်အဇိုဇီကိုနာဇောရယ်ကာတတ်ရယ်စေးကပ်ရေရောဖျန်းကောင်းလား

မောပ်တိုးတတ် • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။