ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
စပျစ်သီးမှစ၍ တန်ဖိုးကြီး စတော်ဘယ်ရီသီးများအထိ ဂျပန်နိုင်ငံ၏ အဖိုးတန်ဆုံး သီးနှံမျိုးစိတ်များကို ပြည်ပနိုင်ငံများတွင် ခိုးယူစိုက်ပျိုးနေကြသည်။ ယခုအခါ ယင်းလုပ်ရပ်ကို ဂျပန်အစိုးရက အပြီးတိုင် ဟန့်တားရန် ကြိုးပမ်းလာပြီဖြစ်သည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၏ စစ်တမ်းတစ်ခုအရ ဂျပန်နိုင်ငံတွင် တီထွင်ဖန်တီးထားသော အမှတ်တံဆိပ်ပါ လယ်ယာထွက်ကုန်များနှင့် သီးနှံမျိုးစိတ်များ ပြည်ပသို့ ပေါက်ကြားမှုမှာ အရှိန်အဟုန် မြင့်တက်လျက်ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ဤသီးနှံမျိုးစိတ်များသည် အမြတ်အစွန်းများစွာ ရရှိနိုင်သည့်အတွက် ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအပေါ် ထိခိုက်နစ်နာမှုမှာ အလွန်ကြီးမားလှသည်။
ဥပမာအားဖြင့် ယခင်က ပေါက်ကြားမှုရှိခဲ့ကြောင်း အတည်ပြုထားသည့် ပရီမီယံ 'Shine Muscat' စပျစ်သီးမျိုးစိတ်များကို ယခုအခါ တရုတ်နိုင်ငံတွင် စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးနေကြပြီး ယင်းအတွက် နှစ်စဉ် ယန်း ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၁၃၅ သန်းခန့်) ဆုံးရှုံးနေရသည်ဟု ခန့်မှန်းထားသည်။အပင်မျိုးစိတ်ကာကွယ်ရေးနှင့် မျိုးစေ့ဥပဒေ (Plant Variety Protection and Seed Act) က ပြည်တွင်း၌ တီထွင်ထားသော မျိုးစေ့များနှင့် ပျိုးပင်များကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းအား ကာလကြာရှည်စွာ တားမြစ်ထားသော်လည်း ပေါက်ကြားမှုများက ဆက်တိုက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် စည်းမျဉ်းများကို ပိုမိုတင်းကျပ်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

အာရှတစ်လွှား ဈေးပေါပေါဖြင့် ရောင်းချနေရခြင်း
အမျိုးသားစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ သုတေသနအဖွဲ့မှ ၃၃ နှစ်ကြာ သုတေသနပြုလုပ်ပြီးမှ ထုတ်လုပ်နိုင်ခဲ့သော 'Shine Muscat' အပါအဝင် ဂျပန်နိုင်ငံ၏ သီးနှံမျိုးစိတ်သစ်များကို ပြည်ပသို့ အကြိမ်ကြိမ် ခိုးသွင်းကာ အာရှတစ်လွှားတွင် ဈေးပေါပေါဖြင့် ရောင်းချရန် စိုက်ပျိုးနေကြသည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရက အပင်မျိုးစိတ်ကာကွယ်ရေးနှင့် မျိုးစေ့ဥပဒေကို ပြင်ဆင်ခဲ့ပြီး၊ မှတ်ပုံတင်ထားသော သစ်သီးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များ၊ ပျိုးပင်များကို ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်းကို တားမြစ်ခဲ့သည်။ ၂၀၂၄ ဘဏ္ဍာနှစ်ကုန်အထိ မျိုးစိတ်ပေါင်း ၇,၀၀၀ ခန့်ကို ယင်းဥပဒေဖြင့် အကာအကွယ်ပေးထားသည်။
သို့သော် Shine Muscat ၏ ကိစ္စတွင်မူ ထိုအစီအမံများ အသက်မဝင်မီကပင် ပေါက်ကြားမှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ဝန်ကြီးဌာန၏ အဆိုအရ တရုတ်နိုင်ငံ၏ စိုက်ပျိုးမြေဧရိယာသည် ၂၀၂၂ ခုနှစ် အချက်အလက်များအရ ဟက်တာ ၇၃,၇၀ဝ ခန့် (၁၈၂,၁၁၆.၆၇ ဧကခန့်) ရှိမည်ဟု ခန့်မှန်းရပြီး ယင်းမှာ ဂျပန်နိုင်ငံရဲ့ စိုက်ဧရိယာထက် အဆ ၃၀ ခန့် ပိုမိုကျယ်ဝန်းနေသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများသို့ပါ တင်ပို့မှုများရှိနေကြောင်းကိုလည်း အတည်ပြုထားပြီးဖြစ်သည်။
စည်းမျဉ်းများ ထပ်မံတင်းကျပ်ရန် တွန်းအားပေးခြင်း
ပြီးခဲ့သည့်နှစ်က ကောက်ယူခဲ့သော စစ်တမ်းအရ ပြည်တွင်း၌ ဖန်တီးထားသော သစ်သီးနှင့် အခြားထွက်ကုန် မျိုးစိတ် ၅၀ ခန့် ပြည်ပသို့ ပေါက်ကြားသွားဖွယ်ရှိကြောင်း တွေ့ရှိရပြီး၊ ဤအရေအတွက်မှာ ၂၀၂၀ ပြည့်နှစ် စစ်တမ်းထက် ပိုမိုတိုးလာခြင်းဖြစ်သည်။ အချို့သော မျိုးစိတ်များဆိုလျှင် မှတ်ပုံမတင်ရသေးမီကပင် ပစ်မှတ်ထား ခိုးယူခံရသည်ဟု ယူဆရသည်။
လက်ရှိစနစ်အရ မျိုးစိတ်သစ်တစ်ခုကို ဝန်ကြီးဌာနတွင် မှတ်ပုံတင်ပြီးပါက တီထွင်သူကို "အပင်မျိုးစပ်သူ၏ အခွင့်အရေး (breeder's rights)" ဟုခေါ်သော ဉာဏမူပိုင်ခွင့်တစ်ရပ် ချထားပေးပြီး သီးသန့်ထုတ်လုပ်ရောင်းချခွင့် ရရှိမည်ဖြစ်သည်။ သို့သော် မှတ်ပုံတင်လုပ်ငန်းစဉ်မှာ ၃ နှစ်မှ ၆ နှစ်အထိ ကြာမြင့်တတ်သည်။ ထိုကာလအတွင်း အစမ်းစိုက်ပျိုးရာမှတဆင့် ပျိုးပင်များ ပေါက်ကြားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ကာလရှည်ကြာကတည်းက သတိပေးထားခဲ့ကြသည်။
ထို့ကြောင့် အစိုးရအနေဖြင့် မျိုးစိတ်သစ်များ မှတ်ပုံမတင်ရသေးမီကပင် ခွင့်ပြုချက်မရှိဘဲ တင်ပို့မှုများကို ပိတ်ပင်နိုင်မည့် ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းရန် ကြိုးပမ်းနေသည်။ ယင်းဥပဒေကြမ်းတွင် လျှောက်လွှာတင်သည့်အချိန်မှစ၍ ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးထားသော မျိုးစေ့များ၊ ပျိုးပင်များနှင့် ရိတ်သိမ်းပြီးသော ထွက်ကုန်များကို တရားမကြောင်းအရ တရားစွဲဆိုမှုမှတစ်ဆင့် တားမြစ်ပိတ်ပင်ခွင့်နှင့် ဖျက်ဆီးခွင့်ပြုမည့် အချက်များ ပါဝင်လာမည်ဖြစ်သည်။
ဂျပန်အပင်မျိုးစပ်သူများကို ကာကွယ်ခြင်း
တီထွင်သူများကိုယ်စား အပင်မျိုးစပ်သူများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းထားသော အထူးအဖွဲ့အစည်းတစ်ခုကိုလည်း ဩဂုတ်လတွင် စတင်ဖွဲ့စည်းမည်ဖြစ်သည်။ ဤအဖွဲ့သည် ပြည်တွင်းပြည်ပရှိ တရားမဝင် စိုက်ပျိုးမှုများကို စောင့်ကြည့်ပြီး ချိုးဖောက်မှုများ တွေ့ရှိပါက တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ဂျပန်မျိုးစိတ်သစ်များကို တရားဝင် လိုင်စင်ထုတ်ပေးခြင်းနှင့် မူပိုင်ခွင့်ကြေးများ (royalties) ကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤနည်းဖြင့် ရရှိလာသော မူပိုင်ခွင့်ကြေးများကို မျိုးစိတ်သစ်များ ထပ်မံဖန်တီးနိုင်ရန် တီထွင်သူများထံ ပြန်လည်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကာကွယ်ရေးနှင့် ပို့ကုန်တိုးတက်ရေး ပူးတွဲလုပ်ဆောင်ရမည်
ဟီရိုဆာကီ တက္ကသိုလ် (Hirosaki University) မှ ပါမောက္ခ Satoshi Ishitsuka ကမူ ဂျပန်နိုင်ငံသည် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ရာတွင် ထူးချွန်သော်လည်း အခွင့်အရေးကာကွယ်မှု အားနည်းခဲ့ကြောင်း ထောက်ပြထားပြီး အပင်မျိုးစိတ်ကာကွယ်ရေးဥပဒေ ပြင်ဆင်မှုကို ကြိုဆိုခဲ့သည်။
သို့သော် ပြည်ပသို့ ပျိုးပင်များတင်ပို့ပြီး ဒေသတွင်းစိုက်ပျိုးခွင့်ပြုလိုက်ခြင်းက "ဂျပန်နိုင်ငံမှ သစ်သီးများ တင်ပို့ရခြင်း၏ အခြေခံအကြောင်းရင်းကို လျော့ကျစေနိုင်သည်" ဟု ၎င်းက သတိပေးထားသည်။ ထို့ကြောင့် ကာကွယ်ရေးတစ်ခုတည်းကိုသာ အာရုံစိုက်နေမည့်အစား စိုက်ပျိုးရေး ပို့ကုန်မြှင့်တင်ရေးနှင့်ပါ ညီမျှသော အလေးထားမှုမျိုး ရှိရန် လိုအပ်ကြောင်း ၎င်းက အကြံပြုထားသည်။
Japan Forward သတင်းစာမှ Japan Is Losing Its Most Valuable Crops သတင်းဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုထားပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
ပုံပါလွှစာမုန့်ကို ဘာမှမလုပ်ပဲ ဒီအတိုင်းအပင်ခြေရင်းမှာအုပ်ပေးလို့ရလား အပင်ရဲ့အစိုဓါတ်ထိမ်းပေးမလို့ပါ
Sawdohhtoo • ဖြေကြားချက် 0 ခု
Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား
Sawsamson • ဖြေကြားချက် 0 ခု
မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်းေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ ပိုးသတ်ဆေးဖြန်းရင် အဆင်ပြေနိူင်ဆရာတို့ဖြေကြားပေးပါအုံး။ (အားဆေးကို ဘာအားဆေးသုံးရင်ကောင်းမလဲဗျ)
koHein Htet Soe • ဖြေကြားချက် 7 ခု
ဂန္ဓာပန်းခင်းကျောက်ရောဂါစတွေ့လာလို့ဆိုင်ကဒီဆေးနှစ်မျိုးရောဖျန်းခိုင်းလို့အဆင်နိုမလားခင်ဗျ
ကိုချမ်း • ဖြေကြားချက် 3 ခု
မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ
Kyaw Lin htet • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
More from Thein Soe Min
အားလုံး
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026