အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆေးဖက်ဝင် ဆီးဖြူပင်စိုက်ပျိုးခြင်း

ဆေးဖက်ဝင် ဆီးဖြူပင်စိုက်ပျိုးခြင်း

Green Way
Green Way • Greenovator • 22/01/2019

ဆီးဖြူသီးပင်သည် သဲမြေမှအပ မြေ အမျိုးအစားအားလုံးနီးပါးတွင် စိုက်ပျိုးဖြစ် ထွန်းနိုင်ပါသည်။ ခြောက်သွေ့ သောဒေသများမှာပင် ရှင်သန်ဖြစ်ထွန်းနိုင်ပြီး မြေချဉ်ငံဓာတ်(စံ) ၉.၅ ရှိသည့်မြေငံများမှာပင် စိုက်ပျိုးနိုင်ပါသည်။ ပန်းပွင့်ချိန်တွင် ပူနွေးခြောက်သွေ့သည့်ရာသီဥတုကို ကြိုက် နှစ်သက်၍ ပူပြင်းတဲ့ နွေရာသီမှာ သီးကင်း ဝင်ပြီးစ အသီးများသည် ရက် ၁၀၀ ခန့် ကြီးထွားမှုမရှိဘဲ ငြိမ်သက်နေတတ်ပါသည်။ (အသီးကြီးထွားမှု ရပ်တန့် နေတတ်ပါသည်)။ အသီးများသည် အပူချိန် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ် အတွင်းမှာ ကောင်းစွာကြီးထွားဖွံ့ဖြိုးကြ ပါသည်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလများမှာ မိုးရွာပါက အညွန့် သစ်များထွက်စေနိုင်ပြီး ဇွန်လတွင် ရွာသောမိုးသည် အစေ့အိမ်ကြီးထွားမှုကို အားပေးပါသည်။

မြန်မာနိုင်ငံတွင် ဆီးဖြူသီးပင်ကို အစေ့မှသာ မျိုးပွားစိုက်ပျိုးနေကြပါသည်။ ဆီးဖြူသီးမျိုးစေ့သည် ငုပ်ချိန် (နားချိန်) ရှိပါသည်။ အသီးမှထုတ်ယူပြီး ချက်ချင်း အပင်မပေါက်ပါ။ မျိုးစေ့များကို အချိန်ကြာကြာ သိမ်းထား၍ရ သည်။  မျိုးပွားရန် အချိန်အဖြစ် ဖေဖော်ဝါရီလတွင်တစ်ကြိမ်နဲ့ ဇွန်မှဩဂုတ်လအတွင်း တစ်ကြိမ် စိုက်ပျိုးရန် သင့် တော်ပါသည်။

ပျိုးပင်များကို အတန်းကြား၊ အပင် ခြား ၂၀ မှ ၂၅ ပေ ထားစိုက်လေ့ရှိပါသည်။ အပင်ငယ်စဉ် ရေသွင်း၊ ရေ လောင်းပေးသင့်ပြီး သဘာဝဓာတ်မြေဩဇာများကိုလည်း ကျွေးပေးရမည်။ အပင်သက် ခြောက်နှစ်သားရောက် သော် အသီးစတင်သီးနိုင်သည်။ အဖူးမြှုပ်မျိုးပွားထားသော  အပင်များမှာ အစေ့စိုက်အပင်များထက် စောပွင့်သီး နိုင်သည်။ အပင်သက် ၁၀ နှစ်မှ ၁၂ နှစ်သား အရွယ်ရောက်သော် သီးအားကောင်း၍ အထွက်ကောင်းလာမည်။ အသီးများရင့်မှည့်မှုကို အသီးအရောင်ကြည့်၍ ဖြစ်စေ၊ အစေ့အရောင်အဖြူမှ အနက်ရောင်သို့ ပြောင်းလဲလာ ခြင်းဖြင့်ဖြစ်စေ သိရှိနိုင်သည်။

နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်မှာ အသီးများ ဖြိုင်ဖြိုင်မှည့်လေ့ရှိသည်။ အပင်ကြီးတစ်ပင်မှ အသီးအလေးချိန် ၁၀၀ ကီလိုဂရမ်မှ ၃၀၀ကီလိုဂရမ်ထိ သီးထွက်ရရှိနိုင်သည်။ ကောင်းစွာပြုစုစိုက်ပျိုးပါက အပင်သက်တမ်း ၆၀ မှ ၇၅ နှစ်ထိရှည်စွာ ပွင့်သီးနိုင်သော အပင်မျိုးဖြစ်သည်။ အသီးရင့်များကို အပူချိန် ၅ ဒီဂရီစင်တီ ဂရိတ်မှ ၇ ဒီဂရီ စင်တီဂရိတ်မှာ နှစ်လထိ ကောင်းစွာသိုလှောင်ထားနိုင်သည်။ မျိုးပေါ်မူတည်၍ ရင့်မှည့်နေသော ဆီးဖြူသီးများကို သာမန် အခန်းအပူချိန်မှာ ၇ ရက်မှ ၁၀ ရက်ထိသာ အထားခံသည်။ ဆီးဖြူပင်စိုက်တန်း များကြားမှာ နနွင်း၊ ဂျင်း၊ ပဲတီစိမ်း၊ ပဲလွန်းစသော အပင်များကို ကြားသီးနှံ အဖြစ် စိုက်ပျိုးနိုင်ပါသည်။

 

ဆောင်းနှင်းဖြူ (ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 1 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။