ရေသတ္တဝါများ အကောင်းဆုံး ကျန်းမာရှင်သန် ကြီးထွားစေဖို့ဆိုလျှင်..

02/05/2023 15:00 PM တွင် ဗွေဆော်ဦး (Bwe Saw Oo) ဗွေဆော်ဦး (Bwe Saw Oo) မှ ရေးသား

ဗီတာမင်လို သတ္တုဓာတ်ဆားတွေဟာ ခန္ဓာကိုယ်အတွက် စွမ်းအင်ထောက်ပံ့တာမျိုး မလုပ်ပေးနိုင်ပေမဲ့ အရေးကြီးတဲ့ ထိန်းညှိတာဝန်တွေတော့ လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် များစွာသော တစ်သျှူးတွေ ရဲ့ ဖွဲ့စည်းတည်ဆောက်မှုအစိတ်အပိုင်းထဲမှာလည်း ပါဝင်ပါတယ်။ 

ခန္ဓာကိုယ်ကို ထိန်းညှိပေးတဲ့အရာတွေ၊ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အစိတ်အပိုင်းတွေလိုပဲ ဒီ အာဟာရသတ္တုဓာတ်တွေဟာလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရာတွေပါ။ ဒါပေမဲ့ သူတို့တွေကို ရနိုင်ဖို့ဆိုရင် ဖန်တီးလုပ်ယူလို့ မရပါဘူး။ ဆိုတော့ နေ့စဉ်ဘဝရဲ့ ဓာတ်စာတွေထဲမှာ အမြဲပါဝင်နေဖို့ လိုအပ်ပါတယ်။ 

ဒီဓာတ်တွေဟာ လူတွေမှာချည်း လိုအပ်နေတာမျိုးလားဆိုရင်တော့ မဟုတ်ပါဘူး။ ငါး၊ ပုစွန်တွေလိုမျိုး ရေနေသတ္တဝါတွေမှာလည်း လိုအပ်တာဖြစ်ပါတယ်။ ဆိုတော့ ဘယ်လိုတွေလိုအပ်လို့ ဘယ်လိုတွေ အကျိုးပြုတာလဲဆိုတာကို ကြည့်ကြရအောင်။

ရေနေမျိုးစိတ်များအတွက် ဓာတ်ဆားများရဲ့ ပံ့ပိုးလုပ်ဆောင်ပေးမှုများ 

ကယ်လ်ဆီယမ် (Ca) : ကယ်လ်ဆီယမ်ဟာ သတ္တဝါတို့ရဲ့ ကြီးထွားနှုန်းနဲ့ တစ်သျှူးဖွဲ့စည်းခြင်းတို့ အတွက် အလွန်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားများကျုံ့ခြင်းဆန့်ခြင်း၊ ကိုယ်ခံ အားစနစ် ကောင်းမွန်စွာ အလုပ်လုပ်ခြင်း၊ နှလုံးခုန်ခြင်း၊ စွမ်းအားထုတ်လုပ်ခြင်း၊ အာရုံကြော လုပ် ဆောင်မှုနဲ့ သွေးခဲခြင်းကိုတားဆီးဖို့တွေအတွက်ဆိုရင်တော့ သူက မရှိမဖြစ်ပါပဲ။ 

မဂ္ဂနီဆီယမ် (Mg) : မဂ္ဂနီဆီယမ်ကတော့ ရေနေသတ္တဝါတွေ အားရှိနေဖို့၊ နျူကလိရစ်အက်ဆစ်နဲ့ ပရိုတိန်းများ ပေါင်းစည်းဖို့နဲ့ အိုင်းယွန်းများသယ်ပို့ဖို့လိုမျိုး အင်ဇိုင်းလုပ်ငန်းတွေအတွက်တော့ အသက် တမျှ အရေးပါတဲ့ဓာတ်ပါ။ ဒါ့အပြင် အဓိက အာရုံကြောမကြီး သန်စွမ်းကျန်းမာဖို့ကိုလည်း ထောက်ကူ ပေးပြီး ကယ်လ်ဆီယမ်နဲ့ပေါင်းစပ်ကာ ကြွက်သားများကျုံ့ခြင်းဆန့်ခြင်းနဲ့ ကိုယ်ခံအားစနစ် ကောင်း မွန်စွာ အလုပ်လုပ်စေဖို့တွေကိုလည်း ကူညီပေးပါတယ်။ 

ပိုတက်ဆီယမ် (K) : ဒီဓာတ်ကတော့ အာဟာရများကို ဆဲလ်အတွင်းပိုင်းထိ သယ်ယူပို့ဆောင်ပေးပြီး မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းများကို ဆဲလ်များထဲမှ ထုတ်ဖယ်ပေးတဲ့နေရာမှာ အကျိုးပြုပါတယ်။ ပြီးတော့ ပိုတက်စီယမ်က ခန္ဓာကိုယ်ထဲ ရေဓာတ်နဲ့ ဓာတ်ဆားများပျော်ဝင်ခြင်းကိုမျှတစေဖို့ ထိန်းသိမ်းပေးတဲ့ နေရာ၊ အာရုံကြောတွေ ဖြန့်ကျက်တဲ့နေရာနဲ့ ဆဲလ်များရဲ့ကျုံ့ကြွစေတဲ့နေရာတွေမှာလည်း အရေးပါတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေပါတယ်။

ပြီးတော့ ကိုယ်တွင်းကာဗိုဟိုက်ဒရိတ်တွေ ချေဖျက်တဲ့လုပ်ငန်းစဉ်နဲ့ ပရိုတင်းပေါင်းစည်းခြင်း လုပ်ငန်းစဉ်တွေမှာလည်း သူ့ကို လိုအပ်ပါတယ်။

ဒီလိုအာဟာရဓာတ်တွေလုံလောက်ပြည့်ဝစေဖို့ ဘယ်ကနေရနိုင်မလဲ..

မိမိတို့မွေးမြူထားတဲ့ ငါး၊ ပုစွန်နဲ့ အခြား ရေသတ္တဝါတွေ အာဟာရပြည့်ကျန်းမာပြီး ကြီးထွားမြန်စေဖို့ လိုအပ်မဲ့ ဒီလို ဗီတာမင်သတ္တုဓာတ်ဆားတွေကို ဖြည့်ဆည်းပေးဖို့ဆိုရင်တော့ Red Barn ရဲ့ Aqua တံဆိပ်ထုတ်ကုန်တွေထဲက တစ်ခုဖြစ်တဲ့ Aqua Mix က အကောင်းဆုံး ရွေးချယ်မှုတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။

Aqua Mix ထဲမှာဆိုရင် အပေါ်မှာပြောပြထားတဲ့ ငါးပုစွန်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီး ဓာတ်သုံးမျိုးကို တစ်နေရာတည်းမှာ အချိုးညီညီ ပေါင်းစပ်ထုတ်လုပ်ထားတာပါ။

Aqua Mix ဟာ ရေနေသတ္တဝါတွေအနေနဲ့ ကောင်းမွန်စွာကြီးထွားနိုင်ဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ သန့်စင်တဲ့ဓာတ်ဆားတွေကို ရာနှုန်းပြည့်စားသုံးနိုင်စေရေး၊ အခြားသတ္တဝါတွေအတွက်လည်း အပြည့် စုံဆုံးလိုက်လျောညီထွေဖြစ်စေမဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာရေး စတာတွေကို ပြုပြင်ထိန်းညှိပေး ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ သူတို့တွေကို ကျန်းမာစေပြီး ဖွံ့ဖြိုးမှုအားလည်း ကောင်းစေသွားမှာ ဖြစ်ပါတယ်။

Aqua Mix ထဲမှာဆိုရင် ဓာတ်ဆားတွေဟာ ဒြပ်ဖိုတွေအဖြစ်ပါဝင်နေတာဖြစ်ပြီး (တစ်နည်းအားဖြင့် ဆာလ်ဖိတ်, ကာဘွန်နိတ်, နိုက်ထရိတ်နဲ့ ကလိုရိုက် တို့လို ဒြပ်ပေါင်းတွေနဲ့ မပတ်သက်ဘဲ) သီးခြား လွတ်လွတ်လပ်လပ်ရှိတဲ့ ဩဂဲနစ်တွေဖြစ်တာကြောင့် ရေနေသတ္တဝါတွေအနေနဲ့ ရာနှုန်းပြည့် စုပ်ယူစားသုံးနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Aqua ထုတ်ကုန်တွေကို သုံးမယ်ဆိုရင် ‌မိမိတို့ မွေးမြူ ထားတဲ့ ရေနေသတ္တဝါတွေအတွက်  ပုံမှန် အာဟာရကျွေးနေရမှုအပေါ် အကြိမ် ၂၀ ကနေ ၁၅ ကြိမ် လောက်အထိ လျော့နည်းသက်သာသွားစေမှာပဲဖြစ်ပါတယ်။ 

ဒီထဲမှာပါဝင်တဲ့ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်တွေကိုလည်း အမျှတဆုံးအနေ အထားနဲ့ လုံးဝပြည့်စုံတဲ့ ဖော်မြူလာနဲ့ ထည့်သွင်းပေးထားပါ။

ပြီးတော့ ဘက်စုံအသုံးပြုနိုင်စေမယ့် ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာဖြစ်လို့ မွေးမြူရေးသမားတွေ အနေနဲ့ ကန်ထဲက ငါးပုစွန်တွေရဲ့ လိုအပ်ချက်နဲ့ ကြီးထွားမှုအခြေအနေအပေါ် မူတည်ပြီး လိုသလို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ 

သုံးစွဲနိုင်တဲ့ပုံစံအနေနဲ့ဆိုရင်တော့ နည်းလမ်း နှစ်မျိုးရှိမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့...

  • ၁။ အစာတွင်‌ထည့်ရောကျွေးခြင်း (ကြီးထွားနေဆဲကာလတွင်သာ) 
  • ၂။ ရေထဲသို့ရောထည့်ခြင်း (ကြီးထွားစ၊ ကြီးထွားဆဲကာလနှင့် ဥဖောက်ကန်များတွင်သာ) ဆိုပြီး ဖြစ်ပါတယ်။

သဘာဝမှာကော ဒီအာဟာရဓာတ်တွေ မရှိနိုင်ဘူးလား..

ဆိုတော့ ဒီလိုအာဟာရဓာတ်တွေက ရေထဲမှာ သဘာဝအတိုင်းကော ရှိမနေနိုင်ဘူးလားဆိုရင်တော့ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ သူတို့ရှိနေတဲ့ပုံစံက သတ္တဝါတွေအလွယ်တကူ စုပ်ယူစားသုံးလို့ မရတဲ့ ရယ်ဒီကယ်ဒြပ်မှုန်တွေ ရောနှောပါဝင်နေတဲ့ပုံစံနဲ့ ရှိနေတာမျိုးပါ။

Red Barn ထုတ်ကုန်တွေမှာကျတော့ ဒီဒြပ်မှုန်တွေကို ခွဲထုတ်ပေးထားလို့ ငါးပုစွန်တွေအနေနဲ့ သန့် စင်တဲ့ ကယ်လ်ဆီယမ်, ပိုတက်ဆီယမ်, မဂ္ဂနီဆီယမ်တွေကို အလွယ်တကူ စုပ်ယူစားသုံးနိုင်စေ သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပုံမှန်သဘာဝမှာ ဒီဓာတ်တွေက ပိုများနေရင်တောင် Red Barn ထုတ်ကုန်နည်းနည်းလေးသုံးစွဲပေးတာလောက်ကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ 

Aqua Mix က ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ...

  • အာဟာရပြည့်ဝတဲ့ ဓာတ်ဆားလိုအပ်ချက်အပေါ် တိုက်ရိုက်ကိုင်တွယ်စီမံသွားနိုင်ခြင်း 
  • စရိတ်သက်သာခြင်း (သာမန် ဓာတ်ဆားဖြည့်တင်းပေးရမှုထက် အဆ ၂၀-၁၅ ဆ လျော့နည်း သက်သာ‌သွားနိုင်) 
  • ကြီးထွားနှုန်းတိုးတက်လာခြင်း 
  • အသားတိုးနှုန်း(အစာမှအသားဖြစ်မှုနှုန်း) မြင့်တက်လာခြင်း 
  • ရှင်သန်နှုန်းမြင့်မားစေနိုင်ခြင်း 
  • ကိုယ်ခံအားနှင့် ရောဂါခံနိုင်ရည် မြင့်တက်လာခြင်း 
  • အရွယ်အစားတပြေးညီဖြစ်အောင် ထိန်းညှိပေးနိုင်ခြင်း
  • ရေ၏အယ်ကာလိုင်းဓာတ်ကို မြှင့်တင်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရသွားစေမှာဖြစ်ပါတယ်။

Red Barn Group အကြောင်း

Red Barn Group သည် စီးပွားရေးတွက်ချေကိုက်အထွက်တိုးရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အဓိကထားသည့် ရေလုပ်ငန်းဆိုင်ရာထုတ်ကုန်များ ဆန်းသစ်တီထွင် ဖန်တီးထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 

Red Barn Group ၏ ရေလုပ်ငန်းဆိုင်ရာထုတ်ကုန်များကို အမေရိကန်နိုင်ငံတွင် တီထွင်စမ်းသပ် ဖန်တီးပြီး ထုတ်လုပ်မှုကိုတော့ ထိုင်းနိုင်ငံတွင်လုပ်ပြီးနောက် အာရှနိုင်ငံများသို့ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ပါသည်။

ထုတ်ကုန်များအားလုံးအတွက် အရည်အသွေးကောင်း ကုန်ကြမ်းများကိုသာ အသုံးပြုကာ အမေရိကန် နိုင်ငံ၏ အရည်အသွေးအမြင့်မားဆုံး စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြင့် နည်းပညာများဖြင့် ဖန်တီး ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ 

Red Barn Group ၏ အဆင့်မြင့်စံချိန်မီထုတ်ကုန်များ

Aqua Calcium : ၃၅% ကယ်လ်ဆီယမ် + ဗီတာမင်စီ + ဩဂဲနစ် အက်ဆစ်များ 

Aqua MIX : (၂၁% ကယ်လ်ဆီယမ်၊ ၁၀% မဂ္ဂနီဆီယမ်၊ ၇% ပိုတက်ဆီယမ် + ဗီတာမင်စီ + ဩဂဲနစ် အက်ဆစ်များ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်