တားမြစ်ပိုးသတ်ဆေး DDT ၏သမိုင်းကြောင်းနှင့် သက်ရောက်မှုများ
စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံဖျက်ပိုးမွှားများ ရောဂါများအား ကာကွယ်ခုခံနိုင်ရန် လူတို့သည် ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများအား အသုံးပြုခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဖြစ်ပါသည်။ DDT ဆိုသည်မှာ dichloro diphenyl trichloroethane ဆိုသော organochlorine insecticide တစ်မျိုးဖြစ်ပါသည်။ DDT ကို ပထမဦးဆုံး သြစတေးလျဓာတုပညာရှင် Othmar Zeidler က ၁၈၇၄ ခုနှစ်တွင် ဖန်တီးခဲ့ပါသည်။ ၁၉၃၉ ခုနှစ်တွင် ဆွစ်ဇာလန် ဓာတုပညာရှင် Paul Hermann Muller က DDT ၏အင်းဆက်များအားနိုင်သော အာနိသင်ကိုတွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် Muller အား arthropods များအား နှိမ်နင်းနိုင်သော အာနိသင်ရှိသည့် DDT အားတွေ့ရှိမှုကြောင့် ၁၉၄၈ တွင် ဇီဝကမ္မနှင့် ဆေးဝါးကဏ္ဍအတွက် နိုဘယ်လ်ဆုကို ချီးမြှင့်ခဲ့ပါသည်။
DDT ကို ဒုတိယကမ္ဘာစစ်တွင် ခြင်ကြောင့်ဖြစ်သော ငှက်ဖျားရောဂါနှင့် တိုက်ဖိုက်ရောဂါများနှင့် စစ်သားများနှင့် လူများတွင်ဖြစ်သော သန်းများအား နှိမ်နင်းရန်သုံးခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း DDT အား spray အနေနှင့် တိုက်ရိုက်လူများသို့ဖြန်းကာ တိုက်ဖိုက်နှင့် ငှက်ဖျားရောဂါကိုကာကွယ်ရန် သုံးခဲ့ပါသည်။ တားမြစ်မခံရမီအချိန်ထိ DDTသည် ငှက်ဖျားနှင့် တိုက်ဖိုက်ကြောင့်သေဆုံးမည့် လူ့အသက်ပေါင်း သန်း ၅၀၀ ခန့်ကိုကယ်တင်ခဲ့ပါသည်။


DDT ၏ လျှင်မြန်စွာသုတ်သင်နိုင်သော အစွမ်းကြောင့် တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းတွင် ဝါသီးလုံးဖောက်ပိုး၊ ပြောင်းနှံဖျက်ပိုး၊ အာလူးကျိုင်းများကို နှိမ်နင်းရန်အသုံးပြုလာကြရင်း တစ်ဆထက်တစ်ဆ တွင်ကျယ်လာခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် ရေချယ်ကာဆင်ရေးခဲ့သော "Silent Spring " စာအုပ်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးများကြောင့် ကျေးငှက်သာရကာများ သေကြေပျက်စီးလာပုံကိုဖော်ပြသောအခါ လူတို့သည် DDT ၏ ဘေးထွက်ဆိုးကျိုးများကို စတင်သတိပြုမိလာပါသည်။ ထို့ကြောင့် ၁၉၇၂ တွင် အမေရိကန်ရှိ ပတ်ဝန်းကျင်ဆိုင်ရာကာကွယ်ရေးအဖွဲ့က DDT ၏ ဘေးထွက်ဆိုးကျိုးများသည် တောရိုင်းတိရစ္ဆာန်များအား ထိခိုက်မှုရှိခြင်း၊ ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ် ထိခိုက်စေခြင်းတို့ကြောင့် တားမြစ်သည်ဟု ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ယခုအချိန်ထိ တရုတ်၊ အိန္ဒိယနှင့် မြောက်ကိုးရီးယားတို့တွင် DDT ကို ထုတ်လုပ်လျက်ရှိပါသည်။ DDT ကို ဂျပန်၊ အမေရိကန်၊ ကနေဒါ ၊ ဆွစ်ဇာလန်၊ ဟောင်ကောင်စသောနိုင်ငံများတွင် တားမြစ်ပိတ်ပင်ထားကာ အစ္စရေး၊ ကင်ညာ ၊ ထိုင်း ၊အီကွေဒေါ စသောနိုင်ငံများတွင် သုံးစွဲမှုကို ပြင်းထန်စွာကန့်သတ်ထားပါသည်။ သို့သော် DDT ကို ပြည်သူ့ကျန်းမာရေးအတွက် လိုအပ်သော အခြေအနေများတွင် မဖြစ်မနေသုံးရန်လိုအပ်ပါက သုံးနိုင်ကြောင်း ဥပဒေဖော်ပြထားပါသည်။
DDT ၏ ဆိုးကျိုးများသည် ငှက်များတွင် ဥခွံပါးခြင်း ၊ သန္ဓေသားလောင်းများသေခြင်းကိုဖြစ်စေပါသည်။ DDT ကို ဓာတ်ခွဲခန်းတွင် တိရစ္ဆာန်ငယ်များနှင့်စမ်းသပ်ရာ အသဲနှင့် မျိုးပွားမှုဆိုင်ရာ ပြဿနာများရှိကြောင်းတွေ့ရပါသည်။ လူများတွင် ရေတိုကာလအတွင်းသက်ရောက်မှုမရှိသော်လည်း ရေရှည်တွင် ရင်သားကင်ဆာနှင့် အခြားကင်ဆာများဖြစ်စေခြင်း၊ အမျိုးသားများ မြုံခြင်း၊ ကလေးပေါင်ချိန်မပြည့်ခြင်း၊ အသဲနှင့် အာရုံကြောကိုထိခိုက်စေခြင်း စသောဆိုးကျိုးများအား တွေ့ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် DDT အား တားမြစ်ထားသော နိုင်ငံပေါင်း ၃၄ နိုင်ငံရှိကာ ကန့်သတ်ထားသောနိုင်ငံလည်း ၃၄ နိုင်ငံရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း DDT ကို ငှက်ဖျားရောဂါအတွက် ရောဂါပိုးသယ်ဆောင်သော ခြင်များကို နှိမ်နင်းရန်အတွက် ၂၅ %EC/ ၁၆၉ လီတာ နှင့် ၇၅ % WP/ ၅၂၃ ကီလိုဂရမ် အထိသာသုံးရန် ထုတ်ပြန်ထားပါသည်။
အချုပ်အားဖြင့်ဆိုသော် DDT သည် ရောဂါဆိုးများ၏အန္တရာယ်မှ လူသားများကိုကယ်တင်ခဲ့သော်လည်း ၎င်း၏ အာနိသင်သည် အကျိုးပြုအင်းဆက်များ၊ ငှက်များနှင့် ငါးများအား သေကြေပျက်စီးစေခြင်း၊ အသဲနှင့်ပတ်သက်သော ရောဂါများဖြစ်စေခြင်းတို့အပြင် ရေရှည်ကာလတွင် ထိတွေ့မိသော လူသားတို့၏ ကျန်းမာရေးပြဿနာများပါ ဖြစ်ပေါ်စေသဖြင့် မဖြစ်မနေအသုံးပြုရန်လိုအပ်ပါက ထုတ်ပြန်ထားသော ပမာဏအတိုင်းသာ အသုံးပြုရန်လိုပါကြောင်း တင်ပြအပ်ပါသည်။
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 4 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
ဘာဆေးသုံးရင်ကောင်းမလည်း
အောင်သန်းဦး • ဖြေကြားချက် 1 ခု
အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....