ဘက်တီးရီးယားတွေ ဘယ်လိုမျိုးပွားကြသလဲ
အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေရှိတာပဲ။ အဲ့လိုပဲ အပင်တွေကိုကူညီတဲ့ ဘက်တီးရီးယားတွေလည်း ရှိပါတယ်။ အဲ့လို ဘက်တီးရီးယားလေးတွေက အရမ်းကိုသေးငယ်တဲ့ မျိုးစိတ်တွေဖြစ်ပြီး အနကြည့်မှန်ပြောင်းနဲ့ ကြည့်မှပဲမြင်ရတာကြောင့်မို့ အနုဇီဝသက်ရှိတွေလို့ ခေါ်တာဖြစ်ပါတယ်။ အဲ့လို ဘက်တီးရီးယားတွေ ဘယ်လိုမျိုးပွားကြသလဲဆိုတာကို လေ့လာကြည့်တာပေါ့။
သူတို့မှာ အထီးမရှိ အမမရှိတွေပါ။ အဲ့လိုဆိုတော့ သူတို့မျိုးပွားတာက ကွဲထွက်ပြီးတော့မျိုးပွားပါတယ်။ ဆဲလ်တစ်လုံးကနေ (၂)လုံးပြောင်းတာလိုမျိုးတွေ ပြုလုပ်ပြီးတော့ ပွားကြပါတယ်။
ဘက်တီးရီးယားတွေက ပုံမှန်အားဖြင့်ဆိုရင်တော့ တုတ်ချောင်းပုံစံတွေ ရှိတတ်ကြပါတယ်။ ပြီးတော့ သူတို့ဆီမှာ ဆဲလ်နံရံ လို့ခေါ်တဲ့ cell wall, ဆဲလ်အရေပြား (cellular membrane)၊ ဆိုက်တိုပလန် (cytoplasm)၊ ခြေထောက်လိုမျိုး အသုံးပြုတဲ့ အမျှင် ဖလယ်ဂျလာ (flagella) နယူကလိရပ်စ်ရှိတဲ့ အပိုင်း (a nucleoid region)၊ ပလပ်စမစ် (plasmids)နဲ့ ရိုက်ဘိုဇုန်း (ribosomes) တွေပါဝင်ပါတယ်။
သူတို့မျိုးပွားတဲ့ကွဲထွက်မှု နည်းလမ်းတွေမှာဆိုရင် အဲ့လို အရာတွေကို ကွဲပြီးတော့ ပွားနိုင်တဲ့အပြင်ကို လျင်လျင်မြန်မြန်လည်း မျိုးပွားနိုင်ပါတယ်။
မျိုးပွားပုံ
DNA တွေစပြီးတော့ ပုံစံစုံလိုက် စုံလိုက်တွေ ပွားထွက်လာပါတယ်။ နောက်တစ်ဖက်ဆီကို ကပ်သွားတယ်။
နောက် ဆဲလ်အရည်ပြားလေးက ပိုပိုကြီးလာပြီးတော့ ရှည်ထွက်လာပါတယ်။ အရင်ကထက် (၂)ဆရှည်လာပြီး နဂိုမူလအရွယ်အစားအတိုင်းကို (၂)ပိုင်း စ ကွဲလာပါတယ်။
ပွားထွက်နေတဲ့ DNA (၂)ခုရဲ့ အကွာအဝေးကလည်း တစ်ဖြည်းဖြည်းနဲ့ ပိုဝေးကွာလာပြီးတော့ ဆဲလ်အရည်အပြားက အလယ်ဖက်ကနေ အတွင်းဖက်ကို စပြီးတော့ ကွေးလာပါတယ်။ အစတုန်းက ဝလုံး လိုလေး၊ နောက်တော့ ရှည်ထွက်လာပြီးတော့ ထဆင်ထူး လိုဖြစ်လာတဲ့အဆင့်ပါ။ နောက်ပိုင်းမှာတော့ လုံးဝ ကွဲထွက်သွားပြီးတော့ တစ်ကောင်စီပြန် ဖြစ်သွားပါတယ်။ အဲ့လို နည်းက ဘာတွေကောင်းကျိုးများလဲဆိုရင် အရမ်းမြန်မြန် ပွားများနိုင်ပါတယ်။ ပြီးတော့ လိင်ရှိမျိုးပွားခြင်းမဟုတ်တဲ့အတွက် ရာသီချိန်ခါကို စောင့်နေစရာမလိုပဲနဲ့ အခြေအနေ အချိန်အခါပေးတာနဲ့ မျိုးတန်းပွားနိုင်ပါတယ်။
အဲ့ဒါတွေက ကောင်းတဲ့အချက်တွေ ဖြစ်ပါတယ်။ ခုဆိုရင် ဘက်တီးရီးယားနဲ့ ဇီဝနည်းနဲ့ ကာကွယ်နှိမ်နင်းတဲ့ ဆေးတွေကလည်းထွက်နေပြီဖြစ်တာကြောင့်မို့ ဘယ်လိုမျိုးပွားသလဲဆိုတာကို သိထားရင် အကျိုးပိုများနိုင်ပါတယ်။ ပြီးတော့ ဘက်တီးရီးယားရောဂါတွေ ကျရောက်တယ်ဆိုရင်လည်း ကာကွယ်နှိမ်နင်းဖို့ အချိန်အခါကို မှန်းဆနိုင်ပါလိမ့်မယ်။
တောင်သူများ အကျိုးစီးပွား တိုးတက်ကြပါစေ။
ထွန်းဝင်းကျော်
https://www.thoughtco.com/bacterial-reproduction-373273
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးခင်းထဲကြွက်တွေ မလာအောင် ပိုးသတ်ဆေးဖျန်းကြတယ် အဲ့ပိုးသတ်ဆေးAi သုံးဖူးတဲ့ဆရာကြီးများ ပြောပြပါအူး
စိုင်းထီးခမ်း • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 1 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026