အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (အပိုင်း-၁)

15/12/2021 11:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

    စိုက်ပျိုးမွေးမြူရေးပညာနှင့် ပက်သက်၍ ထုတ်ဝေထားသော စာအုပ်စာတမ်းများမှာ အခြားဘာသာရပ်ဆိုင်ရာစာအုပ်များနှင့် နှိုင်းယှဉ်ပါလျှင် အလွန်နည်းပါနေပါသည်။ ကျွန်တော်သည် အမိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ၁၉၇၄ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ စိုက်ပျိုးရေးပညာကို ၅ နှစ်တာသင်ကြားခဲ့ပြီး ၁၉၇၉ ခုနှစ် စက်တင်ဘာလမှစတင်ကာ စိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံဌာနတွင် နေ့စားသရုပ်ပြဆရာမှစတင်၍ သရုပ်ပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခချုပ် စသည်ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ အနှစ် ၄၀ နီးပါး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် ကျင်လည်ခဲ့ရပါသည်။

    သို့ဖြစ်ပါ၍ စိုက်ပျိုးရေးကဏ္ဍအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးပညာမှစတင်၍ အဆင့်မြင့်ပညာစသည်များကို သင်ကြားရေး၊ သုတေသနမှသည် တောင်သူပညာပေးလုပ်ငန်းများအထိ စိုက်ပျိုးမွေးမြူရေးပညာအထက်တန်းကျောင်းများ၊ သိပ္ပံကောလိပ်များမှ တက္ကသိုလ်များအထိ အထောက်အကူပြုစေရန် ရည်ရွယ်၍ ရေးသားပြုစုပါ သည်။

အခန်း (၁)

အဓိပ္ပါယ်(၁) Agriculture is the Science and Art of producing crops and livestock for economic purposes. စိုက်ပျိုးမွေးမြူရေးဆိုသည်မှာ စိုက်ပျိုးသီးနှံနှင့် မွေးမြူတိရိစ္ဆာန်များကို စီးပွားရေးအရ ထုတ်လုပ်ခြင်းဆိုင်ရာ သိပ္ပံနှင့် ဝိဇ္ဇာနည်းပညာဖြစ်ပါသည်။ တစ်နည်းအားဖြင့်-

အဓိပ္ပါယ်(၂) Agriculture is "the Science and Art of cultivating the soil, production, feeding and management of crops and livestock, preparation and processing of their products and by-products for the use of man". စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှာ သဘာဝအရင်းအမြစ် (Natural Resources) ကိုအသုံးပြု၍ အစားအစာ (Food)၊ တိရိစ္ဆာန်အစာ (Fodder)၊ သဘာဝလျှော်မျှင်ကရသော အဝတ်အထည် (Natural Fibre)၊ နေထိုင်ရေးအတွက် ရရှိသော သစ်တောထွက်ပစ္စည်းများ (Forest products-eg: (log ) သစ်သားလုံး၊ (Timber) သစ်သား၊ (Lumber) ပရိဘောဂ၊  စွမ်းအင် (Energy)၊ ဆေးဝါး (Medicine) စသည်တို့ကို ထုတ်လုပ်ခြင်းဖြစ်ပါသည်။ (Afullo and Danga, 2014)

    စိုက်ပျိုးမွေးမြူရန်မြေ (Land)နှင့် အပေါ်ယံမြေဆီလွှာ (Soil) သို့မဟုတ် မြေကြီးများသည် အရေးကြီးသော အဓိကသယံဇာတဖြစ်ပါသည်။

(က) စိုက်ပျိုးမွေးမြူရေးကို ဝိဇ္ဇာဘာသာရပ် (Art) အနေနှင့် ကြည့်မည်ဆိုလျှင် တောင်သူဦးကြီးများ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် ကျွမ်းကျင်မှု (Skillful Manner) လိုအပ်ပါသည်။

- လက်ရုံးစွမ်းရည် (Physical Skill) တွင် လုပ်ငန်းကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်မှု အတွေ့အကြုံလိုပါသည်။ 

- နှလုံးစွမ်းရည် (Mental Skill) တွင် (Right Decision) ချနိုင်မှု ဥပမာ- ဘယ်အချိန် ထယ်ထိုး၊ မျိုးစေ့ချ၊ ရိတ်သိမ်း၊ ချွေလှေ့ စသည်ဖြင့် မှန်ကန်သောဆုံးဖြတ်ချက် လိုအပ်ပါသည်။ 

(ခ) သိပ္ပံဘာသာရပ် (Science) အနေဖြင့် ကြည့်မည်ဆိုလျှင် မြေကြီးပေါ်၌ မျိုးစေ့ချ၍ အပင်ပေါက် ရိတ်သိမ်းနိုင်သည်ဟု လွယ်လွယ်တွေး၍မရပါ။ ဥပမာ- အထွက်ကောင်းသည့် မျိုးကောင်းမျိုးသန့် (High Yielding Varieties HYV) ဗီဇများ ရှာဖွေဖော်ထုတ်နိုင်ရပါမည်။ အပင်အတွက်လိုအပ်သော မြေဆီဩဇာ သဘာဝနည်းဖြင့်လည်းကောင်း (Natural Fertilizer)၊ ဓါတုဗေဒ နည်းဖြင့်လည်းကောင်း (Chemical Fertilizer) လိုမလို မြေဆီလွှာ ထည့်သွင်းရမည့်နည်းစနစ် စသည်ဖြင့် နည်းပညာအသစ်၊ အသုံးချသိပ္ပံအနေဖြင့် သိပ္ပံနည်းကျ စနစ်တကျပြုလုပ်ရန် များစွာလိုအပ်ပါသည်။

(ဂ) စီပွားရေးပညာအနေဖြင့် ကျေးလက်လူမှုဘဝ မြှင့်တင်ပေးရန် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များမှ အမြတ်ရရှိစေရန် စဉ်းစားတွေးခေါ် အစီအစဉ်ချ ဆောင်ရွက်တတ်ဖို့ လိုအပ်ပါသည်။ စိုက်ပျိုးမွေးမြူရေးပညာ ဖွံဖြိုးဆဲနိုင်ငံတိုင်းအတွက် ယနေ့ခေတ်အထိ အရေးပါလျက် ရှိနေပါသေးသည်။ အာဖရိကတိုက်တွင် စုစုပေါင်း လူဦးရေ ၈၀% သည် စိုက်ပျိုးရေးကို မှီခိုနေရပါသေးသည်။

ဇယား(၁) မြန်မာနိုင်ငံနှင့် နိုင်ငံအချို့ စိုက်ပျိုးရေးဆိုင်ရာ နှိုင်းယှဉ်ဇယား (၂၀၁၇)**

*List of Agricultural Universities and Colleges, Wikipedia

** Ref., FAO (2019) World Food and Agriculture: Statistics Pocket Book, FAO, Rome

    ဤစာရင်းဇယားများအရ ကျွန်တော်တို့မြန်မာနိုင်ငံသည် ကျေးလက်ဒေသလူဦးရေနှင့် စိုက်ပျိုးရေးတွင် အလုပ်လုပ်နေသောသူ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများထက်ပင် များပြား လျက်ရှိနေပါသေးသည်။ ဖွံဖြိုးပြီးနိုင်ငံများတွင်မူ စိုက်ပျိုးရေးကဏ္ဍတွက် အလုပ်လုပ်သူ ၁% မှ ၄% ရာခိုင်နှုန်းလောက်သာ ရှိတော့ပါသည်။

    စိုက်ပျိုးရေးမှရရှိသော စုစုပေါင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးမှာလည်း အခြားနိုင်ငံများထက် များပြားလျက်ရှိနေပါသေးသည်။ စိုက်ပျိုးမြေမှာမူ အခြားနိုင်ငံများ၌ ၃၀ မှ ၄၀%  သုံးနေချိန်တွင် (အိန္ဒိယ၌ ၆၀ % အထိ စိုက်ပျိုးမြေဖြစ်ပါသည်။) မြန်မာနိုင်ငံ၌ ၂၀ % ခန့်သာ သုံးစွဲနေရပါသေးသည်။ တစ်နည်းအားဖြင့် စိုက်ပျိုးထုတ်လုပ်ရန် မြေလွတ်မြေရိုင်းများစွာ ကျန်နေပါသေးသည်။ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ သင်ကြားပေးသော တက္ကသိုလ်များမှာမူ အနည်းဆုံးဖြစ်နေသည်ကို စာဖတ်သူ၊ စာရှုသူပရိတ်သတ်များ သတိထားကြည့်ရှုနိုင်ပါသည်။

ဆက်လက်ရေးသားပါဦးမည်။

ဒေါက်တာမျိုးကြွယ်(AUAA)



မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်