အရိုးများမှ သဘာဝမြေဩဇာ

09/01/2018 10:48 AM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား

အက်ဆစ်ဖြင့်စားခြင်း

ကျွဲ၊ နွားများ၊ ကြက်၊ ဝက်များ၏ အရိုးများသာမက ငါးအရိုးများ၊ ပုဇွန်၊ ဂဏာန်းခွံများမှလည်း သဘာဝမြေဩ ဇာအဖြစ် အသုံးပြုနိုင်ပါသည်။ ငါးသလောက်များ၏ အရိုးများမှာ မာလွန်းသောကြောင့် လူတို့စားသုံး၍ မရနိုင် ပါ။ သို့သော် ရှာလကာရှည်၊ သံပရာရှည်၊ ရှောက်ရည်တို့ကဲ့သို့သော အော်ဂဲနစ်အက်ဆစ်အပျော့စား၊ အရည်များ ဖြင့်နယ်ပြီး၊ ဖိအားပေး၊ အပူပေးပြီး ပေါင်းလိုက်သောအခါ အရိုးများနူးပြီး လွယ်ကူစွာစားသုံး၍ ရသည်ကို အများ သိကြပါသည်။ ရေတွင် မပျော်၊ မနူးသောအရိုးများကို လူတို့စားသုံး၍ မရသကဲ့သို့ အပင်များလည်း စားသုံး၍ မရ နိုင်ပါ။ ဘက်ထရီအိုးများအတွင်း ထည့်ထားသော ကန့်ငရဲမီး Sulphuric acid ကိုအသုံးပြုခြင်းဖြင့် ငါးသ လောက်အရိုးထက်မာသော အရိုးများကိုပင် နူးသွား၊ ကျေသွားစေနိုင်ပါသည်။

စဉ်းအိုး၊ ဖန်ပုလင်းကြီး သို့မဟုတ် ပလပ်စတစ်ပုံများအတွင်း အရိုးတစ်မျိုးကို အက်ဆစ်နှင့်စားပြီး ဆွေးစေနိုင်ပါ သည်။ ပိဿာအစိတ်ဝင်စဉ်းအိုးအတွင်း အရိုးတစ်မျိုးကို အိုးတစ်ဝက်မှ (၃/၄) ပုံအထိ ထည့်ထားပြီး ရေကို ထို အရိုးများ မြုပ်ရုံထည့်လိုက်ပါ။ အက်ဆစ်အပြင်းကို ထိုအရိုးများပေါ်သို့ တိုက်ရိုက်ထည့်ပါက လောင်ကျွမ်းပြီး အရောင်မဲ သွားမည်စိုး၍ ထိုသို့ရေခံထားရခြင်းဖြစ်သည်။

ထိုသို့ရေထားခြင်းကြောင့်လည်း မွှေပေးရန် ပို၍လွယ်ကူစေပါသည်။ ရေခံထည့်ပြီးသောအခါ ကန့်ငရဲမီးအပြင်းကို တစ်ကြိမ်လျှင် အနည်းငယ်ဖြင့် အပြည့်ဖြည့်ထည့်ပေးရသည်။ အက်ဆစ်နှင့်ရေ ဓာတ်ပြုမှုရပ်သွားစေရန် ခေတ္တ ခြားပြီး ထည့်ရခြင်းဖြစ်သည်။ အသုံးပြုရသော အက်ဆစ်ပမာဏမှာ အသုံးပြုသောအရိုး၏ အမာအပျော့ အနေ အထားနှင့် ထိုအရိုးများ၏ ပမာဏအပေါ်မူတည်၍ ကွာခြားပါလိမ့်မည်။ ပုဇွန်ခွံကဲ့သို့သော ပျော့သောပစ္စည်းများ တွင် အက်ဆစ်အနည်းငယ်သာ ကုန်မည်ဖြစ်သော်လည်း မာသောအရိုးများတွင်ကား ပို၍အသုံးပြုရမည်ဖြစ်သည်။

အရိုးမီးသွေး

အမဲရိုး၊ ကြက်ရိုးမှ ခရုခွံ၊ ယောက်သွားခွံတို့ကို မီးသွေးဖုတ်ပြီး မြေဩဇာအဖြစ် အသုံးပြုကြသည်။ ကျေးလက် ဖွံ့ဖြိုးရေးအတွက် လူသားဖွံ့ဖြိုးရေးပညာရှင်များ တီထွင်ထားသော နည်းကောင်းတစ်ခုဖြစ်ပေသည်။

မီးသွေးဖုတ်ရန် အသုံးပြုမည့် အရိုးပမာဏနှင့်ဆ၍ တွင်းအရွယ်ကို သင့်အောင်တူးကြရသည်။ ယေဘူယျအားဖြင့် အလျား၊ အနံ (၂) ပေ၊ (၂’ x ၂’) နှင့် အနက် (၃’ x ၄’) ခန့် တွင်းကိုတူးပါ။ အရိုးဖုတ်စဉ် အရိုးမှ စိမ့်ထွက်လာ သောအဆီများ၊ အရိုးနှင့်ပူးကပ်မနေဘဲ အောက်ဖက်သို့ စိမ့်ဆင်းသွားစေရန် တွင်း၏အခြေတွင် အသုံးမပြုတော့ သော သံတိုသံစများ၊ စပရင်များကို အနည်းငယ် (၆) လက်မ ထူအထိ ခင်းထားရမည်။ ထို့နောက် အသုံးပြုရမည့် အရိုးများကို သိပ်သည်းစွာ စီထည့်ပါ။ တွင်း၏ နှုတ်ခမ်းဝနှင့် (၄”) မှ (၆”) အထိ အရိုးများထည့်ပြီးသောအခါ သံပြား သို့မဟုတ် သွပ်ပြားတစ်ချပ်ကို ခင်းလိုက်ပါ။ ထိုသံပြား သို့မဟုတ် သွပ်ပြားအပေါ်တွင် မီးဖိုတစ်ခုဖိုပါ။ ထိုမီးဖိုမှာ မြေမျက်နှာပြင်၏ အတွင်းဖက် (၄” မှ ၆”) မြေအတွင်းရှိနေသဖြင့် ဘေးမှလေတိုက်ခတ်ပြီး ဝန်းကျင် သို့ မီးပြန့်သွားရန် အကြောင်းမရှိပါ။ အရိုးများမှ အရိုးမီးသွေးဖြစ်ပေါ်ရန်မှာ မီးဖို၏ ပြင်းအား၊ အရိုးများ၏ အမာအကြောအနေအထားနှင့် မီးဖိုသည့်အချိန်အတိုင်းအတာ ကွာခြားမှုအပေါ် မူတည်ပါလိမ့်မည်။ လတ်ဆတ် သော အရိုးများသည် ထုထောင်းရန်မလွယ်ပါ။ နေလှန်းလျှင်လည်း အချိန်ကြာမြင့်စွာလိုပြီး မာမြဲမာနေဦးမည် ဖြစ်သည်။ မီးသွေးဖုတ်လိုက်သောအခါ အရိုးများမှာ ထင်းမီးသွေးများကဲ့သို့ အရောင်မဲသွားသော်လည်း ထု ထောင်း၍ အမှုန့်ပြုလုပ်ရန် အလွန်လွယ်ကူသွားပါသည်။ မြေဆီလွှာစိုက်ခင်းများဆီသို့ သဘာဝမြေဩဇာတစ်မျိုး အဖြစ် လွယ်ကူစွားအသုံးပြုနိုင်ပါသည်။

အရိုးတွင် ယေဘုယျအားဖြင့် ကယ်လ်စီယမ် ခေါ်ထုံးဓာတ် (၁၁) ဆ နှင့် ဖော့စပရပ်(စ) ခေါ် မီးစုန်းဓာတ်(၁) ဆ ပါဝင်လေ့ရှိသည်။ ထိုသို့ အရိုးမြေဩဇာများကို အသုံးပြုခြင်းဖြင့် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းနှင့် အရည် အသွေးကို ကောင်းမွန်စေသည်။ အမြစ်နှင့်အပင်၏ မျိုးပွားအင်္ဂါများဖြစ်သော အပွင့်၊ အသီး၊ အစေ့များ ဖွံ့ဖြိုးခြင်း ကို အထူးကောင်းမွန်စေသည်။ ထို့ကြောင့် အပင်များအတွက် လိုအပ်သော ဖော့စဖိတ်အာဟာရ ရရှိစေရန် ဤကဲ့ သို့သော အရိုးမြေဩဇာများကို အလေးထား အသုံးပြုသင့်ပေသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်