စပါးမှို့ကပ်ချိန်တွက်နည်းနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာအမေးအဖြေများ

15/07/2023 15:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (Sai Htet) - Lamba cyhalothrin 2.5%EC ဆေးအဆိပ်ပါဝင်မူက ပန်းပွင့်ချိန်မှာ အသုံးပြုလို့ရလားဗျ။ ဘယ်လောက်နှုန်းထားတွေထည့်ရမလဲဆရာတို့ ဖြေပေးပါဦး။

ဖြေ (  ဒို့ဦးလေး) - EC formula ပိုးသတ်ဆေးတွေကို ရေနံထွက်ဓာတုပစ္စည်းတစ်မျိုးနဲ့ ရောနှော ထုတ်လုပ်ရတယ်လို့ဆိုပါတယ်။ Inert လို့ခေါ်ပါတယ်။ ထုတ်လုပ်တဲ့နိုင်ငံရဲ့ ပစ္စည်းအရည်အသွေးကို မူတည်ပြီး Inert ကောင်းခြင်း/ညံ့ခြင်း ကွာခြားတာမို့..ပန်းပွင့်ပွင့်ချိန်မှာ..အဆိုပါ အီးစီ(ဆေးပူ/ဆေးပြင်း)ကြောင့် အပွင့်ထိခိုက်မှု နည်းခြင်း၊ များခြင်းကွာခြားနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်.. အီးစီဆေးတွေကို ပန်းဝတ်မှုံ ကူးချိန်မှာ မဖျန်းကြဖို့၊ မဖြစ်မနေဖျန်းမယ်ဆိုရင်ညနေချိန်ဖျန်းကြဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ဆေးနှုန်းထားက ရေတဂါလံ=ဆေး၁၀စီစီ။

(ဦးမောင်မောင်ထွေး) - ပန်းပွင့်ချိန်တွင် ဘာဆေးမှမဖျန်းသင့်ပါ ။ ဆေးများကအနဲနဲ့ အများဝတ်ဆံနဲ့ ဝတ်မှုံခံတိုင်တို့ကို ထိခိုက်ပျက်စီးစေနိုင်တယ် ဆေးများကိုကာကွယ်ရန်ကြိုတင်ဖျန်းထားပါ။

၂။ မေး (Paing)-  စပါးအတွက် သဘာဝအပင်အားဆေးလုပ်နည်းလေးကိုပြောပြပေးပါ။

ဖြေ (ဒို့ဦးလေး) - စပါး၊ ပြောင်းစတဲ့ နှံစားသီးနှံတွေက နိုက်ထရိုဂျင်များစွာ လိုအပ်ပါတယ်။ ဒါကြောင့် သဘာဝမြေသြဇာများများ ကောင်းကောင်းကို ကြိုက်ပါတယ်။ အမြစ်မွှေးများမှတဆင့် မြေကြီးထဲက အာဟာရ စုပ်ယူမှု ဖြစ်စဥ်က အရွက်ကတစ်ဆင့် ပက်ဖျန်းကျွေးတဲ့ အာဟာရထက် ပိုထိရောက်ပါတယ်။ စပါးပင်အတွက် သဘာဝအပင်အားဆေးအနေနဲ့ ငါးအမိုင်နို /ခရုအမိုင်နို ပြုလုပ်သုံးစွဲနိုင်ပါတယ်။ ပြုလုပ်နည်းကို အစိမ်းရောင်လမ်း ဆော့ဖ်ဝဲမှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ..

၃။ မေး ( မောင်အောင်ကိုဝင်း) - မုန်လာဥဖြူ ခေါင်ပိုးကြနေလို့ ဘယ်ဆေးအသုံးပြုရမလဲဆရာတို့။

ဖြေ (ဖုန်းမဏ်တိုး) - ပိုးတွေ့လားရှာကြည့်ပေးပါခင်ဗျ ကျွန်တော်အထင်တော့ ရောဂါကြောင့် လိုတော့ထင်ပါတယ် ကော့ပါး နဲ့ ကာဆူဂါမိုက်ဆင် အေအိုင်တွေကို ဆိုင်မှာရှာဝယ်ပြီးဖျန်းပေးပါခင်ဗျ

(ဦးမောင်မောင်ထွေး) - မုံလာပင်ကဥရခါနီးနေပြီ ဆေးအာနိသင်သက်တန်းတိုတဲ့ ဥပမာမာလာသီယွန်ကဲ့သို့ရေပျော်ဆေးဖျန်းပါ။

၄။ မေး (kut) - တစ်လသားစပါးရေကြီးပြီးရွက်ဖျားဝါတာဘယ်လိုကြောင့်လဲဗျ။

 (ဒို့ဦးလေး) - ရေမလှောင်ပါနဲ့ဦး။ ရေစပ်စပ်ထားပြီး သဘာဝမြေသြဇာ+ဂျစ်ဆန်+ဓါတ်မြေသြဇာ ကျွေးပါ။ အဟာရချို့နေတာပါ။

(toetoe) - ရေနာမိပြီးမြစ်မပုတ်တာပါဘာမှမဖြစ်ပါဘူးရေပြောင်လွှတ်ပီးမြေဆီပုလဲပက်ပေးပါ။

အဲလိုအရေပျော့ဖြစ်သွားရင် မဖျက်စီးနိုင်တော့ဘူးပေါ့။ ပညာရှင်မဟုတ်ပါ။

၅။ မေး (ဦးသက်နိုင်ဦး) - စပါးမှို့ကပ်ချိန်ဘယ်လိုတွက်ရလဲဗျ။ 

(မြင့်ချို) - စပါးမှို့ကပ်ချိန်သိချင်ရင် ဦးသက်နိုင်ဦးအနေနဲ့ ကိုယ်စိုက်တဲ့စပါးမျိုးရဲ့ အပင်သက်တန်းတော့ သိဖို့လိုအပ်ပါတယ်။ ဥပမာ အပင်သက်တန်း 125 ရက်ရှိတဲ့ မှော်ဘီဆန်းစပါးမျိုးဆိုကြပါစို့ အနှံကြီးထွားချိန် 35 ရက်နဲ့ သီးပွင့်ရင့်မှည့်ချိန် ရက် 30 ကိုပေါင်း 65 ရက် အပင်သက်တန်း 125 ရက်က 65 ရက်နှတ်လိုက်ရင် စိုက်ပြီးရက် 60 ပြည့်တဲ့အချိန်ဟာ မှို့ကပ်ချိန်ပါပဲ။

(ဆုမြတ်နိုး) - ကြဲခင်းလား ပျိုးခင်းလားလည်း သိဖို့လိုပါသေးတယ်ရှင့် ကြဲခင်း = (စပါးမျိုးရက် - ၆၅) ပျိုးခင်း = (စပါးမျိုးရက် -(၆၅+ ပျိုးရက်) )

မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်