Plastic bottle (ရေဘူး) အသုံးပြု ရေအစက်ချစနစ် ပြုလုပ်ခြင်း အပိုင်း (၁)

14/12/2017 15:28 PM တွင် ayethandasoe ayethandasoe မှ ရေးသား

               ရေမကြာမကြာလောင်းရန် အချို့အပင်များ လိုအပ်ပေမဲ့ အပင်တိုင်းတော့ မလိုအပ်ပါ။ ရေလိုအပ် ချက်များသော အပင် များကို ကိုယ်တိုင် မကြာခဏတွေ့ရပေမဲ့ ရေမကြာခဏမလောင်းချင်ရင် (Drip irriagation) အစက်ချရေပေးတဲ့စနစ် ကိုတပ်ဆင်အသုံးပြုနိုင်ပါသည်။

               PreMade (အသင့်သုံး အစက်ချရေပိုက်များ) ကို စတိုးဆိုင်များမှ အလွယ်တကူဝယ်ယူနိုင်ပေမဲ့ ဈေးကြီးပါသည်။ ( Plastic bottle) ရေဘူးများကို အသုံးပြု၍ အလွယ်တကူ ကိုယ်တိုင်ပြုလုပ်ခြင်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ရေ အစက်ချစနစ်ကို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ထို့ပြင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချအားဖြင့် ပတ်ဝန်း ကျင်ကို အကောင်းဆုံးကူညီမှုလည်း ဖြစ်စေပါမည်။

 

( Plastic bottle ) ရေဘူးများကို အသုံးပြု၍ အစက်ချရေပေးနည်း(၃)နည်းရှိပါသည် -

ပထမနည်း

- ရေကို နှေးကွေးစွာ အစက်ချရေပေးစနစ်ပြုလုပ်ခြင်း(Making a slow release irrigation )

 

အဆင့် ၁ - ရေဘူးတစ်လုံးကိုယူပါ။ (၂) လီတာဝင်ရေဘူးဆိုရင် ပိုကောင်းပါသည်။ ဒါပေမဲ့ အပင်ငယ်အတွက် ရေဘူးအငယ်ကို အသုံးပြုနိုင်ပါသည်။ ရေဘူးကို ရေသန့်စင်အောင်ဆေးပါ။ တံဆိပ်များကိုဖြုတ်ပါ။

 

အဆင့် ၂ - ဘူးအဖုံးကိုဖွင့်ပါ။ သံ နှင့်တူကို အသုံးပြုပြီးအဖုံးပေါ်တွင် အပေါက် ပြုလုပ်ပါ။ အပေါက် များလျှင် ရေကျ မြန်မည်ဖြစ်ပါသည်။ ပြီးလျှင်အဖုံးကိုပြန်၍ ဖုံးပါ။

drip irrigation by using plastic bottle

(မှတ်ချက်။ အလွန်သေးသောအပေါက်များနှင့် သဲပိတ်နိုင်သည့်အပေါက်ငယ်များ မဖြစ်ရန်ရှောင်ကြဉ်ပါ။)

အဆင့် ၃ - ဘူးအောက်ခြေမှ (၁လက်မ = 2.54 cm) အမြင့်ကိုဖြတ်ပါ။ တကယ်လို့ Soda (အချိုရည်) ဘူး အခြေမှာလိုင်းရှိနေလျှင် အဲဒီလိုင်းပေါ်မှာဖြတ်ပါ။

drip irrigation by using plastic bottle

အဆင့် ၄ - သုံးစွဲမည့်ဘူး၏ တစ်ဝက်ခန့်မြှုပ်သောအနက် ရောက်သည်အထိ ကျင်းတူးပါ။ အပင်၏ ပင်စည်မှ (4 - 6 လက်မ) (10.11-15.24 cm) အကွာတွင်ကျင်းတူးပါ။ နေရာပြုလုပ်ပါ။ စိုက်ပျိုးထွက်ရှိနေသာ အပင်ဘေးတွင် ကျင်း တူးမည်ဆိုပါက အမြစ်ကိုမဖြတ်မိရန်သတိပြုပါ။

drip irrigation by using plastic bottle

 

အဆင့် ၅ - ဘူးကိုအဖုံးပြန်ဖုံးပြီး အဖုံးပါသောဘက်ကို တွင်းထဲသို့မြှုပ်ပါ။ ဘူးကိုမြေကြီးထဲသို့ နစ်အောင် မြှုပ်နိုင် ပေမဲ့ မြေကြီးအပေါ်မျက်နှာပြင်မှာ အနည်းဆုံး ( ၁လက်မ = 2.54 cm) ရေဘူးဖြတ်ထားသောအပိုင်း၏ နှုတ်ခမ်းအဝကျန် ရမည်။ သို့မှသာ ရေဘူးထဲသို့ ရေထည့်တိုင်း မြေကြီးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်မည်။

drip irrigation by using plastic bottle

အဆင့် ၆ - ဘူးကို အပေါက်ဖောက်ထားသောအဖုံးဖြင့် ပြန်ဖုံးပြီး အဖုံးပါသောဘက်မှ တွင်းထဲသို့မြှုပ်ပြီး ရေဖြည့်ပါ။

 

Aye Thandar Soe

https://www.wikihow.com/Make-a-Drip-Irrigator-from-a-Plastic-Bottle

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်