ပြည်မြို့တွင်ရှိသော ရွှေပြည်မြေ စက်မှုလယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှ စိုက်ကွင်းများတွင် စိုက်ပျိုးရေးသုံး ခေတ်မှီ စက်ယန္တရားများ မောင်းနှင်ကိုင်တွယ်နိုင်မည့် ယာဉ်မောင်းများ လိုအပ်လျက်ရှိပါသည်။ လျောက်ထားမည့်သူများသည် အင်္ဂလိပ်စာ အသင့်တင့်ပြောဆိုနိုင်ရမည်ဖြစ်ပြီး သင်ယူလိုစိတ် ရှိရမည်ဖြစ်ပါသည်။ ကွင်းထဲရှိ အိပ်ဆောင် သို့မဟုတ် ပြည်မြို့ အနီးပတ်ဝန်းကျင်တွင် နေထိုင်နိုင်သူ ဖြစ်ရပါမည်။ စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အကျဉ်းနှင့်အတူ info@greenwaymyanmar.org သို့ ပေးပို့လျောက်ထားရမည်ဖြစ်ပါသည်။ လစာနှုန်းထားမှာ ကျပ် ၃ သိန်း မှ ၇ အထိ ရရှိနိုင်ပြီး မိမိအရည်အချင်းနှင့် အတွေ့အကြုံပေါ်မူတည်ပြီး ညှိနှုန်းနိုင်ပါသည်။
လုပ်ဆောင်ရမည့်လုပ်ငန်းအကြောင်း အသေးစိတ်သိလိုပါက ဒီမွာ ဖတ္ပါ။
ရွှေပြည်မြေကုမ္ပဏီသည် ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ ပြည်မြို့တွင် စက်မှုလယ်ယာစနစ်ဖြင့် စျေးကွက်သီးနှံများ စတင်စိုက်ပျိုးလာပြီး နိုင်ငံတကာစျေးကွက်ဖြင့် ချိတ်ဆက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ဦးစီးလုပ်ကိုင်နေသည့် ခေတ်မီ စက်မှုလယ်ယာတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပုံတွင် ဖော်ပြထားသည့် ဗဟိုလှည့်စနစ်ဖြင့် စက်ဝိုင်းပုံစံ ရေသွင်းစိုက်ပျိုးသည့် စနစ် (Pivots farming) တစ်ခုလည်း ဖြစ်ပါသည်။
ဓာတ္ပံု - Southern Water
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator