ဒူးရင်းသီးစိုက်ပျိုးနည်း

04/08/2022 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာအမည်- ဒူးရင်း

အင်္ဂလိပ်အမည်- Durian, Civet- Cat Fruit

ရုက္ခဗေဒအမည်- Durio zibethenus

မျိုးရင်းအမည်- Bombaceae

၁။ မူရင်းဒေသ

မလေးရှား၊ ယိုးဒယားနှင့် အင်ဒိုနီးရှားတို့၌ များစွာစိုက်ပျိုးဖြစ်ထွန်းသည်။

၂။ ဒူးရင်းမျိုးများ

ယခင်က ဒေသမျိုးများကိုသာ အသုံးပြုစိုက်ပျိုးလေ့ရှိပြီး ယခုအခါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နိုင်ငံခြားမျိုးများဖြင့် ကိုင်းဆက်မျိုးပွားထုတ်လုပ်ထားသည့် မိချောင်းခေါင်းမျိုး၊ ကန်ကလေး ၁ နှင့် ကန်ကလေး ၂ မျိုးများကို အသုံးပြုစိုက်ပျိုးကြပါသည်။

မျိုးကောင်းမျိုးသန့်ဒူးရင်းရွယ်ချယ်ရာတွင်

(၁) အသီးထွက်ကောင်းရမည်။

(၂) အိမ်မြွာကြီးပြီး အသားထူ၊ အရသာကောင်းရမည်။

(၃) စောစောသီးပွင့်ရမည်။

၃။ စိုက်ပျိုးသည့်ဒေသ

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် အများဆုံးဖြစ်ထွန်းသည်။ ပဲခူးတိုင်း၊ ရွှေကျင်နှင့် ကျောက်ကြီးဒေသတို့တွင်လည်း အနည်းငယ်စိုက်ပျိုးပါသည်။

၄။ ရေမြေရာသီဥတု

စွတ်စိုထိုင်းမှိုင်းသော မိုးရေချိန်လက်မ ၁၀၀- ၂၀၀ အတွင်း၊ အပူချိန် ၁၀- ၄၀ ဒီဂရီစင်တီဂရိတ် စိမ့်စမ်းကောင်းသည့် ရာသီဥတုကို နှစ်သက်ပါသည်။ သဲနုန်း၊ မြေပွ၊ မြေဆီမြေသားကောင်းသော လျှိုများ၏ တောင်စောင်းများ၊ မြစ်ချောင်း ကမ်းနဖူးများတွင် ကောင်းစွာ ပေါက်ရောက်သီးပွင့်ကြပါသည်။

 ၅။ မျိုးပွားခြင်း

ယခင်အပင်မှ အရည်အချင်းများကို ပြန်လည်ရရှိနိုင်သည့် လိင်မဲ့ မျိုးပွားနည်းစနစ်ဖြင့်သာ မျိုးပွားသင့်ပါသည်။ မျိုးပွားနည်း ၃မျိုးရှိပါသည်။

(၁) အစေ့မှမျိုးပွားခြင်း

(၂) အဖူးမြုပ် မျိုးပွားခြင်း

(၃) ကိုင်းကူးကိုင်းဆက်မျိုးပွားခြင်း

     ဒေသနှင့်ကိုက်ညီ၍ ရောဂါဒဏ်ခံနိုင်သော မျိုးများအနက် သီးထွက်နှင့် အရည်အသွေးကောင်းမွန်သော အပင်မှ အဖူးကိုင်းကိုရွေးချယ်၍ ကိုင်းဆက်အဖူးမြှုပ်မျိုးပွားထားသော ပျိုးပင်ကိုသာအသုံးပြုရပါမည်။ အဖူးမြှုပ်သွင်းရန် အောက်ခံပင်အနေဖြင့် ဒေသတွင်းမျိုးကိုသာ သုံးပါသည်။ အသက် ၁၅-၂၀ နှစ်ရှိအလောတော် အမြင့်ရှိအပင်များမှရောဂါပိုးမွှား၊ ရာသီဥတု ဒဏ်ခံနိုင်မှုအရှိဆုံးမျိုးပင်ကို ရွေး၍ ရင့်ပြီးကြွေကျသော အသီးများမှ အစေ့များကို ရွေးချယ်ပျိုးထောင်ရပါသည်။ အဖူးအဖြစ် ပြည်တွင်းမျိုးမှ အရသာကောင်း အမွှာကြီးပြီး အသီးများများတင်သည့် မျိုးကိုသုံးပါ။ နိုင်ငံခြားမျိုးများကိုလည်း အဖူးအဖြစ်သုံးကြပါသည်။

     ကိုင်းကူးကိုင်းဆက်ခြင်းဖြင့် မျိုးပွားရာတွင် အောက်ခံပင်ခြောက်လမှ တစ်နှစ်သားအရွယ်ထိ မျိုးပွားနိုင်ပါသည်။ အသုံးများသောနည်းမှာ သပ်သွင်းကိုင်းဆက်နည်း ( Wedge Grafting) ဖြစ်ပြီး အောင်မြင်မှုအများဆုံးဖြစ်ပါသည်။ အခြားနည်းမှာ အစေ့များကို ပလတ်စတစ်အိတ်ဖြင့် ပျိုးထောင်ပြီး ၃လသားအရွယ် အစေ့ရွက် မကွာမီအချိန်တွင် အောက်ခံပင်တွင်ချည်နှောင်ကာ ချဉ်းကပ်ကိုင်းဆက်နည်း ( Inarching) ဖြင့် မျိုးပွားနိုင်ပါသည်။ ငွေကြေးကုန်ကျသက်သာပြီး ဒူးရင်းတစ်ပင်မှ ပျိုးပင်များစွာကို ကိုင်းကူး၍ ရနိုင်ပါသည်။

၆။ စိုက်ပျိုးနည်း

   သုံးပေပတ်လည်အရွယ် ကျင်းတူး၍ အပေါ်ယံမြေလွှာနှင့် သဘာဝမြေဩဇာအတူရောထည့် စိုက်ပျိုးရန် ဖြစ်ပါသည်။ ကျင်းအကွာအဝေးကို ၁၈ x  ၂၄ ပေ မြေအနေအထားနှင့် မြေဆီထက်သန်မှုကိုကြည့်၍ စိုက်ကွက်ဖော်ပါ။ တစ်ဧကလျှင် အပင်ရေ ၁၀၀ပင် ဝင်ဆံ့နိုင်သည်။

   နှစ်နှစ် သုံးနှစ် သက်တမ်းရှိသော ကျန်းမာသန်စွမ်းသည့် ကိုင်းဆက်ပျိုးပင်ကြီးများ ရွေးချယ်၍ မိုးဦးကျ မေလနှင့် ဇွန်လများတွင် အပြီးစိုက်ပျိုးနိုင်ပါသည်။ အပင်ငယ်စဉ်တွင် နေပူရှိန်တိုက်ရိုက်ခံနိုင်စွမ်းမရှိ၍ နွေရာသီတွင် အရိပ်ပြုလုပ်ပေးလေ့ရှိကြပါသည်။ အဖူးမြုပ်မျိုးပွားထားသော အပင်များကို မြေပြန့်တွင်သာ စိုက်ပျိုးသင့်ပါသည်။ တောင်စောင်းလျှိုစောင်းများတွင် စိုက်ပျိုးပါက အရှေ့ဘက်သို့ လျှောကျသော စောင်းများတွင် စိုက်သင့်သည်။ သို့မှသာလေကာရရှိနိုင်သည်။

(စိုက်ပျိုးပညာပေးရေးဌာနခွဲမှ ထုတ်ဝေသော သစ်သီးဝလံစိုက်ပျိုးနည်းစာအုပ်မှကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

 

အခုလိုမျိုး သီးနှံတွေရဲ့ စိုက်ပျိုးနည်းများအကြောင်းစာအုပ်ကို စိတ်ဝင်စားလို့ဝယ်ယူချင်ရင်တော့  အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်