အခုချိန်ဟာ အနာဂတ်မျိုးဆက်သစ် ကလေးတွေအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပြီး အသန့်ရှင်းဆုံးအခြေအနေနဲ့ အမွေချန်ထားခဲ့နိုင်အောင် ကျနော်တို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမယ့် တာဝန်ဖြစ်နေပြီ။
ကျနော်တို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့/စိတ်ပါဝင်စားတဲ့ ကလေးတွေ လူကြီးတွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်ရယ် အသိပညာအားနည်းမှုကြောင့်ရယ် တကယ်တမ်းထိထိရောက်ရောက်အကောင်အထည်ဖေါ်နိုင်ဖို့က ခက်ခဲနေတုန်းပါပဲ။ ကျနော်တို့ကတော့ ... ကိုယ်တတ်နိုင်သလောက်ဆက်ပြီး လူးလွန့်လှုပ်ရှားပေးနေကြရပါဦးမယ်။
အိန္ဒိယနိုင်ငံက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ရိုက်ကူးထားတဲ့ ရုပ်ရှင်တခုမှာ ဒီလိုပြောတာကို မှတ်သားမိတယ် ..

"လေ နဲ့ရေဆိုတာ ဘုရားကပေးထားတယ် - ဒါက သဘာဝပဲ၊ အလကားပဲလေ။ အလကားဆိုတာသိရင် လူတွေက ပျော်ကြတယ်။ ဒါပေမဲ့ အလကားရတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတွေကို လူတွေကပဲ ညစ်နွမ်းအောင်ဖျက်ဆီးနေကြတယ်လို့ ခံစားရတယ်။ ကျနော်တို့ ရခဲ့တဲ့ ရထားတဲ့ ကမ္ဘာကြီးပေါ်က သဘာဝအလှအပတွေဟာ ဘိုးဘွားပိုင်ပစ္စည်းတွေမဟုတ်ဘူး၊ နောက်မျိုးဆက်တွေဆီက ချေးငှားထားတဲ့အရာတွေပဲ။ ဒီတော့ ကာကွယ်ပေးဖို့က ကျနော်တို့ရဲ့တာဝန် ၁၀၀% ရှိပါတယ်။ အနာဂတ်မျိုးဆက်သစ်လေးတွေလာတဲ့အခါ ကျနော်တို့ကာကွယ်ထားသလောက် သဘာဝအလှအပကြီးကို သူတို့ခံစားကြရမယ် သူတို့ ပျော်ကြရမယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ အရမ်းကို အရေးကြီးတာ။ ကျောင်းတွေ ပညာရေးတွေကလဲ အနာဂတ်ကလေးတွေအတွက် အကုန်အရေးကြီးတာပဲ"
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး
ကြော်ငြာ
ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်...
အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်...
ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့
Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်..
Aqua Calcium ဆိုတာက..
နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။
ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။
Aqua Booster ဆိုတာကတော့…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။
ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။
နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့..
သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအနှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။
ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။
ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။
ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်...
ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့...
ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်..
ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more
Aqua ဘူစတာ
Aqua ကယ်လဆီယမ်
Facebook စာမျက်နှာသို့သွားရန်