ထူးခြားရှားပါး …………….ရေနဂါးများ
ရေနဂါး(seahorse)ကို ပင်လယ်မြင်း (သို့မဟုတ်) ရေနဂါး ဟု လူသိများကြပါသည်။ ရေနဂါးမှာ ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေထဲမှာပဲ နေကြသည်။ ပါးဟက် နှင့် အသက်ရှုပြီး ဗိုက်ထဲမှာ စီဖောင်းများရှိကြပါသည်။ သို့သော် သူတို့အမြီးက ရေကိုယက်ပြီး ကူးခတ်နိုင်သည့် ဆူးတောင်မဟုတ်ပါ။ မျိုးကွဲများစွာ ရှိကြပြီး ထူးခြားချက်မှာ အကြေးခွံမပါခြင်း၊ အခြားငါးများကဲ့သို့ အလျားလိုက် ရေမကူးဘဲ ဒေါင်လိုက်ရေကူးနိင်ခြင်း တို့ ဖြစ်ပါသည်။
ခန္ဓာကိုယ်အရွယ်အစား 1.5 cm မှ 3.5 cm(၀.၆ လက်မ မှ ၁၄.၀ လက်မ) ထိရှိကြပါသည်။ မျိုးစိတ် ၄၅ ခုရှိပြီး genus (မျိုးစု) - Hippocampus တွင် ပါဝင်ပါသည်။
ရေနဂါး(seahorse)များ၏ မျက်လုံး(၂) ဖက်မှာ တစ်ဖက် တစ်နေရာစီ ခွဲပြီး ကြည့်လို့ရပါသည်။ ထို့ကြောင့် ညာဘက်မျက်လုံးနှင့် အစာရှာနေစဥ်မှာ ကျန်တဲ့ဘယ်ဖက်မျက်လုံးတစ်ဖက်နဲ့ ရန်သူကို မျက်ခြေမပြက် စောင့်ကြည့်နေနိင် ကြပါသည်။
ရေနဂါးမှာ ရေသတ္တဝါဖြစ်သော်ငြား အတော်ထူးခြားလှပါသည်။ ခေါင်းပိုင်ချည်းကွက်ပြီးကြည့်လျှင် ကုန်းနေသတ္တဝါ 'မြင်း'နှင့် အတော်တူပါသည်။ ရေနဂါးတွေကို အပူပိုင်းနှင့် သမပိုင်းဒေသ ပင်လယ်ရေတိမ်တွေမှာ တွေ့ရတတ်သည်။ အရွယ်အစားမျိုးစုံရှိကြပြီး တချို့က လက်မတစ်ဝက် (၁/၂)အရွယ်လောက်သာရှိကြပြီး အချို့မှာ ၁၄လက်မ လောက်ထိ ကြီးထွားကြသည်။
ရေနဂါးမှာ ပုံသဏ္ဍာန်အားဖြင့် လှပသည့်အပြင် ချစ်စဖွယ်အလေ့အထတစ်ခုမှာ သူတို့၏ ချစ်ခြင်းမေတ္တာတစ်ခုပင် ဖြစ်သည်။ ရေနဂါး အထီးရော၊ အမပါ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင်ကို ရွေးချယ်ပြီးပါက နောက်ထပ် ဘယ်ရေနဂါးနှင့်မှ ထပ်မတွဲကြတော့ပေ။ Lifetimeတစ်ခုအတွက် လက်တွဲဖော်တစ်ဦးသာ ရွေးချယ်နေထိုင်ကြခြင်း ဖြစ်သည်။ အမြဲတတွဲတွဲနေလေ့ရှိပြီး နေရာဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့သောအခါတွင်လည်း တစ်ကောင်နှင့်တစ်ကောင် အမြီးချင်းချိတ်၍ သွားလာတတ်ကြပါသည်။
ဒါ့ကြောင့်လည်း ရေနဂါးအရုပ်လေးများကို ချစ်ခြင်းရဲ့သင်္ကေတအဖြစ် နိုင်ငံတော်တော်များများမှာ လက်ဆောင်ပစ္စည်းအဖြစ် ပေးလေ့ရှိကြပါသည်။
ရေနဂါးတွေရဲ့ ဗိုက်မှာ အပေါက်ပါတာ အထီးဟုသိရပြီး အထီးက ကလေးမွေးရလို့ ဗိုက်မှာ အပေါက်ပါသည်ဟု သိရသည်။ ထူးခြားဆန်းပြားလှပေသည်။ ရေနဂါးတွေ မိတ်လိုက်ချိန်မှာ အမဟာ အဖိုရဲ့ ဝမ်းဗိုက်အိတ်(pouch)ထဲသို့ ဥ ဥချပါသည်။ ဝမ်းဗိုက်ပူနေသော ရေနဂါးများမှာ အဖိုများသာ ဖြစ်ပါသည်။ အကောင်ပေါက်သည်အထိ ပြုစုစောင့်ရှောက်တာ ရေနဂါးအဖိုတွေဖြစ်သည်။
ရေနဂါးအထီးမှာ (၂ – ၄) ပတ်အကြာ သန္ဓေသားကို လွယ်ထားရသည်။ (၂ – ၄) ပတ်အကြာတွင် အောင်မြင်တဲ့ ဥတွေဟာ ရင့်မှည့်လာကြပြီး အထီးမှာ ခန္ဓာကိုယ်ကို ကွေးချည်ဆန့်ချည်လုပ်ပြီး ရေနဂါးလေးတွေကို တစ်ကောင်ချင်း မွေးထုတ်ရပါသည်။ တစ်ခါမွေးလျှင် ပုံမှန်အားဖြင့် အကောင် ၁၀၀ – ၂၀၀ ဝန်းကျင်ရှိကြသည်။ အနည်းဆုံး ၅ ကောင်မှ အများဆုံးကောင်ရေ ၁၅၀၀ လောက်အထိ မွေးတတ်ကြပါသည်။
ရေနဂါးလေးများမှာ ပင်လယ်မြက်ပင်ဖြစ်ဖြစ်၊ သန္တာကျောက်ဆောင်ဖြစ်ဖြစ် တစ်ခုခုကို အမြီးနှင့် ဆုပ်ကိုင်ထားပြီး ရေစီးကြောင်းတွင် မျောပါလာသော ရေမှော်ပင်၊ ရေပိုးမွှားလေးများကို ဖမ်းစားတတ်ကြသည်။ ရေနဂါးတစ်ကောင်သည် တစ်နေ့ကို ရေငန်ပုစွန်ဆိတ်ကောင်ရေ (၃၀၀၀) ကျော်ခန့်စားနိုင်ကြသည်။ ငါးသားပေါက်နှင့် အခွံမာ ရေသတ္တဝါငယ်လေးများကို စားကြပါသည်။ သို့သော် ရေနဂါးများမှာ အစာအများကြီး စားလို့ မဖြစ်ချေ။ သူတို့တွင် အစာအိမ် မရှိသလို သွားလည်း မရှိကြပေ။ ပါးစပ်က စားလိုက်တဲ့ အစာမှာ အောက်ကနေ အချိန်တိုအတွင်း ပြန်ထွက်သွားပါသည်။
ရေနဂါးများမှာ ရှားပါးရေနေသတ္တဝါစာရင်းတွင် ပါဝင်နေသဖြင့် ဖမ်းဆီးခြင်း၊ ရောင်းဝယ်စုဆောင်းခြင်း မပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ရေသတ္တဝါလည်း ဖြစ်ပါသည်။
ပင်လယ်ပြာ ( ငါးဦးစီးဌာန)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 0 ခု
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....